မြန်မာအပေါ် R2P ကျင့်သုံးရန် ဗြိတိသျှအမတ်များ တောင်းဆို

Sunday, May 10, 2009 ·

မုံပီး | နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရက လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများကို ကော်မရှင်ဖွဲ့၍ စုံစမ်း စစ်ဆေးရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းနှင့် စပ်လျဉ်းသည့် ကိစ္စကို ‘ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိမှု’ - R2P မူ ချမှတ်ကျင့်သုံးရန် ဗြိတိသျှပါလီမန်အမတ် ၆ဝ ကျော်က ကုလသမဂ္ဂကို တောင်းဆိုလိုက်သည်။

နိုင်ငံခြားရေး ဝန်ကြီးဟောင်းများ ဖြစ်ကြသော Ian McCartney, Keith Vaz အပါအဝင် အမတ်များက မြန်မာ နိုင်ငံဆိုင်ရာ ပါတီပေါင်းစုံ ဒီမိုကရေစီရေးအဖွဲ့ ပူးတွဲဥက္ကဋ္ဌ Joh Becrow အဆိုတင်သွင်းသည့် Early Day Motion (EDM) တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ဤအဆိုတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေး အခြေအနေ ယိုယွင်းမှုများအတွက် စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း အထူးသဖြင့် တိုင်းရင်းသားလူမျိုးများ နေထိုင်သော ဒေသများတွင် စစ်ဆင်ရေးများ ပြုလုပ်နေသည်ဆိုသော မြန်မာစစ်အစိုးရ၏ အံ့သြထိတ်လန့်ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများ အတွက် ကာကွယ်ရန် တာဝန်ရှိမှု - R2P ဆိုသည့် မူကို ချမှတ်ကျင့်သုံးပေးပါရန် ဤအမတ်များက ယင်းတို့၏ EDM တွင် ကုလကို တိုက်တွန်းထားသည်။

မြန်မာနိုင်ငံအတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်ပွား နေသည်ဆိုသည့် စွပ်စွဲချက် များကို ကော်မရှင်တရပ် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးပေးပါရန် ဘုရင်မကြီး၏ အစိုးရ အဖွဲ့နှင့် အခြားအစိုးရများကို အဆိုပါ EDM တွင် တိုက်တွန်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကျပ်အတည်းများနှင့် စပ်လျဉ်း၍ ကာကွယ်ရန် တာဝန်ရှိမှု R2P မူကို ချမှတ် ကျင့်သုံး ပါရန်လည်း ကုလကို တိုက်တွန်းထားသည်။

မြန်မာစစ်အစိုးရသည် ပြည်သူများကို အကြောက်တရား လွှမ်းမိုးအောင် ပြုလုပ်သည့် မူဝါဒကို ကျင့်သုံးလျက် ရှိကြောင်း လူ့အခွင့်အရေး အဖွဲ့များနှင့် လှုပ်ရှားတက်ကြွသူများက စွပ်စွဲထားသည်။ သူတို့၏ အုပ်ချုပ်မှုကို တည်မြဲစေရန်အတွက် အထူးသဖြင့် တိုင်းရင်းသား လူမျိုးများ နေထိုင်ရာ ဒေသများဖြစ်သည့် မြန်မာနိုင်ငံ အစွန်အဖျား ဒေသများတွင် အဆိုပါ မူဝါဒများကို ပိုမိုပြင်းထန်စွာ ပြုလုပ် ကျင့်သုံးနေသည်ဟု သူတို့က စွပ်စွဲ ပြောဆို ထားကြသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးအတွက် စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် (Christian Solidarity Worldwide) က ကြာသပတေးနေ့က ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။

ကြေငြာချက်တွင် ပါရှိသည့် မြန်မာစစ်အစိုးရ ကျင့်သုံးနေသော မူဝါဒများတွင် မုဒိမ်းကျင့်ခြင်းကို စစ်လက်နက် တရပ်အဖြစ် ကျယ်ပြန့်စွာ အသုံးပြုနေခြင်း၊ အဓမ္မလုပ်အားခိုင်းစေမှုများ၊ လူသားများကို မိုင်းရှင်းကိရိယာအဖြစ် အသုံးချနေခြင်းများနှင့် ကလေးစစ်သား အသုံးပြုမှုတို့ ပါဝင်သည်။

၁၉၉၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံ အရှေ့ခြမ်းတွင် စစ်အစိုးရက ကျေးရွာပေါင်း ၃၃ဝဝ ကျော်ကို ဖျက်ဆီး ပစ်ခဲ့ပြီး ဖြစ်သည်။ အရပ်သားများအပေါ် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လူတသန်းခန့်မှာ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များအဖြစ် ကျရောက် နေရကြောင်း ဤအဖွဲ့က ဆိုသည်။

အန္တရာယ်များလှသော အခြေအနေတွင် နေထိုင်နေကြရသည့် မြန်မာနိုင်ငံမှ တိုင်းရင်းသားများရှိရာ ထိုင်း-မြန်မာ နယ်စပ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တို့သို့ John Becrow သွားရောက် လည်ပတ်ကြည့်ရှုခဲ့ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ၏ အလွန် ထိတ်လန့်ဖွယ် ကောင်းသော အဖြစ်အပျက်များကို သူ ကြားခဲ့ရသည်ဟု ဆိုသည်။

“အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ပြောမပြနိုင်လောက်အောင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတဲ့သူတွေ၊ သူတို့ ဆွေမျိုးသားချင်းတွေကို သတ်ဖြတ်တာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတွေနဲ့ ကျနော် မျက်နှာချင်းဆိုင် ထိုင်တွေ့ ခဲ့ရပါတယ်။ သူတို့က ကျနော့် မျက်လုံးထဲကို စိုက်ကြည့်ပြီး သူတို့ ငိုယိုသံတွေကို တကမ္ဘာလုံးက ကြားနိုင်အောင် လုပ်ပေးဖို့ တောင်းပန်ခဲ့ကြပါတယ်” ဟု Becrow က ကြေညာချက်တွင် ဖော်ပြထားသည်။

“သူတို့ ငိုယိုသံတွေကို အဖြေပေးဖို့နဲ့ စစ်အစိုးရရဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အချိန်တန်ပါပြီ။ မြန်မာ ပြည်သူ ပြည်သားတွေဟာ သူတို့ ကြာရှည်စွာ ငြင်းပယ်ခံခဲ့ရတဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို အပူတပြင်း လိုအပ်နေကြပါပြီ” ဟု သူက ဆက်လက် ပြောကြားခဲ့သည်။

EDM သည် ဗြိတိသျှပါလီမန်၏ အောက်လွှတ်တော်တွင် အခြေအတင် ဆွေးနွေးရန်အတွက် ပုံမှန် တင်သွင်းသော အဆိုတရပ် ဖြစ်သည်။ ဤအဆိုမျိုးကို အနည်းအကျဉ်းမျှသာ အမှန်တကယ် အခြေအတင် ဆွေးနွေးလေ့ ရှိကြသော်လည်း အကြောင်းအရာတရပ်ရပ်၊ အမြင်တရပ်ရပ်အပေါ် ပါလီမန်၏ ထောက်ခံမှု အတိုင်းအတာကို မီးမောင်းထိုးဖော်ပြနိုင်သည်။

“ဤတောင်းဆိုချက်ကို အလေးအနက် စဉ်းစားပါရန် ဗြိတိသျှအစိုးရနှင့် အခြားအစိုးရများကို တောင်းဆိုပါသည်။ စစ်အစိုးရ၏ လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက်လည်း စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးပေးပါရန်” CSW ၏ စည်းရုံးလှုံ့ဆော်ရေး ဒါရိုက်တာ Alexa Papadouris က တောင်းဆို ပြောကြားလိုက်သည်။

R2P အယူအဆကို ကမ္ဘာ့ခေါင်းဆောင်များ၏ ၂ဝဝ၅ ခုနှစ် ထိပ်သီးအစည်းအဝေးက ချမှတ်ခဲ့သည်။ သက်ဆိုင်ရာ အစိုးရတရပ်ရပ်က သူ့နိုင်ငံသားများအပေါ် ကျူးလွန်လျက်ရှိသော မျိုးဖြုတ်သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူမျိုးတုံး စစ်ဆင်မှုများ စသည်တို့မှ ကာကွယ်ရန် မတတ်နိုင်လျှင်သော်‚င်း၊ ကာကွယ်ပေးလိုစိတ် မရှိလျှင်သော် ၄င်း၊ ထိုသူများ အတွက် အကာအကွယ် ပေးရန် တာဝန်ရှိသည် ဟူသော အယူအဆကို ကမ္ဘာ့ခေါင်းဆောင်များနှင့် အစိုးရများက သဘော တူညီခဲ့ ကြသည်။

ဤ R2P ကို ချမှတ်ကျင့်သုံးရာတွင် ရှေးဦးစွာ ငြိမ်းချမ်းသည့် နည်းလမ်းများဖြစ်သော စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေးနှင့် ဥပဒေရေးရာ အစီအမံများကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိပြီး၊ ဤဆောင်ရွက်ချက်များ မအောင်မြင်ပါက နောက်ဆုံး နည်းလမ်းအနေနှင့် ကုလသမဂ္ဂပဋိဥာဉ်စာတမ်း အခန်း ၇ အရ နိုင်ငံတကာ အသိုင်းအဝိုင်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှတဆင့် ပူးပေါင်း တပ်ဖွဲ့တခုကို အသုံးပြုဆောင်ရွက်နိုင်သည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */