မင်းနိုင်သူ | ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ၏ (၉၃) နှစ်ပြည့် မွေးနေ့ပွဲကို ၎င်း၏ နေအိမ်၌ ယနေ့ ကျင်းပသည်။
အဆိုပါမွေးနေ့ပွဲသို့ လုပ်ဖော်ကိုင်ဖက် ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ဦးဝင်းတင်၊ သခင်စိုးမြင့်စသည့် အန်အယ်လ်ဒီပါတီဝင်များနှင့် တိုင်းရင်းသားပါတီဝင်များ တက်ရောက်ကြသည်။
“အခမ်းအနားကိုတော့ အကျယ်မချဲ့တော့ပါဘူး။ နှစ်တိုင်းလည်းလုပ်နေကြပါပဲ။ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေး သမားတွေလာကြပါတယ်။ အမြင်တူသူရော၊ အမြင်မတူသူရော အားလုံး လာကြပါတယ်” ဟု မိသားစုဝင်တဦးက ပြောသည်။
သခင်သိန်းဖေသည် ၀ါရင့်နိုင်ငံရေးသမားကြီးများက အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရန် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပြီးခဲ့သည့်မေ (၂၅) ရက်၌ စာရေးသား တိုက်တွန်းခဲ့ရာတွင် ဦးဆောင် ခဲ့သူဖြစ်သည်။
“၀ါရင့်နိုင်ငံရေးသမားတွေ တိုင်ပင်ဆွေးနွေးပြီး ပေါ်ထွက်လာတာကို သခင်သိန်းဖေက အားလုံးကိုယ်စား လက်မှတ်ရေးထိုးပြီး နေပြည်တော်ကို ပို့ထားပါတယ်” ဟု နိုင်ငံရေးသမား ဦးခင်မောင်ကြည်က ပြောသည်။
အဆိုပါစာတွင် အချက် (၇) ချက်ပါရှိပြီး တိုင်းပြည်၌ အမျိုးသားမသင့်မြတ်မှုများ ပေါ်ပေါက်နေသည်မှာ ကာလကြာရှည်၍ လူထုမှာ အကျပ်အတည်းအခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေကြရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား အမှုဖွင့် စစ်ဆေးအရေးယူနေသည်ကို များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ ယင်းကိစ္စ ရပ်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အဟန့်အတားဖြစ်စေနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သည် လူထုထောက်ခံမှုရရှိနေသော ခေါင်းဆောင်တဦးဖြစ်ပြီး ဒီမိုကရေစီနိုင်ငံထူထောင်ရေးတွင် မပါမဖြစ် ပါဝင်ရမည့် သူတဦးဖြစ်ကြောင်း၊ သို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် အစရှိသဖြင့် တိုက်တွန်းထားသည်။
source by : ခေတ်ပြိုင်
သခင်သိန်းဖေ (၉၃) နှစ်မြောက်မွေးနေ့ကျင်းပ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment