အက်ဖ်အီးစီ (၅၀) တန် ဖုန်းကတ်များ စတင်ရောင်းချ

Tuesday, June 02, 2009 ·

NEJ | အက်ဖ်အီးစီ (၅၀) တန်ဖိုးရှိ ကမ်းရိုးတန်း ဖုန်းကတ်များကို ဆက်သွယ်ရေးက ယနေ့ ဇွန်လ (၂) ရက် နေ့တွင် ရောင်းချ ခွင့်ပြုလိုက်ကြောင်း အနော်ရထာလမ်းမပေါ်ရှိ ဖုန်းဆက်စပ်ပစ္စည်း အရောင်းဆိုင်တဆိုင်မှ ၀န်ထမ်းတဦးက ပြောသည်။

“အခု ရောင်းတဲ့ ဖုန်းကတ်က ဟမ်းဆက်ရွေးတယ်။ CDMA ကမ်းရိုးတန်းဖုန်းကတ်ဖြစ်တဲ့အတွက် CDMA 450 HMz ဟမ်းဆက် အမျိုးအစား တခုတည်းမှာပဲ ထည့်သုံးလို့ရမယ်” ဟု ၎င်းက ပြောသည်။

ကမ်းရိုးတန်းဖုန်းဖြစ်သည့်အတွက် CDMA 450 HMz ကွန်ရက်ရှိသော ပြည်နယ်နှင့် တိုင်းများတွင် ပြောဆို နိုင်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အကြီးတန်း အင်ဂျင်နီယာတဦးက ပြောသည်။

တနိုင်ငံလုံးအတွက် ရောင်းချခွင့်ပါမစ်ကို စင်ထရာယ် မားကက်တင်းကုမ္ပဏီက ရရှိထားပြီး ယခုရောင်းချသော အက်ဖ်အီးစီ (၅၀) ပေးရသော ဖုန်းကတ်များကို စတင်အသုံးပြုနေသည့် နေ့မှစ၍ (၂) လအတွင်း အသုံးပြုနိုင်မည်ဟု သိရသည်။

အဆိုပါ ဖုန်းကတ်ကိုသုံးရန် သီးသန့်ဟမ်းဆက်ကို ၀ယ်ရမည်ဖြစ်ပြီး တန်ဖိုးမှာ အနည်းဆုံး (၁) သိန်း ကျော် ရှိကြောင်း၊ ကတ်က အက်ဖ်အီးစီ (၅၀) ကျသဖြင့် လောလောဆယ် ရင်းနှီးရမည့်ငွေပမာဏ မနည်းသည့် အတွက် ယခုကဲ့သို့ စီးပွားရေး မကောင်းသည့် အချိန်တွင် ၀ယ်ယူမည့်သူ သိပ်များလိမ့်မယ်ဟု မထင်ကြောင်း ရန်ကုန်မြို့မှ တယ်လီဖုန်းပွဲစားတဦးက ပြောသည်။

“အရင်က ရန်ကုန်မှာ အက်ဖ်အီးစီ (၅၀) တန် ဖုန်းကတ်တွေ ရောင်းမယ်။ ငွေကုန်ရင် သက်တမ်းတိုးလို့ရမယ်။ ပုံသေနံပါတ် တခုရမယ်ဆိုပြီးတော့ လူတွေက မျှော်လင့်နေကြတယ်။ အခုကတော့ သက်တမ်းတိုးလို့ မရဘူး ဆိုတော့ ဒါဟာ လုပ်စားတဲ့ သဘောပဲ ဖြစ်မယ်လို့ ထင်ကြတယ်” ဟု ၎င်းက ပြောသည်။

ယခုလောလောဆယ်တွင် အက်ဖ်အီးစီ (၂၀) GSM ဖုန်းကတ်များ အ၀ယ်လိုက်နေသော်လည်း CDMA ကမ်းရိုးတန်းဖုန်းကတ်များ၏ အားသာချက်မှာ နယ်ခရီးထွက်ပါက အဆက်အသွယ်ပြုလုပ်ရာတွင် အသုံးဝင် သည်ဟု သိရသည်။

“GSM က ဟမ်းဆက်မရွေးဘူး။ ဈေးအနည်းဆုံး (၅၀,၀၀၀) တန် ဟမ်းဆက်လောက်နဲ့ အလုပ်ဖြစ်တယ်။ အ၀င် call ကိုပဲ အသုံးပြုရင် တကတ်ကို တလတော့ ပြောရတယ်ဗျ” ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

ယနေ့ စတင်ရောင်းချသည့် CDMA ဖုန်းကတ်နံပါတ်များမှာ 09-477…….၊ 09-488……ဖြင့် ဂဏန်း (၈) လုံးပါမည်ဖြစ်ပြီး ယခု အသုံးပြုနေသော GSM ဖုန်းကတ် နံပါတ်များမှာ 09-444......၊ 09-433…… စသည်ဖြင့် ဂဏန်း (၁၀) လုံး ပါကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */