လွတ်လပ်စွာ သတင်းယူနိုင်ကြောင်း ငါး အဖွဲ့ချုပ်က ပြောဆို

Wednesday, May 06, 2009 ·

မေကျော် | ချင်းမိုင် (မဇ္ဈိမ)။ ။ သတင်းမီဒီယာများ သိလိုသည်များကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် လွတ်လပ်စွာ မေးမြန်းနိုင်ကြောင်း ယနေ့ ကျင်းပသည့် ငါးလုပ်ငန်း ပုံမှန်အစည်းအဝေး၌ အဖွဲ့ချုပ် အမှုဆောင် တဦးက ပြောဆိုလိုက်သည်။

မကြာသေးခင်က ပြည်ပမီဒီယာ တခုက ငါးလုပ်ငန်း အဖွဲ့ချုပ်က သတင်းဌာနများကို လွတ်လပ်စွာ ရေးသားခွင့် ပိတ်ပင်သည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကြို့ကုန်းရှိ ငါးလုပ်ငန်းခန်းမတွင် အင်္ဂါနေ့တိုင်း ငါးလုပ်ငန်း အဖွဲ့ချုပ် ပုံမှန်အစည်းအဝေးတွင် ပြည်တွင်း သတင်းဌာနများသို့ တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

''ငါးလုပ်ငန်းကတော့ မီဒီယာပိုင်းမှာ ပွင့်လင်းတယ်လို့ ပြောလို့ရပါတယ်။ တခြားဌာနတွေနဲ့စာရင်။ သတင်း လောကမှာတော့ ငါးလုပ်ငန်းနဲ့ အာမခံက သတင်းဌာနတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်တယ်လို့ ပြောလို့ ရပါတယ်'' ဟု ပြည်တွင်းအခြေစိုက် အပတ်စဉ် ဂျာနယ်တခုမှ သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။

သို့သော် သတင်းမီဒီယာများအနေဖြင့် ငါးလုပ်ငန်း သတင်းများကို ဖော်ပြရာတွင် ပြည်သူသို့ မထုတ်ပြန် သင့်သည့် သတင်း အချက်အလက်များ ပါရှိနိုင်သဖြင့် အဖွဲ့ချုပ်သို့ ပြန်လည်တိုင်ပင်စိစစ်ရန် လိုကြောင်း အမှုဆောင် ဖြစ်သူက ပြောဆိုသည်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ငါးလုပ်ငန်း အဖွဲ့ချုပ်က လွတ်လပ်စွာ ရေးသားခွင့်ပေးခဲ့သည့်အတွက် ပြည်တွင်း မီဒီယာများတွင် ၂ ကြိမ် မှားယွင်းခဲ့ခြင်းကြောင့် ယခုလို ပြန်လည်စိစစ်ရန် လိုအပ်ခြင်းဖြစ်ကြောင်း သူက ဆိုခဲ့သည်။

သတင်းမီဒီယာကဏ္ဍတွင် ငါးလုပ်ငန်း အဖွဲ့ချုပ်သည် ပွင့်လင်းကြောင်း ပြည်တွင်းသတင်း ဌာနများက ဆိုသည်။

သို့သော် ပြည်တွင်း သတင်းဌာနတခုမှ တာဝန်ရှိသူတဦးက ယခုလို ဖြည့်စွက်ပြောဆိုသည်။

သူက “မေးသမျှအကုန် ဖြေတယ်။ ဒါပေမဲ့ တချို့သတင်းတွေကိုကျတော့ သတင်းမရေးပါနဲ့လို့ တခါထဲ ပြောတယ်” ဟု ဆိုသည်။

သို့သော်လည်း ယနေ့ကျင်းပသည့် အစည်းအဝေးတွင် အဆိုပါ အမှုဆောင်က မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်သည် ပြည်တွင်းမီဒီယာများကို သတင်းနှင့် ပတ်သက်၍ ပြည်သူသို့ ထိမ်ချန်ထားခြင်း မရှိပါကြောင်း ပြောဆိုခဲ့သေးသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */