၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ NDF ၃၃ နှစ်မြောက် အခမ်းအနားက တိုက်တွန်း

Monday, May 11, 2009 ·

အာအက်ဖ်အေ | မေလ ၁ဝ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု NDF ဖွဲ့စည်းတည်ထောင်ခြင်း ၃၃ နှစ်မြောက် အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။ စစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လာမယ့် ၂ဝ၁ဝရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး လုပ်ဆောင် နေကြောင်း အဲဒီအခမ်းအနားမှာ NDF ခေါင်းဆောင်တွေကပြောပါတယ်။

NDF အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုရဲ့ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော်က ခုလို ပြောပါတယ်။

မိုင်းဘုန်းကျော်။ ။“လတ်တလော အခြေအနေအရ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂ဝ၁ဝရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လုပ်ငန်းစဉ်တွေကို ဒီမိုကရေစီ အင်အားစုတွေ၊ အတိုက်အခံအင်အားစုတွေနဲ့ ကျနော်တို့ ဝိုင်းဝန်းပြီး ဆောင်ရွက်သွားမယ်။ အခု ကျနော်တို့ NDF ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်း ရှစ်ဖွဲ့က ဒီလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကိုယ်ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေမှာ ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ ပညာပေးရေးကိစ္စ၊ ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး၊ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုတိုက်ပွဲဝင်နေတဲ့ တန်းတူညီမျှမှု အခွင့်အရေး ဘယ်လိုမှ ရမှာမဟုတ်ဘူးဆိုတာကို ပြည်သူလူထုကို ပညာပေး စည်းရုံးလှုံ့ဆော်မှုတွေ ဒီထက်တရှိန်ထိုး ထပ်လုပ်နိုင်မယ့် နည်းလမ်းတွေ ကျနော်တို့ ရှာဖွေနေပါတယ်”

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ပါတီထောင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ဖို့နဲ့ တပ်ဖွဲ့စည်းပုံကို နယ်ခြားစောင့်အသွင် ပြောင်းလဲဖွဲ့စည်းဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ဖိအားပေးခဲ့ပါတယ်။

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စစ်အစိုးရရဲ့ ဒီတောင်းဆိုချက်ကို လက်မခံဘဲ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ခုခံစစ်ဆင်နွဲဖို့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF ရဲ့ ဒု-ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က တိုက်တွန်း ပြောဆိုပါတယ်။

ခိုင်စိုးနိုင်အောင်။ ။“နယ်ခြားစောင့်တို့၊ လုံခြုံရေးအဖွဲ့တို့ကို လက်မခံသင့်ဘူးလို့ ကျနော်ပြောချင်တယ်။ ဘာကြောင့်လဲ ဆိုရင် တိုင်းရင်းသားလူမျိုးတမျိုးစီရဲ့ အခွင့်အရေးကို ရမှာ မဟုတ်ဘူး။ နအဖ က ၂ဝ၁ဝ ရွေးကောက်ပွဲကို အဲဒီငြိမ်းအဖွဲ့တွေကို ပါတီတွေဖွဲ့ပြီး ဝင်ခိုင်းတယ်ဆိုတာ သူတို့ကို တရားဝင်ဖြစ်အောင် လုပ်ခိုင်းတာပဲဖြစ်တယ်။ အဲဒါကြောင့် မဝင်သင့်ဘူး၊ မလုပ်သင့်ဘူးလို့ မြင်တယ်။ လုပ်ခြင်းအားဖြင့် အကျိုးမရှိဘူးလို့ မြင်တယ်။ ကိုယ့်လူမျိုးအတွက် ခုခံတော်လှန်ပြီးတော့ တိုက်ပွဲ ဝင်သင့်တယ်လို့ ပြောချင်တယ်”

စစ်အစိုးရဘက်က ဖိအားပေးပြီး အသွင်ပြောင်းဖို့  တောင်းဆိုခဲ့တာကို လက်မခံဘဲ ဆန့်ကျင်ခဲ့မယ်ဆိုရင် ငြိမ်းအဖွဲ့တွေ ရပ်တည်ရေး အတွက် ဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ အခမ်းအနားကို တက်ရောက် လာတဲ့ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တာမလဘောက အခုလို ပြောပါတယ်။

ဗိုလ်ချုပ်ကြီးတာမလဘော။ ။“နအဖ ခိုင်းတိုင်းမလုပ်ဘဲ စည်းစည်းလုံးလုံးနဲ့ ကိုယ့်နယ်တွေကို ကိုယ်ပြန်ပြီးတော့ ကိုယ့်အမျိုးသားကို သစ္စာမဖောက်ဘဲနဲ့ ကာကွယ်ဖို့ အရေးကြီးပါတယ်။ သူတို့ လက်နက်မအပ်ချင်ရင်တော့ လုပ်မှာ၊ လုပ်ရင် သူတို့အကြပ်အတည်းဖြစ်မှာ။ နောက်တော့ အကုန်လုံး အသိမ်းခံရမှာ။ ရေရှည်မှာ တဖြည်းဖြည်းနဲ့ သိသွားမှာ။ သိသွားရင် မလုပ်တတ်တော့ဘူး”

အခမ်းအနားကို တိုင်းရင်းသားအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ လူငယ်တွေနဲ့ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ခေါင်းဆောင် စုစုပေါင်း ၃ဝ ကျော် တက်ရောက်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF ကို တိုင်းရင်းသားလူမျိုးအားလုံး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီကို အခြေခံတဲ့ ပြည်နယ်ပေါင်းစုံ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

source by : အာအက်ဖ်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */