အာအက်ဖ်အေ | နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်းလျားကန်စောင်း နေအိမ်ကို ရေကူးပြီး ဝင်ရောက်ခဲ့မှုနဲ့ မေလ ၆ ရက်နေ့က အဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားကို တွေ့ဆုံခွင့်ပေးဖို့ အကြိမ်ကြိမ် မေတ္တာရပ်ခံတာကို မြန်မာစစ်အစိုးရက မသိကျိုးကျွံပြုထားတယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးက ပြောကြားလိုက်ပါတယ်။
ဒီ သတင်းနဲ့ ပတ်သက်လို့ အတည်ပြုချက်ရယူလိုပြီး ဒီလူနဲ့ တဦးချင်း တိုက်ရိုက် စကားပြောလိုတယ်လို့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် Richard Mei က ပြောပါတယ်။
မြန်မာနိုင်ငံမှာရှိနေတဲ့ အာရှသံတမန်တွေကတော့ ဒီလူကို ဒေါ်အောင်ဆန်းစုကြည်က သူ့အိမ်မှာ နေထိုင်ဖို့ ခွင့်ပြုတယ်ဆိုတာကို အာဏာပိုင်တွေ သိသွားရင် ပြစ်ဒဏ် ချမှတ်ခံရနိုင်တာကို စိုးရိမ်တဲ့အကြောင်း တိုးတိုးတိတ်တိတ် ထုတ်ဖော်ပြောကြားတယ်လို့ ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီလူကို ဖိတ်ကြားတာ မဟုတ်တဲ့ အတွက် သူ့ကို အပြစ်ပေးနိုင်တာကို မစိုးရိမ်ဘဲ သူ့လုံခြုံရေးကိုသာ တကယ် စိုးရိမ်ရတယ်လို့ ပြောပါတယ်။
ဦးဥာဏ်ဝင်း။ ။ ဒီလောက်လုံခြုံရေး အကြပ်အတည်းကြားထဲက ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ရောက်အောင်သွားနိုင်တယ်၊ နောက် သူ့ဟာသူ ပြန်လာနိုင်တယ်ဆိုတဲ့ အခြေအနေဟာ မလုံခြုံဘူးဆိုတဲ့ သဘောမျိုးတွေ့တယ်။ အဲဒီလို မလုံခြုံတဲ့အခြေအနေမှာ ဒေါ်အောင်ဆန်း စုကြည်ကို ကျနော်တို့ အရမ်းစိုးရိမ်တယ်။ ထိန်းသိမ်းထားတဲ့ပုဂ္ဂိုလ်တွေက လုံခြုံရေး တာဝန်ယူထားပြီးတော့ လုံခြုံရေးက လျော့ရဲရဲဖြစ်နေတာ အတွက် ကျနော်တို့ အရမ်းစိုးရိမ်ပါတယ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းဟာ လစဉ် သွားနေကျအတိုင်း တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို မနေ့က သွားခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့လည်း သိရပါတယ်။
source by : အာအက်ဖ်အေ
အမေရိကန်သံရုံး မေတ္တာရပ်ခံချက် စစ်အစိုးရ အကြောင်းမပြန်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment