မျိုးသိဏ်း | ရန်ကုန်၊ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်း တရားရုံး၌ စတင် စစ်ဆေး ချိန်မှစ၍ ရန်ကုန် ရွှေဈေးနှုန်းများ မတည်မငြိမ် ဖြစ်လာပြီး အမှုကြားနာရက်ဖြစ်သည့် မေလ ၂၆ ရက်နေ့တွင်မူ ယခုနှစ်အတွင်း အမြင့်ဆုံး ဈေးနှုန်းသို့ပင် ရောက်ရှိသွားခဲ့သည်။
၂၀၀၉ နှစ်ဦးပိုင်း ၂ လခန့်တွင် ရွှေတကျပ်သားလျှင် ကျပ် ၅ သိန်းခန့်ဈေးဖြင့် တန့်နေခဲ့ပြီး၊ မတ်လ ဒုတိယပတ်မှ စတင်၍ ဖြည်းဖြည်းချင်း ဈေးထပ်တက်လာခဲ့ရာ ထောင်တွင်း တရားရုံး၌ ဒေါ်စု စတင်ထွက်ချက်ပေးသည့် ပြီးခဲ့သည့်လ ၂၆ ရက် (အင်္ဂါနေ့) တွင် ကျပ် ၅ သိန်း ၅ သောင်းခွဲဖြင့် အမြင့်ဆုံး ဈေးသို့ ခုန်တက်သွားခြင်း ဖြစ်သည်။
”အင်္ဂါနေ့ ဈေးဖွင့်တော့ တနင်္လာနေ့ထက် ၈ ထောင်လောက် တက်သွားတယ်။ ကမ္ဘာ့ရွှေဈေး ငြိမ်နေပေမယ့် နိုင်ငံရေး အခြေအနေ မတည်မငြိမ်ဖြစ်ရင် ရွှေဈေးက လှုပ်တတ်ပါတယ်” ဟု ရန်ကုန်တိုင်း လသာမြို့နယ်မှ ရွှေဆိုင်တခုမှ တာဝန်ရှိသူတဦးက ပြောသည်။
ထိုနေ့ နံနက်ပိုင်းတွင် ကျပ် ၅၅၅၅၀၀ ဈေးပေါက်ခဲ့ပြီးနောက် ရွှေဈေးကစားသူ အများအပြားက ထုတ်ရောင်း ခဲ့သဖြင့် ဈေးနှုန်း ပြန်ကျသွားပြီး၊ ညနေပိုင်းတွင် ၅၄၈၀၀၀ သို့ ပြန်ဖြစ်သွားသည်။
“ဒေါ်စုကို စဖမ်းပြီ ဆိုကတည်းက ရွှေဈေး လှုပ်နေတာ။ တောက်လျှောက် အတက်ချည်းပဲ။ ရွှေဈေးက ပုံမှန် ၁၀၀၀၊ ၂၀၀၀ (ကျပ်) အလွန်ဆုံးပဲ အတက်အကျဖြစ်တာ။ ၃-၄ ထောင်လောက် အတက်အကျဖြစ်ပြီဆိုရင် ရွှေဈေး လှုပ်တယ်လို့ ပြောလို့ရတယ်။ အရောင်းအဝယ် မှန်းရခက်တဲ့ အနေအထား ဖြစ်သွားတာပေါ့။ အရင်က နိုင်ငံရေး အခြေအနေ လှုပ်လှုပ်ရှားရှားဖြစ်လို့ တသောင်းလောက် အတက်အကျ ဖြစ်ခဲ့တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အခုလကုန်ရက် နည်းနည်းလေး ပြန်ကျပေမယ့် ပြန်တက်ဦးမယ် ထင်တယ်” ဟု ရွှေဆိုင်သက်တမ်း ၁၅ နှစ်ခန့် ရှိပြီဖြစ်သော အဆိုပါ ရွှေဆိုင်မှ တာဝန်ရှိသူက ဆိုသည်။
မေလ ၂၆ ရက်နေ့ အလွန်တွင် အမြင့်ဆုံးဈေးမှ ပြန်လည် ကျဆင်းလာခဲ့ပြီးနောက် ၂၉ ရက်နေ့အထိ ကျပ် ၅ သိန်း ၄ သောင်းနှင့် ၅ သိန်း ၄ သောင်း ၅ ထောင်ဝန်းကျင်ဖြင့် ရွှေဈေးကွက်တွင် အရောင်းအဝယ် ဖြစ်နေ ခဲ့သည်။
source by : မဇ္ဈိမ
ဒေါ်စုအား ကြားနာရက်တွင် ရွှေဈေး အမြင့်ဆုံးထိ တိုးတက်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment