ကုက္ကိုလှ နွေစပါး စီမံကိန်း ရေ အခက်အခဲ ဖြစ်နေ

Wednesday, May 06, 2009 ·

မေကျော် | ချင်းမိုင် (မဇ္ဈိမ)။ ။ မကွေးတိုင်း ပခုက္ကူခရိုင်ရှိ ကုက္ကိုလှ လျှပ်စစ် မြစ်ရေတင် စီမံကိန်းက ရေ အလုံအလောက် မပေးသဖြင့် နွေစပါးစီမံကိန်း စပါးခင်းများ အောင်မြင်ရန် မသေချာကြောင်း ဒေသခံ လယ်သမားများ ပြောသည်။

နွေစပါး စီမံကိန်း ဧကသည် များနေပြီး မြစ်ရေတင်ပေးနိုင်မှု နည်းပါးသည့်အပြင် နေအပူချိန်မှာလည်း ၁ဝ၂ ဒီဂရီ ဖာရင်ဟိုက်အထိ မြင့်မားသောကြောင့် လိုအပ်သည့် ရေ မလုံမလောက်နှင့်မို့ ယခုလို ခန့်မှန်း ပြောဆိုကြခြင်း ဖြစ်သည်။

“ရေလုံလောက်အောင် မပေးနိုင်ဘဲ စီမံကိန်း ဧက အများကြီး လုပ်ခိုင်းတယ်။ ဒီလိုနဲ့ လယ်သမားတွေက နှစ်တိုင်း အရှုံးချည်းပဲ။ ဒီ မြစ်ရေတင် စီမံကိန်းကို အရင်က ကိုင်သွားတဲ့ ဗိုလ်မှူး ဝင်းရွှေ ဆိုရင် ပါရမီတက္ကစီ အစီး ၃ဝ ထောင်ထားတယ်။ လယ်သမားတွေကတော့ နှစ်တိုင်း စပါးခင်း မအောင်ဘူး” ဟု ကုက္ကိုလှကျေးရွာမှ လယ်သမား တဦးက ပြောသည်။

စိုက်ပျိုးရေ မလုံလောက်သဖြင့် လယ်သမားများသည် ရေခိုးယူမှုများ ဖြစ်ပွားနေပြီး၊ လွန်ခဲ့သည့် တပတ်ခန့်ကပင် ရေခိုးယူမှုကြောင့် လယ်သမား ၃ ဦး အဖမ်းခံခဲ့ရကြောင်း သိရသည်။

နွေစပါး မအောင်ပါက မိုးစပါး စိုက်ပျိုးရန် အရင်းအနှီး မရှိတော့မည် ဖြစ်သဖြင့် ခိုးယူရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယခင်က ကုက္ကိုလှ၊ ဆင်လမ်း စသည့် ပခုက္ကူ ခရိုင်အတွင်း ကျေးရွာများမှာ သဲဆန်သော စိုက်ပျိုးမြေကြောင့် စပါးမစိုက်ဘဲ ပဲနှင့် ဆေးရွက်ကြီးတို့ စိုက်ပျိုးခဲ့ကြသည်။

ပဲနှင့် ဆေးရွက်ကြီး စိုက်ပျိုးသည့် လယ်မြေများကို နွေစပါးစီမံကိန်းများအဖြစ် အကောင်အထည်ဖော်ရန် လွန်ခဲ့သည့် ၇ နှစ်ခန့်မှ စတင်ကာ မြစ်ရေတင် စီမံကိန်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်း အကောင်အထည် ဖော်ချိန်မှ စတင်ကာ၊ လယ်သမားများမှာ နွေစပါး စိုက်ခဲ့ရပြီး နှစ်စဉ် အရှုံးပေါ်ရတော့သည်။

ရေပေးမြောင်းများကို မပြုပြင်သည်မှာ ကြာပြီဖြစ်၍ အောက်ပိုင်းရှိ လယ်များသည် ရေ မရသလို၊ အပေါ်ပိုင်း လယ်များကိုလည်း ရေပေးဝေရေး နောက်ကျသဖြင့် စပါးခင်းများ ရေငတ်နေရသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */