NEJ | နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များကို မဲဆောက်အခြေစိုက် STV ရုပ်မြင်သံကြားလိုင်းမှ ထပ်ဆင့်ထုတ်လွှင့်ပေးသဖြင့် ယခုအခါ မဲဆောက်ဒေသတွင်းရောက် သိန်းနှင့် ချီသည့် မြန်မာနိုင်ငံသားများ အားပေးကြည့်ရှုကြသည်။
ယမန်နေ့က စတင်ထုတ်လွင့်ခဲ့သည့် အစီအစဉ်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအာဏာပိုင်များက တရားစွဲဆိုရန် အင်းစိန်ထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည့်သတင်းကို ထုတ်လွှင့် ပြသ ခဲ့သဖြင့် မဲဆောက် ဒေသအတွင်း ကြည့်ရှုသူ အထူးများပြားခြင်းဖြစ်သည်။
မဲဆောက်ဈေးအတွင်းရှိ မြန်မာလက်ဖက်ရည်ဆိုင်တွင် ကြည့်ရှုနေသည့် ရန်ကုန်မှ မြန်မာကုန်သည်တဦးက “ရန်ကုန်မှာ ဒီလိုပေါ်ပေါ်ထင်ထင်ကြည့်ရဖို့ မလွယ်ဘူး။ စလောင်းရှိမှပဲ ကြည့်ရတယ်။ ဒီကိုရောက်နေတဲ့ မြန်မာတွေ အတွက်တော့ သိပ်ကောင်းတယ်။ မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး မျက်စိပွင့်နားပွင့်ဖြစ်တယ်။ အစိုးရကတော့ အဖွားကြီးအပေါ်မှာ ကောက်ကျစ် ယုတ်မာတာကတော့ ကမ်းကုန်ပါပဲ” ဟု ပြောသည်။
အထည်ချုပ်စက်ရုံတခုမှ အလုပ်သမ မ၀င်းဝင်းမော်က “ဒီလိုင်းကြည့်တော့ မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေတွေ ကို အမြန်ဆုံးသိရတယ်။ ကြည့်ရတာလည်း ပေါ့ပေါ့ပါးပါးရှိတယ်။ မြန်မာ့ရုပ်မြင်သံကြားလိုမျိုး ကိုရီးယားကားကြည့် ရဖို့ ဗိုလ်ချုပ်တွေလမ်းသလားတာကို တနာရီကျော်လောက် စောင့်စရာလည်းမလိုဘူး။ မနေ့ကဒေါ်စုကို အင်းစိန် ထောင်ထဲပို့တဲ့ သတင်းပါတော့ အချို့အလုပ်သမားတွေ အလုပ်မဆင်းဘဲ ကြည့်ကြတာ တွေရှိတယ်။ ဒီလိုင်းက ပတ်လည်စနစ်နဲ့ပြတော့ ဘယ်အချိန်ကြည့်ကြည့် ကြည့်လို့ရတယ်။ ညဘက် အလုပ် သိမ်းချိန်မှာ စက်ရုံထဲက TV ရှေ့မှာ စက်ရုံကလူတွေအားလုံး ၀ိုင်းကြည့်ဒေါသထွက်ပြီးတော့ အစိုးရကို မေတ္တာပို့နေကြ တယ်” ဟု ပြောသည်။
အခကြေးငွေယူ၍ပြသသည့် မဲဆောက် STV ရုပ်မြင်သံကြားလိုင်းတွင် မြန်မာရုပ်သံလိုင်းများအပါအ၀င် နိုင်ငံတကာမှ ရုပ်မြင်သံကြားလိုင်းပေါင်း (၇၀) ခန့်ကို (၂၄) နာရီ ထုတ်လွှင့်ပေးလျက်ရှိသည်။
မဲဆောက်ဒေသအတွင်း ယခုကဲ့သို့ ဒီမိုကရက်တစ်ရုပ်မြင်သံကြားလိုင်း ထပ်ဆင့်ထုတ်လွှင့်မှုနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များနှင့် ထိုင်း-မြန်မာနယ်ခြားကော်မတီအဖွဲ့များက လောလောဆယ် ကန့်ကွက် အရေးယူမှုများ မရှိသေးကြောင်း သိရသည်။
ယခင်က မဲဆောက်မြို့အခြေစိုက် FM ရေဒီယိုအသံလွှင့်ဌာနတခုမှ မြန်မာဘာသာဖြင့် ထုတ်လွှင့်သည့် အမေရိကန် အသံ VOA သတင်းဌာန၏ အသံလွင့်ချက်များကို ရိုးရိုးသာမန် ရေဒီယိုဖြင့်နားထောင်နိုင်ရန် ထပ်ဆင့်ထုတ်လွှင့်ပေးခဲ့ သဖြင့် မဲဆောက်ဒေသတွင်းအပါအ၀င် မဲဆောက်တဖက်ကမ်း မြ၀တီခရိုင်အတွင်း အသံကြည်လင်ပြတ်သားစွာဖြင့် လူအများ နားထောင်နိုင်သဖြင့် မြ၀တီခရိုင်အာဏာပိုင်များနှင့် နယ်ခြား ကော်မတီ အဖွဲ့က ထိုင်းဘက်သို့ ကန့်ကွက် ခဲ့သဖြင့် ထိုင်းဘက်မှ ယင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။
မဲဆောက် STV ရုပ်မြင်သံကြားလိုင်းမှ ၀န်ထမ်းတဦးက “ကျနော်တို့လိုင်းက မြန်မာလိုလွှင့်တဲ့ ရုပ်မြင် သံကြားလိုင်း တွေကို ဒီမှာရှိတဲ့မြန်မာတွေ ကြည့်လို့ရအောင်စီစဉ်ပေးတာပါ။ မြ၀တီလိုင်း၊ မြန်မာ ရုပ်မြင် သံကြားလိုင်း၊ MRTV 3 လိုင်း၊ နော်ဝေးဒီမိုကရက်တစ်လိုင်း ကိုယ်ကြည့်ချင်တာကြည့်ကြပေါ့။ နော်ဝေး မြန်မာ့ အသံကိုလွှင့်လို့ မြန်မာဘက်က ကန့်ကွက်ဖို့ အကြောင်းမရှိဘူးလို့ထင်တယ်။ လွှင့်တာက ထိုင်းနိုင်ငံမှာဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စလောင်းဖြင့်သာကြည့်ရှု၍ရသော ဒီမိုကရက်တစ်မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်ကို နိုင်ငံတကာသို့ ၂၀၀၅ ခုနှစ် မေလတွင် စတင်ထုတ်လွှင့်ခဲ့သည်။
source by : ခေတ်ပြိုင်
ဒေါ်အောင်ဆန်းစုကြည်သတင်း ရုပ်သံအစီအစဉ် မဲဆောက်ရောက် မြန်မာများ အထူးစိတ်ဝင်စား
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment