စာပေစိစစ်ရေးကို ပြည်တွင်းသတင်းထောက်များ စိတ်ကုန်

Tuesday, June 02, 2009 ·

NEJ | ပြည်တွင်း သတင်းဂျာနယ်များမှ သတင်းသမားများကို နအဖအာဏာပိုင်များက စောင့်ကြည့်လျက် ရှိကြောင်း ရန်ကုန်အခြေစိုက် သတင်းမီဒီယာအသိုင်းအ၀န်းမှ သိရသည်။

ပြီးခဲ့သည့် မေ (၂၈) တွင် True News ဂျာနယ်မှ သတင်းသမားတဦးကို ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ကာ ယင်းသတင်း ဂျာနယ်တိုက်ကို ၀င်ရောက်ရှာဖွေခဲ့ပြီး နောက်ပိုင်း ထိုသို့ ပိုမိုစောင့်ကြည့် အကဲခတ် နေခြင်း ဖြစ်ကြောင်း သိရသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ အရာရှိတဦး၏ ပြောပြချက်အရ ယခုရက်ပိုင်းအတွင်း သတင်းဂျာနယ်များပါ စာမူနှင့် သတင်းများအား ဂျာနယ်တိုက်ကို တာဝန်ယူခိုင်းကြောင်း၊ ဌာနဆိုင်ရာ သတင်းများအတွက် ပြောသူ အမည်၊ ရာထူးတို့ကို တိတိကျကျ ဖော်ပြပေးရန် ထပ်မံ၍ တင်းကြပ်စွာတောင်းဆိုထားကြောင်း သိရသည်။

ရန်ကုန်မှ သတင်းဂျာနယ်တခု၏ တာဝန်ခံအယ်ဒီတာတဦးက “ကျနော်တို့ သတင်းရေးချင်စိတ် ကုန်ခန်း လာတယ်။ သတင်းဂျာနယ်ဆိုတာမျိုးက သတင်းဦး၊ သတင်းထူးတွေကို စာဖတ်သူတွေအတွက် ဦးအောင် ရေးသား ဖော်ပြ ရတာလေ။ အခုက သတင်းထူးရင် ဖော်ပြလို့မရတာနဲ့၊ တာဝန်ယူခိုင်းရတာနဲ့ဗျာ၊ ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး” ဟု ပြောသည်။

မေ ( ၃၀) ရက်၌ ဒလမြို့နယ်တွင်းမှ ပြိုကျသွားသော ဓနုတ် စေတီတော်ကြီးသို့ ပြည်တွင်း သတင်းဂျာနယ် အသီးသီးက သတင်းရယူရန် သွားရောက်ကြသည်ကိုလည်း စောင့်ကြည့်မှုများရှိကြောင်း ဘုရားသို့သွားရောက် သတင်းရယူခဲ့သည့် ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

“ကျနော်တို့ကတော့ သတင်းယူဖို့ သွားတယ်။ ရေးလို့ မရမှန်းသိလျက်နဲ့ သွားတာပါ။ ဒါက ရေးလို့မရလည်း မှတ်တမ်းပဲပေါ့ဗျာ။ ကျနော်တို့ သတင်းထောက် သက်တမ်းမှာ ကြုံခဲ့ရတာကို နောင်လာနောက်သားတွေအတွက် တနေ့နေ့တော့ ရေးခွင့်ကြုံအုံးမှာပေါ့ဗျာ။ အဲဒီခါ ရေးရအောင်လို့ သွားတာပါ” ဟု ၎င်းက ပြောသည်။

ဘုရားပြိုသည့်နေရာသို့  သတင်းရယူရန် သွားရောက်သော သတင်းသမားများမှာ ရန်ကုန်မြို့ရှိ နာမည်ကြီး သတင်း ဂျာနယ်များမှဖြစ်ပြီး သတင်းမှန်များကို ရေးသားဖော်ပြလိုသူ လူငယ်များဖြစ်ကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */