ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် စစ်အစိုးရကို နိုင်ငံတကာဖိအားပေး

Friday, May 15, 2009 ·

NEJ | ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုရန် အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်း လိုက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် ကုလ သမဂ္ဂ အပါအ၀င် နိုင်ငံတကာက နအဖစစ်အစိုးရအား တိုက်တွန်းလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ခြံဝင်းအတွင်း နိုင်ငံခြားသားတဦး တရားမ၀င် ရေကူးဝင်ရောက်ခဲ့သည့်ကိစ္စအား သက်ဆိုင်ရာသို့ အကြောင်းမကြားခဲ့သည့် အမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့ မေ (၁၄) တွင် အင်းစိန်ထောင်သို့ပို့ကာ ထောင်တွင်းအထူးတရားရုံးတွင် တရားစွဲဆိုခဲ့သည်။

ယင်းသို့တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းက အထူးစိုးရိမ်မိကြောင်းနှင့် ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် အခြားနိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရနှင့် အတိုက်အခံများကြား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ကန့်သတ်ချက်များ မပါဘဲ အမြန်ဆုံး ပြုလုပ်ပေးရန်လည်း မစ္စတာဘန်ကီမွန်းက ယနေ့ ထပ်မံတောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်မံ စွဲဆိုထားမှုနှင့် ပတ်သက်၍ စစ်အစိုးရတွင်သာ တာဝန်ရှိကြောင်း ယမန်နေ့ က ပြောကြားခဲ့သည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို လုံခြုံရေးအစောင့်တွေက စောင့်ကြပ်ကြည့်ရှုနေတာကြောင့် အခုလို ကျူးကျော်ဝင်ရောက်မှု မဖြစ်အောင်ကာကွယ်ရမှာက သူတို့ရဲ့တာဝန်ပဲ” ဟု ပြောသည်။

စစ်အစိုးရ၏ လုပ်ရပ်သည် တရားဥပဒေနှင့်မညီသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ (၂) ဦးတို့ကို အမြန်ဆုံး ပြန်လွှတ် ပေးရန်လည်း မစ္စတာ ကင်တားနားက တောင်းဆိုလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာအစိုးရ၏ အခြေအမြစ်မရှိသည့် စွဲဆိုမှုကို အလွန်စိတ်ပျက်မိကြောင်း၊ စစ်အစိုးရက အကြောင်းရှာပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ချုပ်နှောင်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။

ဗြိတိန်၊ ပြင်သစ်နှင့် အခြားအနောက်နိုင်ငံများကလည်း ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံထိန်းသိမ်း အမှုဖွင့် ခဲ့သည့် အပေါ် ပြစ်တင် ရှုတ်ချလိုက်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် မသင့်လျော်သည့်လုပ်ရပ်ဟု ပြောဆို လိုက်သည်။

လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ပြန်လွှတ်ပေးရေး ကြိုးပမ်းရန် အတွက် ကုလလုံခြုံရေးကောင်စီကို တောင်းဆိုလိုက်သည်။

အာရှနိုင်ငံများအနက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အခြေအနေများကို အထူးသတိထားစောင့်ကြည့်နေကြောင်း မြန်မာစစ်အစိုးရကို ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှ ၀န်ကြီးချုပ် အဘီဆစ်ကလည်း မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ နိုင်ငံရေး လမ်းညွှန် ချက်များ အတိုင်း အကောင်းဘက်သို့ ဦးတည်ဆောင်ရွက်သွားရန်နှင့် နိုင်ငံရေးဖြစ်စဉ်များတွင် အားလုံး ပါဝင် ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */