မြန်မာနိုင်ငံအကြောင်း ဇာတ်လမ်းပိုင်း NBC ရုပ်မြင်သံကြားဌာနက ရိုက်ကူး

Sunday, May 10, 2009 ·

အာအက်ဖ်အေ | အမေရိကန်ပြည်ထောင်စုမှာ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေ ရိုက်ကူး ထုတ်လွှင့်နေတဲ့ NBC ရုပ်မြင်သံကြား သတင်းဌာနက လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ စတင်ပြသမယ့် The Philanthropist ပရဟိတ လုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ ကမ္ဘာကျော် အမေရိကန် သူဌေးကြီး အကြောင်း ရုပ်မြင်သံကြား ဇာတ်လမ်းတွဲမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို သူဌေးကြီးက ကူညီခဲ့တဲ့ ဇာတ်လမ်းပိုင်း ပါဝင်တယ်လို့ သိရပါတယ်။ နာမည်ကို The Philanthropist-Myanmar လို့ပေးထားပါတယ်။

The Philanthropist -Myanmar ရုပ်မြင်သံကြားဇာတ်လမ်းပိုင်းကို တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ တနေရာတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့မှ မြင်ကွင်း အသွင် ဖန်တီးပြီး ရိုက်ကူး နေပုံ ဖြစ်ပါသည်။ (Photo: RFA)
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တခုတွင် ဒေသခံရေလှူနေသူတဦးထံမှ ရေအတွက် တန်းစီနေကြသည့်ဒုက္ခသည် ကလေးများ (ဓာတ်ပုံ - အေပီ)
ဒီရုပ်မြင်သံကြားဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး NBC သတင်းဌာနရဲ့ အင်တာနက်စာမျက်နှာမှာလည်း ကြော်ငြာ ထားပါတယ်။ ဒီဇာတ်လမ်းမှာ ဟောလီးဝုဒ်မင်းသား James Purefoy က အမေရိကန် သူဌေးကြီး Teddy Rist အဖြစ် သရုပ်ဆောင်ထားပါတယ်။

သူဌေးကြီးဟာ စီးပွားရေး လုပ်ငန်းတွေကို အောင်မြင်အောင် လုပ်ကိုင်နိုင်သလို အများအကျိုးအတွက် သူပိုင်ဆိုင်တဲ့ ငွေတွေကို လှူဒါန်းလိုစိတ် အပြည့်ရှိသူ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း အာဖရိကတိုက်နဲ့ အာရှတိုက်က ဆင်းရဲတဲ့နိုင်ငံတွေကို သွားရောက်ပြီး အာဏာပိုင်တွေရဲ့ အတားအဆီးတွေကို စွန်စွန်စားစား ကျော်ဖြတ် အကူအညီပေးပုံတွေကို ဇာတ်လမ်းဆင် ရိုက်ကူးထားတာပါ။

ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ အမြောက်အမြားနဲ့ ရိုက်ကူးထားတာဖြစ်ပြီး မြန်မာပြည်ဇာတ်လမ်းပိုင်းကို ဟောလီးဝုဒ်ဒါရိုက်တာ Ed Fraiman က တောင်အာဖရိကနိုင်ငံမှာ မြန်မာပြည်က ရှုခင်းပုံစံ ဆက်တင် တည်ဆောက်ပြီး ရိုက်ကူးခဲ့ပါတယ်။

ဒီ ရုပ်မြင်သံကြားဇာတ်လမ်းပိုင်း ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး The Philanthropist -Myanmar ဇာတ်လမ်း အတွက် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ တောင်အာဖရိကနိုင်ငံက ကိုမျိုးနိုင်ကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်း ထားပါတယ်။

အသံဖိုင် နားဆင်ရန်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */