NEJ | ဗဟိုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ငရုတ်သီးမှုန့် တံဆပ် (၆) မျိုး၊ ပဲခွဲဆံတံဆိပ် (၁) မျိုးနှင့် ဆီးယိုတံဆိပ် (၁) မျိုးတို့တွင် ဓာတုဗေဒဆိုးဆေးများ ပါဝင်နေကြောင်း ယနေ့ ထုတ်ပြန်သည်။
အဆိုပါ အစားအသောက်ဆိုင်ရာ တံဆိပ် (၈) မျိုးကို ဓာတ်ခွဲစစ်ဆေးရာ အနီရောင်ဆိုးဆေး (Rhodamine B) နှင့် လိမ္မော်ရောင်ဆိုးဆေး (Orange II) တို့ ပါဝင်သည်ဟု FDA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ၎င်းတို့ကို စားသုံးမိပါက အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းနှင့် မျိုးရိုးဗီဇထိခိုက်စေခြင်းတို့ ဖြစ်ပေါ်စေသည်ဟု ဖော်ပြသည်။
ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနအနေဖြင့် ယခင်က ဆီးယိုများတွင် ဓာတု ဆိုးဆေးများ ပါဝင်ကြောင်း ထုတ်ပြန် ကြေညာပြီးနောက် အစားအသောက်များထက် ဆေးဝါးများကိုသာ အဓိကထား စစ်ဆေးနေရာမှ ယခုနှစ်တွင် အစားအသောက်များကို ပြန်လည်စစ်ဆေးလာခြင်းဖြစ်သည်။
မြန်မာ့ရိုးရာစားသောက်ကုန်တခုဖြစ်သည့် လက်ဖက်တွင် ဓာတုဆိုးဆေး (Auramine O) ပါဝင်သည်ဟုဆိုကာ လက်ဖက်အမျိုးအစား (၁၀၀) ကို ဖေဖော်ဝါရီ (၁၂) ရက်နှင့် (၂၉) ရက်တို့တွင် ထုတ်ပြန် ကြေညာ တားမြစ် ခဲ့သည်။
မြန်မာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တားမြစ်ပြီး သိပ်မကြာ စင်ကာပူနိုင်ငံကလည်း မြန်မာလက်ဖက် အမျိုးအစား (၂၀) သည် တင်သွင်းစားသုံးရန်မသင့်ကြောင်း ထုတ်ပြန်ကြေညာသည်။
စင်ကာပူနိုင်ငံက ကျန်းမာရေးအရ စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်ခဲ့သည့် လက်ဖက်အမျိုးအစား (၂၀) တွင် မြန်မာ ကျန်းမာရေး ၀န်ကြီးဌာနက ခွင့်ပြုထားသည့် ယုဇနတံဆိပ် လက်ဖက် ပါဝင်သည်။
ပြီးခဲ့သည့် မေလဆန်းပိုင်း၌လည်း ငါးပိအမျိုးအစား (၈၀) ခန့်တွင် ဓာတုဆိုးဆေး Rhodamine-B ပါဝင် နေကြောင်း FDA က ထုတ်ပြန် ကြေညာခဲ့သည်။
source by : ခေတ်ပြိုင်
အစားအသောက်အချို့တွင် ဓာတုဆိုးဆေးပါဝင်ကြောင်း FDA ထပ်မံထုတ်ပြန်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment