ဖမ်းဆီးသည့်ကြား ဝင်ရောက်သူ ရိုဟင်ဂျာ ပိုတိုးလာ

Monday, June 01, 2009 ·

ငြိမ်းချမ်း | ဒါကာ (မဇ္ဈိမ)။ ။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးပြန်ပို့နေသည့် ကြားကပင် ရခိုင် ပြည်နယ်တွင် နေထိုင်သော ရိုဟင်ဂျာများသည် ပြီးခဲ့သည့် တပတ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ပိုမို များပြားလာနေသည်။

ပြီးခဲ့သည့် တပတ်အတွင်း ရိုဟင်ဂျာ ၅၀၀ ကျော်ကို ဖမ်းဆီး၍ နေရပ်ရင်း မြန်မာနိုင်ငံ နယ်စပ်သို့ ပြန်ပို့ခဲ့ကြောင်း တက္ကနာအခြေစိုက် အမှတ် (၄၂) ဘီဒီအာရ် တပ်ရင်းမှ တပ်သားများ အဆိုအရ သိရခြင်း ဖြစ်သည်။

“အရင်ကတော့ တပတ်ကို အနည်းဆုံး ၃၀ ကနေ အများဆုံး ၁၀၀ လောက်ကို ဖမ်းပြီး ပြန်ပို့တယ်။ ပြီးခဲ့တဲ့ အပတ်ထဲမှာ လူ ၅၀၀ လောက်ကို ပြန်ပို့လိုက်ရတယ်။ ဒါက မြန်မာဘက်မှ ဝင်လာတဲ့ ဦးရေ ပိုများလာတဲ့ သဘောပဲ” ဟု တပ်ကြပ်ကြီး ယူနွတ် ဟိုဆင် (Unous Hossion) က မဇ္ဈိမကို ပြောသည်။

ရိုဟင်ဂျာများအား ဘီဒီအာရ် ၄၂ မှ နယ်စပ် လုံခြုံရေး တာဝန်ယူထားသော နှစ်နိုင်ငံ နယ်စပ်တလျှောက်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး၊ အချို့ကို တက္ကနာမှ ကော့စ်ဘာဇာသို့သွားသော ကားများပေါ်တွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း အခြား ဘီဒီအာရ် တပ်သားတဦးကလည်း ပြောသည်။

သူက “သူတို့ကို (ရိုဟင်ဂျာများ) တချို့ကျတော့လည်း ကော့စ်ဘာဇာကို အသွားမှာ အဖမ်းခံရတယ်။ တချို့ကတော့လည်း ကျနော်တို့ နိုင်ငံဘက်ကမ်းကို ကပ်လာတာနဲ့ ဖမ်းမိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့များမှ ရိုဟင်ဂျာများအား အာဏာပိုင်များက ညှဉ်းပမ်းနှိပ်စက်သည်ဟုဆိုကာ အိမ်နီးနားချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဒီပူ မိုနီသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်လ ၁၅ ရက်မှ ၁၇ ရက်နေ့ထိ သွားရောက်ခဲ့သော ချစ်ကြည်ရေး ခရီးစဉ်တွင် ရိုဟင်ဂျာများအရေး ထည့်သွင်း ဆွေးနွေးခဲ့သည်။

သူက ခရီးစဉ်မှအပြန် ဒါကာမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ “မြန်မာနဲ့ ဆွေးနွေးရတာ တိုးတက်မူ ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီး မောင်ဦးက ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ မူဆလင် ဒုက္ခသည်တွေကို ပြန်ယူမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ဒါကာထုတ် သတင်းစာများတွင် ရေးသားဖော်ပြခဲ့ကြသည်။

သို့သော် မြန်မာစစ်အစိုးရအနေဖြင့် ဒေသခံ ပြည်သူများအား လုပ်အားပေးခိုင်းခြင်း၊ ငွေကောက်ခံခြင်း ဆက်လုပ်နေကြောင်း မောင်တော ဒေသခံ မူဟာမက် နိုဒူဟောက် မာဇီ (Nudo Houe Mazi) က ပြောသည်။

ရသေ့တောင်မြို့ခံ အာလီဟူဆင် (Arli Hossion) ကလည်း “ကျနော်တို့ဆီမှာ ရယကတို့၊ မယကတို့၊ စစ်တပ်တို့က လယ်မြေသိမ်းတာတွေ၊ ရန်ပုံငွေ ကောက်တာတွေ အခုထိ လုပ်နေတုန်းပဲ။ ပြည်သူတွေက ဆင်းရဲသထက်ဆင်းရဲတော့၊ စားစရာမရှိတော့ နီးစပ်ရာကို ထွက်ပြေးကြတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် ယခင် လက်ခံထားရှိသော ရိုဟင်ဂျာ ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ကြိုးစားနေစဉ် ထပ်မံ၍ ဝင်ရောက်လာသူများကို နယ်စပ်မှတဆင့် ပြန်ပို့နေသည်မှာ လအတန်ကြာကတည်းက ဖြစ်သည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */