ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး မလေးရှား မြန်မာသံရုံးရှေ့ ဆန္ဒပြ

Friday, May 15, 2009 ·

မင်းနိုင်သူ | မလေးရှားရောက် အန်အယ်လ်ဒီ ပါတီဝင်များ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင်များနှင့် BWRPC အဖွဲ့ဝင်များ ပူးပေါင်း၍ မြန်မာသံရုံးနှင့် အမေရိကန် သံရုံးတို့ရှေ့တွင် ဆန္ဒဖော်ထုတ် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း ပါတီဝင်များက ပြောသည်။

“ကျနော်တို့ ဒီနေ့မနက် (၁၁) နာရီမှာ မြန်မာသံရုံးရှေ့သွားပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းတယ်။ နောက် သူဆေးကုသခွင့် ရရှိရေးနဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်ပေးရေးတို့ ကြွေးကြော် တောင်းဆိုတယ်” ဟု အန်အယ်လ်ဒီ (မလေးရှား) မှ ကိုအောင်ကျော်ဆက်က ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါ ဆန္ဒပြပွဲသို့ မြန်မာရှစ်ဆယ်ကျော်တက်ရောက်ခဲ့ပြီး မြန်မာသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး လွှတ်ပေးရေး ပါဝင်သည့် တောင်းဆိုချက်စာတစောင်ကို စာတိုက်ပုံးမှတဆင့် ပေးအပ်ခဲ့သည်ဟု သိရသည်။

မြန်မာသံရုံးရှေ့သို့ အန်အယ်လ်ဒီပါတီဝင်များ ဦးဆောင်ဆန္ဒပြနေစဉ်မှာပင် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင် အင်အား သုံးဆယ်ကျော် ကလည်း မလေးရှား အမေရိကန်သံရုံးရှေ့တွင် တောင်းဆိုမှုများ ပြုလုပ် ခဲ့ကြသည်။

“ကျနော်တို့ကတော့ ဆန္ဒပြတာမဟုတ်ပါဘူး။ တောင်းဆိုတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတဲ့ ကိစ္စအပေါ် အမေရိကန် အပါအ၀င် ဥရောပနိုင်ငံတွေက ကူညီဖြေရှင်းပေးဖို့ တောင်းဆိုတဲ့စာ သွားပေးတာပါ” ဟု လူ့ဘောင်သစ်မှ ကိုတိုးနိုင်လတ်က ပြောသည်။

အဆိုပါ ဆန္ဒပြ တောင်းဆိုမှုများ အတွက် မလေးရှားအာဏာပိုင်များ၏ ခွင့်ပြုချက် ရယူခဲ့ရပြီး မိနစ်နှစ်ဆယ်ခန့် ဆန္ဒပြခွင့် ရရှိခဲ့ကြသည်။

ယင်းဆန္ဒပြပွဲသည် ဒေါ်အောင်ဆန်းစုကြည်အား အမှုသစ်တပ်ကာ အင်းစိန်ထောင်သို့ အာဏာပိုင်များက ပြောင်းရွှေ့ခဲ့မှုအပြီး နိုင်ငံခြား မြန်မာသံရုံးရှေ့တွင် ပထမဆုံး ဆန္ဒပြပွဲဖြစ်သည်။

အလားတူ တောင်ကိုရီးယားနှင့် ဂျပန်နိုင်တို့ရှိ မြန်မာသံရုံးများတွင်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တောင်းဆို ဆန္ဒပြခဲ့ကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */