NEJ | ယနေ့ထုတ် နအဖ သတင်းစာတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အချင်းများပါက အရှုံးဖြင့်သာ ရင်ဆိုင် ရမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ထိုင်းနိုင်ငံ ဒု-၀န်ကြီးချုပ်ဟောင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဆွန်သီ၏ ပြောကြားချက်များကို ထိုင်းနိုင်ငံမှ မေ (၂၉) ရက်ထုတ် ထိုင်းရတ် သတင်းစာက ရေးသားခဲ့သည်ကို နအဖသတင်းစာများက ပြန်လည်ကိုးကား ဖော်ပြထားခြင်း ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် အဘီဆစ်၏ မြန်မာနိုင်ငံအပေါ် တင်းမာနေမှုနှင့်စပ်လျဉ်း၍ ဗိုလ်ချုပ်ကြီးဆွန်သီက သတိပေး စကား ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် အချင်းမများရန် လိုအပ်ကြောင်း၊ အမျိုးသားမဟာဗျူဟာ၊ အမျိုးသား အကျိုး အမြတ်ကို ကြည့်ရှုရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် သယံဇာတပေါများသော နိုင်ငံဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားသည်ဟုလည်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် မည်သူနှင့်ဆက်ဆံသည်၊ နောက်ကွယ်တွင် မည်သူရှိသည်၊ သဘောထားကွဲလွဲမှုသည် မည်သူ့ကို အကျိုး ဖြစ်ထွန်း စေသည် စသည့်အချက်များကို ကြည့်တတ်ရန်လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး ဆွန်သီက ထည့်သွင်း ပြောကြားသွားကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံရှိ သယံဇာတများအကြောင်း ပြောရာတွင် မြန်မာ နိုင်ငံတွင် နျူကလီးယားစွမ်းအင်ထုတ်နိုင်သည့် သယံဇာတများ ရှိသည်ကို မယုံကြည်နိုင်ဖွယ် ကောင်းလောက် အောင် သိရှိရကြောင်း ပြောဆိုခဲ့သည်ဟုလည်း မြန်မာသတင်းစာတွင် ဆက်လက်ဖော်ပြသည်။
ထိုင်းဝန်ကြီးချုပ်အဘီဆစ်ကမူ ယမန်နေ့က စတင်ကျင်းပနေသော တောင်ကိုရီးယားနှင့် အာဆီယံနိုင်ငံများ၏ အနှစ်နှစ်ဆယ် မဟာ မိတ်ဆက်ဆံရေး အထိမ်းအမှတ် အစည်းဝေးတွင် မြန်မာ့အရေးကို ဆွေးနွေးပြောကြားသွား မည်ဟု ထုတ်ဖော်ပြောကြားထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ကလည်း အရှေ့တောင်အာရှဒေသ တည်ငြိမ်မှုရှိရန်၊ မြန်မာနိုင်ငံမှ ဖိနှိပ်သည့်အစိုးရအုပ်ချုပ်မှု အဆုံးသတ်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီအုပ်ချုပ်မှု စနစ်သို့ မည်သည့်အတွက် မပြောင်းလဲနိုင်ရသလဲဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ပြောဆိုခဲ့သည်ဟုလည်း DPA သတင်းတွင် ဖော်ပြထားသည်။
source by : ခေတ်ပြိုင်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment