လေတပ်ဦးစီးချုပ်၏သား ယာဉ်တိုက်မှုဖြစ်၊ တဦးသေဆုံး

Sunday, May 10, 2009 ·

မဇ္ဈိမ | ရန်ကုန် (မဇ္ဈိမ)။ ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၏ သားဖြစ်သူ မောင်းနှင် လာသော ကားနှင့် အခြား ကားတစီးတို့ မေလ(၆)ရက်နေ့ ညဦးပိုင်းတွင် တိုက်မှု ဖြစ်ပွားခဲ့ပြီး ယင်း ယာဉ်တိုက်မှုကြောင့် အသက်(၅ဝ)နှစ်ခန့် လမ်းသွား လမ်းလာ တဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ် ကန်ပတ်လမ်းနှင့် ဝင်္ကဘာလမ်းထောင့် (စာပေစီစစ်ရေးရုံး အနီး) တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၏ သားဖြစ်သူကိုယ်တိုင် မောင်းနှင်လာသော တိုယိုတာ Mark2 နှင့် ဂျစ်ကားတစီးတို့ အရှိန်ပြင်းစွာ တိုက်မိခဲ့ပြီး တိုယိုတာ Mark2 ကားမှ ခြေကျင်လျှောက်သူ လမ်းသွား လမ်းလာ အမျိုးသားတဦးကို ထပ်မံ တိုက်မိခဲ့သည်။

အသက်(၅ဝ)ခန့် ရှိသည့် အမျိုးသားကြီးမှာ ဒဏ်ရာ ပြင်းထန်သောကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ရသည်။

“ဆလွန်းကားက ဂျစ်ကားကို ကျော်တက်ရင်း တိုက်မိတာ။ တိုက်ပြီးတော့မှ ကားကလည်ပြီး ပလက် ဖောင်းဘေးက လူကြီးကိုတိုက်တာ။ သွေးတွေဆိုတာ အများကြီးပဲ။ မြင်တောင်မကောင်းဘူး။ ” ဟု အခင်း ဖြစ်ပွားသည်ကို မြင်တွေ့လိုက်ရသူ တဦးက ပြောသည်။

ဂျစ်ကားပေါ်တွင် ယာဉ်မောင်းသူ အပါအဝင် နှစ်ဦးပါရှိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်း မရှိပေ။ တိုယိုတာ Mark 2 ကားကို မောင်းနှင်လာသူမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၏ သား အာကာဝေယံဟိန်း ဆိုသူ ဖြစ်ကြောင်း ယင်းအားသိရှိသူ ဌာနဆိုင်ရာ အရာရှိတဦးက အတည်ပြု သည်။

သေဆုံးသူ၏ ခန္ဓာကိုယ်မှ ထွက်ရှိသည့် သွေးကွက်များမှာ မေလ(၇)ရက်နေ့ နေ့လည်အထိ အခင်း ဖြစ်ပွားရာ ကားလမ်းပေါ်တွင် ရှိနေဆဲဖြစ်သည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */