ရွှေဝါရောင်တော်လှန်ရေး တိမ်းရှောင် လာသူများကို အထူး အစီအစဉ်ဖြင့် အမေရိကန်က ခေါ်မည်။

Tuesday, June 02, 2009 ·

NEJ | ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာခဲ့ကြသူများထဲမှ (၁၀၁) ဦးကို အမေရိကန်သံရုံးမှ အထူးအစီအစဉ်တရပ်အဖြစ် အမေရိကန်နိုင်ငံသို့ အမြန်ဆုံး ပို့ဆောင် ပေးမည်ဟု သံရုံးတာဝန်ခံတဦးက ပြောသည်။

တတိယ နိုင်ငံသို့ ထွက်ခွာရန် ထိုင်း-မြန်မာ နယ်စပ်တွင် ရောက်ရှိပြီးသူများထဲမှ ကျန်ရှိသူ (၁၀၁) ဦးကို ယနေ့ နေ့လယ် က မဲဆောက်မြို့ရှိ ၀ပ်ဘိုးလဖား ဘုန်းတော်ကြီးကျောင်းတွင် ထိုင်းနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး၊ IOM၊ UNHCR၊ JRS နှင့် ထိုင်းပြည်ထဲရေး ဌာနမှ တာဝန်ရှိသူ အချို့ လာရောက်တွေ့ဆုံခဲ့ပြီး အမေရိကန်သံရုံးမှ တာဝန်ခံအရာရှိက ၎င်းတို့အား အမေရိကန် နိုင်ငံသို့ အမြန်ဆုံး ပို့ဆောင်ပေးမည်ဟု ပြောသည်။

၎င်းအရာရှိက “ခင်ဗျားတို့ကို အထူးအစီအစဉ်တရပ်အနေနဲ့ အမေရိကန်နိုင်ငံက လက်ခံပြီး အမြန်ဆုံး ပို့ဆောင်ပေး မှာ ဖြစ်တယ်။ ဒါကြောင့် အခုသွားရမယ့်လူတွေအနေနဲ့ မဲဆောက်မှာ ဆန္ဒပြပွဲတွေမလုပ်ဖို့ ပြောချင်တယ်။ ဆန္ဒပြပွဲ တွေမှာ ပါဝင်မယ်ဆိုရင်တော့ အခုရရှိမယ့် အခွင့်အရေးတွေ ပယ်ဖျက်ခံရမယ်။ ခင်ဗျားတို့ ကို ဆန္ဒပြဖို့၊ မပြဖို့တော့ မပြောလိုပါဘူး” ဟု ပြောသည်။

အမေရိကန်သို့ ထွက်ခွာခွင့်ရရှိသူများထဲမှ ဆရာဝန်တဦးက သံရုံးတာဝန်ခံအား “အခုလူတွေ အကုန်လုံးသွား ရမှာလား၊ မသွားရမယ့် လူတွေကော ရှိနိုင်ပါသလား” ဟု မေးမြန်းရာ သံရုံးတာဝန်ခံက အကုန်သွားရမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။ ဒုက္ခသည် စခန်းသို့ ၀င်ရောက်ရမည့်ကိစ္စနှင့် ပတ်သက်၍ မ၀င်ရောက်လို သူများ အနေဖြင့် ယခုအစီ အစဉ်မှ ပယ်ဖျက်ခြင်းခံရမည်ဟု သံရုံးတာဝန်ခံက ပြောသည်။

အဆိုပါ (၁၀၁) ဦးမှာ ယခုအပတ်အတွင်း မဲဆောက်မြို့ရှိ ဒုက္ခသည်များအတွက် အဆင့်ဆင့်လုပ်ဆောင်ခြင်း ဌာနတွင် သွားရောက် နေထိုင်ရမည်ဖြစ်ပြီး ၎င်းဌာနမှတဆင့် မယ်လဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့ နေထိုင် ရမည် ဖြစ်သည်။ ၎င်းတို့သည် မယ်လဒုက္ခသည် စခန်းမှတဆင့် ဇူလိုင်လ (၁၀) ရက်နေ့ မတိုင်ခင် အမေရိကန် နိုင်ငံသို့ ထွက်ခွာ ရမည် ဖြစ်သည်ဟု UNHCR မှ ပေးသည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မယ်လဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင်စဉ်ကာလအတွင်း ၎င်းတို့၏ စားဝတ်နေရေး ကိစ္စများကို ထိုင်းအစိုးရ မှ စီစဉ် ဆောင်ရွက် သွားမည် ဖြစ်သည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီး နအဖ၏လိုက်လံနှိမ်နှင်းမှုကြောင့် လူ (၂၀၀) ခန့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာပြီး သံဃာတော် အပါး (၃၀) နှင့် ကဗျာဆရာ အောင်ဝေး အပါအ၀င် လူ (၈၀) ခန့်မှာ တတိယ နိုင်ငံများသို့ ရောက်ရှိ သွားပြီး ယခု ထွက်ခွာရမည့် (၁၀၁) ဦးမှာ အထူး အစီအစဉ် အဖြစ် အမေရိကန်သို့ ထွက်ခွာရမည်ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */