အောင်ထက် | ယခုသီတင်းပတ်အတွင်း ရန်ကုန်မြို့မှ အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ်များတွင် သတင်းထောက် ရာထူး ခေါ်ယူမှု များပြားလျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မေ (၂၂) ရက်တွင် အလဲဗင်းမီဒီယာဂရုမှ ပညာသင် သတင်းထောက်ရာထူး အင်တာဗျူး ဖြေဆိုသူ လူငယ် (၃၀) ကျော် ရှိသည်ဟု ပြည်တွင်းဂျာနယ်တခုမှ သတင်းထောက်တဦးက ပြောသည်။
မေ (၂၇) ရက်ကလည်း ပေါ်ပြူလာသတင်းဂျာနယ်အတွက် သတင်းထောက်လျှောက်ထားသူ (၁၀၀) ကျော် အင်တာဗျူး ၀င်ရောက် ဖြေဆိုကြပြီး (၇) ဦးသာ ရွေးချယ်မည်ဟု သိရသည်။ ပေါ်ပြူလာသတင်းဂျာနယ်သည် ဒု-ဗိုလ်ချုပ်ကြီး ၀င်းမြင့် (ငြိမ်း) ၏ သမီးဖြစ်သူ ဒေါ်နန်းကလျာဝင်း ပိုင်ဆိုင်သော ဂျာနယ်တစောင်ဖြစ်သည်။
“အခုလို သတင်းထောက် ခေါ်ယူမှု များပြားလာတဲ့အပေါ် အလာအလာကောင်းတဲ့ လက္ခဏာလို့ ယူဆစရာ ရှိပေမယ့် သတင်း လွတ်လပ်ခွင့် ကန့်သတ် ချုပ်ချယ်မှုများနေတဲ့ အပေါ်မှာ စဉ်းစားစရာတွေ အများကြီး ရှိပါတယ်” ဟု ၀ါရင့်သတင်းစာဆရာကြီးတဦးက ပြောသည်။
သတင်းထောက်တာဝန် ထမ်းဆောင်လိုသူ လူငယ်များသည် သတင်းသမားတဦး၏ တာဝန်သိ၊ သစ္စာရှိ၊ စွန့်လွှတ်အနစ်နာခံလိုစိတ်၊ အမှန်တရားကို မီးမောင်းထိုးပြမည့် ပြည်သူ့ဘက်တော်သား သတင်းသမားအဖြစ် ခံယူကာ သတင်းလောကတွင်း ၀င်ရောက် သင့်ကြောင်း၊ မိသားစုစားဝတ်နေရေးနှင့် အလုပ်အကိုင် ရှားပါးခြင်း တို့ကြောင့် မဖြစ်သင့်ကြောင်း ၎င်းက ပြောကြားသည်။
သတင်းထောက်သည် မီးလောင်ပြင်၌ ရှိနေစရာမလိုဘဲ ဆူးလေဘုရားလမ်းမကြီးပေါ်ရှိ ဗဟိုမီးသတ်၊ မြောက်ဥက္ကလာရှိ မီးသတ်ဦးစီး (ရုံးချုပ်) တို့မှ ထုတ်ပေးသော သတင်းနှင့်ပုံကို စောင့်ယူရေးသားနေရခြင်းမျိုး၊ ယနေ့ မီဒီယာထိပ်တန်းရောက် ဒေါ်အောင်ဆန်းစုကြည် ၏သတင်းများ ဖော်ပြရာ၌ နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်နှင့် သွေဖည်၍ မရခြင်းမျိုးတို့သည် မြန်မာပြည် သတင်းလောက၌သာ ရှိသည်ဟု သတင်းစာဆရာ အများစုက ပြက်ရယ်ပြုကြသည်။
ရန်ကုန် မီဒီယာလောကတွင် ပေါ်ပြူလာ သတင်းဂျာနယ်နှင့် မုခ မဂ္ဂဇင်းတို့ကို နေ့စဉ်ထုတ်သတင်းစာ လုပ်ပိုင် ခွင့်ချပေးမည်ဟု သီးခြားအတည်မပြုနိုင်သေးသည့် သတင်းများထွက်ပေါ်နေသည်။
မုခ မဂ္ဂဇင်းသည် ဒု-ဗိုလ်ချုပ်ကြီး ခင်မောင်သန်း(ငြိမ်း) ၏ သမီး ဒေါ်ဟေမာခင်မောင်သန်း ပိုင်ဆိုင်သည်ဟု သိရပြီး မကြာမီ ရှေ့သီတင်းပတ်များ အတွင်း Myanmar Post သတင်းဂျာနယ်နှင့် တာဝန်ခံ ဇောရိုး စီစဉ်သည့် ဂျာနယ်တစောင်ထွက်ရန် ရှိသည်ဟု သိရသည်။
source by : ခေတ်ပြိုင်
ပြည်တွင်းဂျာနယ်အချို့ သတင်းထောက်အားဖြည့်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment