နိုင်ငံခြားသား အလုပ်သမားများ နောက်ဆုံးအခွင့်ရေးရမည်

Wednesday, June 03, 2009 ·

TNA | ထိုင်းနိုင်ငံရှိ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများ တရားဝင် အလုပ်သမား မှတ်ပုံတင်နိုင်ရန် နောက်ဆုံး အခွင့်အရေး အနေဖြင့် ထိုင်းအစိုးရက စီစဉ်နေပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ်နှင့်အတူ ယာယီနိုင်ငံကူးလက်မှတ်ကိုပါ ထုတ်ပေးနိုင် ရန် ကြိုးစား နေကြောင်း ထိုင်းအလုပ်သမားရေးဝန်ကြီး ပိုင်ထုန် ကယောက်တွန်က ယမန်နေ့က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် နိုင်ငံခြားသားအလုပ်သမား အရေအတွက်မှာ (၄) သိန်းမှ (၅) သိန်းအကြားရှိပြီး မှတ်ပုံ မတင်ထားသည့် တရားမ၀င် အလုပ်သမား များ (၄) သိန်း ရှိသည်ဟု အလုပ်သမားရေး ၀န်ကြီးက သတင်းထောက်များအား ပြောကြားသည်။

နိုင်ငံခြားသား အလုပ်သမားများ မှတ်ပုံတင်ကုန်ဆုံးမည့် နောက်ဆုံးရက်သည် ၂၀၁၀ ခု၊ ဖေဖော်ဝါရီ (၂၈) တွင် ဖြစ်သည်ဟု သိရသည်။ အလုပ်ရှင်များအနေဖြင့် ၎င်းတို့၏အလုပ်သမားများကို အလုပ်သမားရေး ၀န်ကြီး ဌာနတွင် စာရင်း ပေးသွင်း ရမည် ဖြစ်ပြီး အလုပ်သမား များသည် (၂) နှစ်သက်တမ်းရှိ အလုပ်လုပ်ခွင့် လက်မှတ် နှင့် ယာယီ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ခွင့်ရမည်ဟု မစ္စတာ ပိုင်ထုန်က ပြောသည်။ အလုပ်လုပ်ခွင့် လက်မှတ်ကို (၂) ကြိမ် သက်တမ်း တိုးရမည် ဖြစ်သည်။

အဆိုပါ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များ အားလုံးပြီးစီးပါက အလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့်ရရှိမည့်အပြင် လူမှုဖူလုံရေးနှင့်လူနေမှုစားရိတ် ခံစားခွင့်များကို ရရှိမည်ဟု ထိုင်းအလုပ်သမား ၀န်ကြီးက ပြောသည်။ ထိုင်း ကက်ဘိနက် က အတည် ပြုပြီး နောက် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာ ပါက နိုင်ငံခြားအလုပ်သမား များသည် (၁) လအတွင်း မှတ်ပုံတင် ကြရမည်ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */