မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလွင် ရာထူးမှ နုတ်ထွက်စာတင်

Wednesday, June 03, 2009 ·

မေကျော် | ချင်းမိုင် (မဇ္ဈိမ)။ ။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလွင် ရာထူးမှ အနားယူရန် နုတ်ထွက်စာ တင်သွင်းပြီး ဖြစ်သည်ဟု ဌာနတွင်း သတင်းရပ်ကွက် အပြောအရ သိရသည်။

အသက် ၆၁ နှစ်အရွယ် ဒေါက်တာ ထွန်းလွင်မှာ မည်သည့်အကြောင်းကြောင့် နုတ်ထွက်စာ တင်သွင်းခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း သူ၏ တာဝန်လုပ်ငန်းများ လွှဲပြောင်းပေးနေပြီဟု စုံစမ်းသိရှိရသည်။

“ဆရာက ဒီမှာ မလုပ်တော့ပါဘူးခင်ဗျာ။ နားသွားပါပြီ၊ ကျန်းမာရေး ကြောင့်ပါ ”ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဝန်ထမ်းတဦးက မဇ္ဈိမသို့ ပြောကြားသည်။

ဒေါက်တာထွန်းလွင်မှာ ၁၉၈၀ ခုနှစ်ခန့်မှသည် ညွှန်ကြားရေးမှူး တာဝန်ယူထားသည့်တိုင် မိုးလေဝသ သတင်းကြေညာသူ အဖြစ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

နာဂစ်မုန်တိုင်း မတိုင်မီ အချိန်ထိ မိုးလေဝသ သတင်းအတွက် အားထားရသူတဦး ဖြစ်ခဲ့ပြီး သတင်း လောက တွင်လည်း သတင်း ထုတ်ပြန်ရန် ပွင့်လင်းသူ အဖြစ် ကျော်ကြားခဲ့သည်။

၂၀၀၈ ခုနှစ် မေလ နာဂစ် မုန်တိုင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီး မီဒီယာများတွင် မိုးလေဝသ ဌာနက သတင်း ထုတ်ပြန်ချက်ရန် ပျက်ကွက် ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးထွန်းလွင်မှာ လူထု စိတ်ဝင်စားမှု ခံရသော ပုဂ္ဂိုလ် တဦးဖြစ်လာခဲ့သည်။

သီးခြား အတည်မပြုနိုင်သော အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်တခု အရမူ မုန်တိုင်း တိုက်ခိုက်ပြီးနောက် ဦးထွန်းလွင်ကို ဖြုတ်ချရန် စစ်အစိုးရက စီစဉ်ခဲ့မှုရှိသော်လည်း ထူးခြားစွာပင် ဒေါက်တာဘွဲ့ပေးအပ်လိုက်ရာ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းလွင် ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံ၏ အငြိမ်းစား ဥပဒေအရ အသက် ၆၅နှစ်ထိ တာဝန်ထမ်းဆောင်နိုင်သော်လည်း ယခု အသက် ၆၁ နှစ် အရွယ်တွင် ရုတ်တရက် အငြိမ်းစား ယူလိုက်ခြင်းဖြစ်သည်။

ဒေါက်တာထွန်းလွင်ကို ၁၉၄၈ ခုနှစ်တွင် စစ်ကိုင်းတိုင်း ငါန်းဇွန်းမြို့နယ် ကုလားကျေးရွာတွင် မွေးဖွားခဲ့သည်။

ရူပဗေဒဘွဲ့ ရရှိခဲ့ပြီး အမေရိကန် ဖလောရီဒါ တက္ကသိုလ်မှ မိုးလေဝသနှင့် ဇလဗေဒ ဘာသာရပ်ကို သင်ယူ ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် စက်မှုထူးချွန် ဒုတိယဆုကို ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် နအဖ စစ်အစိုးရက ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည်။

၂၀၀၆ တွင် နိုင်ငံတကာ မိုးလေဝသနှင့် ဇလဗေဒ အသင်းကြီး၏ အမြဲတန်း အသင်းဝင်၊ ၂၀၀၇ တွင် အာရှဒေသ သဘာဝဘေးဒဏ် ကာကွယ်ရေးနှင့် ပြင်ဆင်ရေး ကောင်စီ မြန်မာနိုင်ငံ၏ ဥက္ကဌအဖြစ် တာဝန်ယူ လုပ်ဆောင် ခဲ့သည်။

(စိန်ဝင်း ဖြည့်စွက် ရေးသားထားသည်။)

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */