ဒေါ်အောင်ဆန်းစုကြည်၏အမှုကိစ္စ ပြည်တွင်းရေးသာဖြစ်ဟု မြန်မာစစ်အစိုးရ ပြောကြား

Monday, June 01, 2009 ·

NEJ | ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေသည့်ကိစ္စသည် တရားဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်တွင်းရေးကိစ္စသာ ဖြစ်သည့်အတွက် အခြားနိုင်ငံများ ၀င်ရောက်မစွက်ဖက်သင့်ကြောင်း မြန်မာကာကွယ်ရေး ဒု-၀န်ကြီး ဗိုလ်ချုပ်အေးမြင့်က ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် အာရှ-ပစိဖိတ် ဒေသတွင်း လုံခြုံရေး အစည်းအဝေးတွင် ဗိုလ်ချုပ်အေးမြင့်က “ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူဆောင်ရွက်မှုဟာ ပြည်တွင်းရေးကိစ္စသက်သက်သာဖြစ်ပြီး ပြည်တွင်း ဥပဒေနဲ့အညီ တရားဝင် အရေးယူဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ပြောကြားလိုက်သည်။

ပြီးခဲ့သည့်မေလဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ခြံဝင်းအတွင်း ရေကူးဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသားအား လက်ခံခဲ့မှုဖြင့် နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ချိုးဖောက်သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစု ကြည်ကို အစိုးရက တရားစွဲဆိုခဲ့သဖြင့် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်တွင်း တရားမ၀င် ၀င်ရောက်သည့် နိုင်ငံခြားသားတဦးအကြောင်းကို သက်ဆိုင်ရာအား သတင်းမပို့ဘဲ ထိန်ချန်ထားခြင်းသည် အမှန်တရားကို ဖုံးကွယ်ရာရောက်ကြောင်း၊ ထို့ကြောင့် ဥပဒေနှင့်အညီ တရားစွဲရုံမှအပ အခြားမရှိဟုလည်း ဗိုလ်ချုပ်အေးမြင့်က ပြောကြားခဲ့သည်။

“နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံတခုက ၀င်ရောက်စွက်ဖက်တဲ့လုပ်ရပ်ဟာ နိုင်ငံအချင်းချင်းကြား အပြန်အလှန်နားလည်မှုနဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် ဒေသတွင်းလုံခြုံရေးဆိုင်ရာအစည်းဝေး အစောပိုင်း၌ အမေရိကန် ကာကွယ်ရေး ၀န်ကြီး ရောဘတ် ဂိတ်စ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး ဗြိတိသျှ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အငယ်တန်းဝန်ကြီး အန်တေလာကလည်း ယမန်နေ့က အလားတူ တောင်းဆိုခဲ့သည်။

အန်တေလာက “ဗိုလ်ချုပ်ကြီးတွေကို ပြောချင်ပါတယ်။ အခုဟာ ဒီမိုကရေစီဖော်ဆောင်ဖို့အချိန် ရောက်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးမှုနဲ့ စတင်လိုက်ပါစို့” ဟု ပြောကြားခဲ့သည်။

မြန်မာစစ်အစိုးရက ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုတင်ခြင်းသည် နောက်နှစ်တွင် ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားလိုသည့်အတွက် အမှုဆင်ခြင်းဖြစ်သည်ဟု အနောက်နိုင်ငံများက ပြစ်တင်ရှုတ်ချကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ချခံရမည်ဆိုပါက (၃) နှစ်မှ (၅) အထိ ချမှတ်ခံရဖွယ်ရှိသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */