လစာမရသည့် မြန်မာ အလုပ်သမားများ စားဝတ် နေရေး အဆင်မပြေ သဖြင့် ဆန္ဒပြ

Wednesday, May 06, 2009 ·

NEJ | နှစ်လကြာ လုပ်ခလစာ မရကြသည့် မြန်မာအလုပ်သမားများသည် မဲဆောက်မြို့ရှိ အလုပ်သမား အခွင့်အရေး ကာကွယ်ရေး ရုံးရှေ့တွင် ယနေ့နံနက်က သွားရောက်ဆန္ဒပြကြသည်။

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ မဲ့တောင်းလမ်းရှိ PANTHONG MANUFACTURING Co. LID. သိုးမွေးအထည်ချုပ်စက်ရုံမှ အလုပ်သမား (၃၂၆) ဦးသည် ယင်းသို့ လစာမရသည့်အတွက် စားဝတ်နေရေး ပြဿနာများ ကြုံတွေ့နေရသောကြောင့် ထိုင်းအလုပ်သမားအခွင့်အရေးကာကွယ်ရေးရုံးမှ ကူညီဖြေရှင်းပေးရန် တောင်းဆိုဆန္ဒပြခြင်းဖြစ်သည်။

ဆန္ဒပြသူအလုပ်သမား ကိုအောင်က “လစာမရတာ (၂) လရှိပြီ။ အလုပ်က နေ့တိုင်းဆင်းပြီး ပိုက်ဆံမရတော့ ရပ်တည်လို့ မရဘူး။ စက်ရုံက ထမင်းတမျိုးပဲပေးတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ (၉) ရက်က စပြီးတော့ ဘယ်သူမှ အလုပ်မဆင်းတော့ဘူး။ သူဌေးကိုပဲစောင့်နေတယ်။ သူမလာတော့ ဒီနေ့မှာ ဆန္ဒလာပြတာဖြစ်တယ်”ဟု ပြောသည်။

အဆိုပါစက်ရုံတွင် (၁၀) နှစ်ခန့် လုပ်ကိုင်နေသူ အလုပ်သမတဦးကလည်း “အလုပ်လုပ်ပြီး လစာမရတော့ အလုပ်သမားတွေ ဒုက္ခရောက်ကြရတယ်။ စက်ရုံးနားက ဈေးဆိုင်တွေမှာ အကြွေးယူဖို့ကြတော့လည်း ဆိုင်တွေက မယုံလို့မပေးဘူး။ စက်ရုံးအနီးအနားမှာ အလေ့ကျ ပေါက်နေတဲ့ ကန်စွန်းရွက်တို့ ဘာတို့ ဒီလိုပဲ လိုက်ခူးစားရတယ်” ဟု ပြောသည်။

အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရှိသူများအနေဖြင့် မနက် (၈) နာရီမှ ည (၉) နာရီအထိ ဘတ် (၁၀၀) ခန့်သာရပြီး
ည (၁၁) နာရီအထိ အလုပ်လုပ်ရပါက အချိန်ပိုကြေး ဘတ် (၂၀) ပေးကြောင်း၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မရှိသူများကို တနေ့ဘတ် (၈၀) နှုန်းသာ ပေးကြောင်း ၎င်းက ပြောသည်။

မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အနည်းဆုံး တနေ့လုပ်အားခမှာ (၁၅၁) ဘတ်ဖြစ်ပြီး အချိန်ပိုကြေးမှာ (၁) နာရီလျှင် (၂၈) ဘတ် ဖြစ်သည်။

အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရှိသူ (၂၀၉) ဦးနှင့် လက်မှတ်မရှိသူ (၁၁၇) ဦး ရှိသည်။

ဆန္ဒပြအလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးမှ အရာရှိနှင့် စက်ရုံပိုင်ရှင်တို့ သုံးပွင့်ဆိုင် ဆွေးနွေးကြပြီး စက်ရုံပိုင်ရှင်က (၂၀) ရက်နေ့သို့ ရက်ချိန်းလိုက်ကာ ယင်းနေ့တွင် လစာပေးမည်ဟု ပြောဆိုကြောင်း၊ ဆန္ဒပြ အလုပ်သမားများကမူ ယင်းနေ့တွင် လစာမရရှိပါက ဥပဒေကြောင်းအရ စက်ရုံ ပိုင်ရှင်အား တရားစွဲရန် စီစဉ်မည်ဟု သိရှိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */