တပ်ဖွဲ့အသွင်ပြောင်းရေး နအဖ၏ကမ်းလှမ်းချက် မွန်ပြည်သစ်ပါတီက ပယ်ဖျက်

Tuesday, August 04, 2009 ·

ဝီရ | နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖစစ်အစိုးရ၏ ကမ်းလှမ်းချက်ကို မွန်ပြည်သစ်ပါတီက ပယ်ချလိုက်ပြီး မွန်အမျိုးသားတို့အတွက် မြင်သာသည့်အခွင့်အရေး တစုံတရာ မတွေ့ရသမျှ ၎င်း၏တပ်ဖွဲ့အား မည်သည့်အခါမျှ အသွင်ပြောင်းလိမ့်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။

ပါတီ၏ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် တဦးက “နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းဖို့ နအဖရဲ့ တောင်းဆိုတာကို လုံးဝ လက်မခံနိုင်ဘူးလို့ ကျနော်တို့ ဗဟိုကော်မတီဝင် အစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်။ တိုင်းရင်းသားတွေရဲ့ အရေးကို အရင် မဖြေရှင်းဘဲ တဖက်သတ် ကျင်းပမယ့် နအဖတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲက အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆီကို ဦးတည်နေတာ မဟုတ်ဘဲ မြန်မာ့နိုင်ငံရေး အတွက် အဆိုးဘက် ကိုသာ ဦးတည်နေတယ်။ ဒါကြောင့် ပါတီအနေနဲ့ ဒီရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်တယ်။ တပ်ဖွဲ့အသွင်ပြောင်းဖို့ နအဖတို့ ကမ်းလှမ်းထားတဲ့ ဌာနေ ပြည်သူ့စစ် အဖွဲ့ အဖြစ်ကိုလည်း လက်မခံပါဘူး” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အဆိုပါ ဆုံးဖြတ်ချက်များအား ဇူလိုင် (၂၇) ရက်မှစ၍ ပါတီ ဗဟိုဌာနချုပ်တွင် (၆) ရက်ကြာ ကျင်းပခဲ့သည့် ပါတီ ဗဟို ကော်မတီဝင် များ၏ အရေးပေါ် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်အား လက်ရှိ တည်နေရာ အတိုင်း ဆက်လက် ထားရှိသွားမည် ဟုလည်း ထိုအလုပ်အမှုဆောင် ကော်မတီဝင်က ပြောသည်။

၎င်းက “ကျနော်တို့ အပစ်ရပ်ကြတုန်းက နဝတရော၊ အခုအုပ်ချုပ်နေတဲ့ နအဖရော တရားဝင် အစိုးရ မဟုတ်သေးဘူး။ နောက်တက် လာမယ့် တရားဝင်အစိုးရနဲ့ဘဲ ဒီကိစ္စ (တပ် အသွင်းပြောင်းရေး) အတွက် ဆွေးနွေးသွားမယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးမြောက်လို့ တရားဝင်အစိုးရ တက်လာတဲ့အချိန်အထိ ကျနော်တို့တပ်ဖွဲ့တွေကို ဒီအရှိအတိုင်းပဲ ဆက်ထားသွားဖို့ ဆုံးဖြတ်လိုက်တယ်။ အပစ်ရပ် အဖွဲ့တွေကို ဖိအားပေးပြီး တပ်ဖွဲ့ အသွင် ပြောင်းခိုင်း နေတာတွေကိုလည်း ရပ်တန့်ပေးပါ။ ကျနော်တို့ကို ရွေးကောက်ပွဲ ဝင်စေချင်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတိုက်အခံ အားလုံး၊ အင်အားစု အားလုံး ပါဝင်တဲ့ ပြန်လည်သုံးသပ်ရမယ့်အပိုင်းတွေကို အရင် လုပ်ပေးပါလို့ ကျနော်တို့ တောင်းဆို ပါတယ်” ဟု ပြောကြားသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးနှင့် ပြည်သူလူထု၏အကျိုးကို ရှေးရှုသောအားဖြင့် လက်ရှိဖြစ်တည်နေသည့် ငြိမ်းချမ်းရေးအတိုင်း ဆက်လက်တည်မြဲစေလိုသော်လည်း အပစ်အခတ်ရပ်စဲရေးသည် နအဖအပေါ်တွင်သာ မူတည်ကြောင်း မွန်ပြည်သစ်ပါတီက သတိပေးထားသည်။

တပ်ဖွဲ့အသွင်ပြောင်းရန် အခြားအပစ်ရပ်အဖွဲ့များအား နအဖက စစ်ရေးအရ ဖိအားပေးမှုများ ရှိသော်လည်း မွန်ပြည်သစ်ပါတီအား ယခုအချိန်အထိ အလားတူ ဖိအားပေးမှုမျိုး မရှိသေးကြောင်း သိရသည်။

ကျင်းပပြီးစီးသွားသည့် အရေးပေါ်အစည်းအဝေးမှ ပါတီ၏သဘောထားအား လာမည့်သြဂုတ် (၅) ရက်တွင် ကျင်းပမည့် မွန်အမျိုးသား တော်လှန်ရေးနေ့တွင် နအဖစစ်အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါအလုပ်မှုဆောင်ကော်မတီဝင်က ရှင်းပြသည်။

မွန်ပြည်သူတို့၏ သဘောထားကိုလည်း အရေးပေါ်အစည်းအဝေး မတိုင်မီကာလများတွင် သွားရောက်ကောက်ယူခဲ့ရာ မြန်မာ့ နိုင်ငံရေး ပြဿနာရပ်များအား ပွင့်လင်းညင်သာသည့်နည်းဖြင့်သာ ဖြေရှင်းသွားရန် ပြည်သူအများစုက လိုလားကြသည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ တောင်းဆိုချက်များကို လက်မခံသဖြင့် ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ၏ အမျိုးသားညီလာခံသို့တက်ရောက်မှုအား ဖျက်သိမ်းခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */