စည်ပင်ပိတ်ထားသည့် နယ်စပ်သွင်းစားဆီ (၇) မျိုး စားသုံးရန်သင့်ကြောင်း အက်ဖ်ဒီအေ ကြေညာ

Wednesday, August 26, 2009 ·

NEJ | ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စားသုံးရန် မသင့်ဟု ကြေညာထားသည့် နယ်စပ် သွင်းစားဆီ (၇) မျိုးကို မြန်မာနိုင်ငံဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) မှ စားသုံးရန်သင့်လျော်ကြောင်း အဖြေပေးလိုက် သော်လည်း ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ၎င်း၏အမှားကို တရားဝင် ၀န်မခံ သေးကြောင်း ဘုရင့်နောင်ပွဲရုံမှ ဆီကုန်သည်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ စုံစမ်းလို့ ရသလောက် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက စားသုံးရန် မသင့်ဆိုပြီး ကိုယ့်ဘာသာကိုယ် ကြေညာ၊ ဈေးတွေ၊ စူပါမားကက်တွေ၊ ကုန်စုံဆိုင်တွေ ကနေ ကိုယ့်ဘာသာကိုယ် လိုက်လံ ဖမ်းဆီး အရေးယူခဲ့တဲ့ စားဆီ (၇) မျိုးကို စားသုံးဖို့ သင့်တော်တဲ့ ဆီတွေဖြစ်တယ်လို့ အက်ဖ်ဒီအေက အဖြေပေး လိုက်ပြီ။ ဒါပေမယ့် ဗိုလ်မှူးချုပ်အောင်သိန်းလင်း က သူကြေညာခဲ့တာကို မှားပါတယ်ဆိုပြီး တရားဝင် ဝန်ခံတာမျိုး မလုပ်သေးတော့ ပြည်သူတွေ သိပ်မသိ ကြသေးဘူး။ နောက် ဈေးတွေ စူပါမားကက် တွေမှာလည်း ဘယ်သူမှ ပြန်ပြီး ဆိုင်တင်ရောင်းချတာ မလုပ်ရဲကြသေးဘူး” ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အက်ဖ်ဒီအေမှ တာဝန်ကျ ဝန်ထမ်း တဦးက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဌာနက ဓာတ်ခွဲ စမ်းသပ်ရန် လာရောက် ပေးထားသည့် ထိုင်းနှင့် မလေးရှားသွင်း စားဆီ (၁၁) မျိုးအနက် (၇) မျိုးကို စားသုံးရန် သင့်တော်သည် ဆိုပြီး အကြောင်း ပြန်ကြားခဲ့ပြီး ဖြစ်ကြောင်း အတည်ပြု ပြောဆိုသည်။

မသင့်တော်သည့် (၄) မျိုးမှာ အက်ဖ်ဒီအေက ဇူလိုင် (၂၅) ရက် သတင်းစာများတွင် တရားဝင် ကြေညာ ထားသည့် (၄) မျိုးပင် ဖြစ်ပြီး အခြားစားသုံးရန် မသင့်သည့် ဆီအမျိုးအစားများ ထပ်မံ မတွေ့ရ သေးကြောင်း၊ တွေ့ရှိပါက ကြေညာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

ယခုအခါ ဈေးများတွင် စည်ပင်သာယာက ယခင်ဖမ်းဆီးသိမ်းယူခဲ့သည့် စားဆီ (၇) မျိုးကို ရောင်းချနိုင်ပြီး ဖမ်းဆီးတော့မည် မဟုတ်ကြောင်း၊ အကယ်၍ အောက်ခြေဈေး စည်ပင် သာယာ တာဝန်ရှိသူများက ဖမ်းဆီးလျှင် မိမိတို့ထံ အကြောင်းကြားပါက ဖြေရှင်းပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဈေးများဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

သို့သော် အက်ဖ်ဒီအေက စားသုံးရန်သင့်သည့် စားဆီ (၇) မျိုးကို အမည်စာရင်းနှင့်တကွ သက်ဆိုင်ရာ ဈေးအသီးသီးကို အကြောင်းကြား ညွှန်ကြားထားခြင်းမရှိသည့်အတွက် ဈေးများ၊ ကုန်တိုက်များနှင့် စူပါမားကက်တို့တွင် ပြန်လည်မရောင်းချ ရဲကြကြောင်း ဈေးသည်များထံမှ စုံစမ်းသိရသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) က ဇူလိုင် (၂၅) တွင် ထိုင်းနှင့် မလေးရှား နိုင်ငံတို့မှ တင်သွင်းသည့် စားဆီ (၄) မျိုးကို စားသုံးရန်မသင့်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ (၄) မျိုးမှာ (၁၈) လီတာဝင် အဝါရောင် ပလတ်စတစ်ပုံး များဖြင့် ထည့်ထားသည့် ကျောက်ပုဇွန် နှစ်ကောင် (Star Oil ကြယ်နီပုံ)၊ ကျောက်ပုဇွန် တစ်ကောင် အမှတ် တံဆိပ်၊ ရေနဂါး (Twin Sea Horse အမှတ်တံဆိပ်) နှင့် ငါးကြော် အမှတ်တံဆိပ် (Pamola Brand) တို့ ဖြစ်သည်။

ဗိုလ်မှူးချုပ် အောင်သိန်းလင်း ကြေညာ ဖမ်းဆီးခဲ့သည့် စားဆီ (၁၁) မျိုးမှာ အဆိုပါ ဆီ (၄) မျိုးအပြင် ထိုင်း နိုင်ငံသွင်း ပုဇွန်တစ်ကောင်၊ ပုဇွန်နှစ်ကောင်၊ တံငါတံဆိပ်၊ SAKURA ၊ Golding Oil ၊ ကဏန်းတံဆိပ်၊ ကြယ်စိမ်း တံဆိပ်တို့ ဖြစ်ပြီး ဇူလိုင် (၃၁) ရက်နေ့အထိ ပိဿာချိန် (၂,ဝဝဝ) ကျော် ဖမ်းဆီးခဲ့သည်။

ယခုကဲ့သို့ အက်ဖ်ဒီအေက စားသုံးရန်သင့်ကြောင်း အကြောင်းပြန်ပြီးသော်လည်း ဗိုလ်မှူးချုပ် အောင်သိန်းလင်း က တရားဝင် ဝန်ခံခြင်း၊ သိမ်းဆည်း ထားသူများထံ စားဆီများ တရားဝင် ပြန်ပေးခြင်း၊ ပုဂ္ဂလိက ဂျာနယ်များသို့ သတင်း ထုတ်ပြန်ခြင်းတို့ မပြုလုပ်သေးသည့် အတွက် ဈေးဆိုင်များ၊ ကုန်တိုက်များ၊ စူပါမားကက်များတွင် ပြန်လည် ရောင်းချခြင်း မတွေ့ရသေးကြောင်း စုံစမ်းသိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */