အပစ်ရပ် အဖွဲ့များအား နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်းရန် နအဖပြော '၀' တပ်ဖွဲ့ မကျေမနပ်ဖြစ်နေ

Wednesday, May 06, 2009 ·

NEJ | တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ နအဖနှင့်အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် နအဖ စစ်ဘက် အရာရှိများက ဧပြီ (၂၈) တွင် သီးခြားစီတွေ့ဆုံခဲ့ရာ အင်အား အဆမတန် လျှော့ချခံရမည့် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) က မကျေမနပ်ဖြစ်နေသည်။

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာအရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်က ၀ခေါင်းဆောင်များအား ခေါ်ယူတွေ့ဆုံပြီး ၀ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန်နှင့် အင်အား (၃) ထောင်အထိ လျှော့ချပြီး နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် ပြောဆိုမှုအပေါ် ၀ခေါင်းဆောင်များ အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ၀တပ်မှူးတဦးက ပြောသည်၊

၎င်းက “အင်အား (၂) သောင်းကျော် (၃) သောင်းလောက်အထိရှိတဲ့ ဒီတပ်မတော်ကြီးကို သွေးတွေ၊ ချွေးတွေနဲ့ နှစ် (၃၀) ကျော်ကြာ တည်ဆောက်ထားခဲ့တာဗျ။ (၃) ထောင်သာချန်ပြီး ပြည်သူ့စစ်လိုလုပ်မယ့်အပေါ်တော့ လက်မခံနိုင်ဘူး။ ကျနော်တို့ ၀ပြည်နယ် ပြည်သူ့အစိုးရက လက်ခံမှာ မဟုတ်ဘူး။ အခုထိ ကျနော်တို့ ဗဟို ကော်မတီ တွေလည်း အကြောင်း မပြန်သေးပါဘူး” ဟု ၎င်းက ပြောသည်။

ဝတပ်မဟာ (၁၇၁) အခြေစိုက်ရာ ၀ပြည်တောင်ပိုင်းနယ်မြေကိုလည်း ၀ဒေသအတွင်း မထည့်ဘဲ ခွဲထုတ် လိုက်သည့် အပေါ် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က လက်ခံမည်မဟုတ်ကြောင်း အဆိုပါ ၀တပ်မှူးက ပြောသည်။

၎င်းက “အခုက ကျနော်တို့ကို ကေအန်ယူကို သွေးခွဲသလိုမျိုး လုပ်နေတာ။ (၁၇၁) ဆိုတာ ကျနော်တို့ တပ်မဟာပဲ။ ဗဟိုတခုတည်း ရှိပါတယ်။ ကျနော်တို့အနေနဲ့ အလံနှစ်လက်ကိုင်ထားတယ်။ ပထမအလံက ငြိမ်းချမ်းရေးပဲ။ ဒုတိယကတော့ ၀ပြည်ကို ကာကွယ်ရေးပဲ။ ကျနော်တို့က သူတို့ကို အရင်စမတိုက်ဘူး။ ဒါပေမယ့် ကိုယ့်နယ်မြေကို ထိပါးလာရင် ခုခံကာကွယ်ပိုင်ခွင့်ဟာ ကျနော်တို့အခွင့်အရေးပဲ” ဟု ဆက်လက်ပြောသည်။

အလားတူ ကိုးကန့်အဖွဲ့၊ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ (၄)၊ ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း အဖွဲ့၊ ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော်နှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ များအား ကျိုင်းတုံ၊ တန်ယန်း၊ မြစ်ကြီးနား တို့တွင် စစ်တိုင်မှူးများနှင့် စစ်ဘက်အရာရှိများက ဧပြီ (၂၈) ရက်၌ သီးခြားစီ ခေါ်ယူတွေ့ဆုံပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ပြောဆိုခဲ့သည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ဥက္ကဋ္ဌ ဦးဇောင်းဟရား ဦးဆောင်သည့်အဖွဲ့နှင့် မပခတိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းတို့ မေ (၂၈) ရက်၌ မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့အနေဖြင့် မေလကုန်ပိုင်းတွင် မြစ်ကြီးနားသို့ ကိုယ်စားလှယ်လွှတ်ကာ ထပ်မံ ဆွေးနွေးရန် ရှိကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂွမ်မော်က ပြောဆိုပြီး အသေးစိတ်ပြောဆိုရန်ကိုမူ ငြင်းဆိုသည်။

“တပ်မတော်အစိုးရအနေနဲ့ နောင်တက်လာမယ့် အရပ်သားအစိုးရကို ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ရှင်းပြဖို့၊ လိုအပ်တဲ့ဟာ ဆောင်ရွက်ဖို့ သူတို့မှာ တာဝန်ရှိပါတယ်။ ဥပမာ လက်နက်ကိုင်အဖွဲ့တွေကို ဘယ်လိုထားမယ်၊ ဘယ်လို ဖွဲ့စည်းမယ် ဆိုတာကို စဉ်စားဖို့လိုတယ်လို့ ပြောတာပါ။ ဆွေးနွေးတဲ့အဆင့်ထိ မရောက် ပါဘူး။ မေလနောက်ဆုံး၊ မေလမကုန်မီမှာ ဆွေးနွေးတဲ့ခါ ဒါတွေဆွေးနွေးလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ကျနော်တို့အနေနဲ့ ဒါကို လေးလေးနက်နက် ဆွေးနွေးသွားမှာပါ” ဟု ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။

၁၉၈၉ ခု မတ်လတွင် ကိုးကန့်တိုင်းရင်းသားများက ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး အပစ်ခတ် ရပ်စဲရေး စတင်ပြုလုပ်ချိန်မှစ၍ တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆက်တိုက် ဆိုသလို စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး ပြုလုပ်ကာ ဒေသအတွင်း လက်နက်ကိုင်ဆောင်ပြီး တပ်ဖွဲ့အဖြစ် ရပ်တည်ခွင့်၊ စီးပွားရေးလုပ်ခွင့်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ခွင့် ရရှိခဲ့ကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */