ဝတ်ပြု ဆုတောင်းသူများကို သာသနာရေးဌာနက တရားစွဲ

Wednesday, May 06, 2009 ·

ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲကြောင့် အဖမ်းခံရသူ ရန်ကုန်တိုင်း တွံတေးမြို့မှ အန်အယ်ဒီ ပါတီဝင် နှစ်ဦးအမှုကို မြို့နယ်တရားရုံးက ယနေ့ စစ်ဆေးရာ သာသနာရေး ဦးစီးဌာနမှ ပါဝင် အစစ်ဆေးခံခဲ့သည်။

မြို့နယ်အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေနှင့် စည်းအဖွဲ့ဝင် ဦးအောင်စိုးဝေကို သာသနာတော် ညှိုးနွမ်းစေရန် ပြုလုပ်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ယနေ့ ဒုတိယအကြိမ် ရုံးထုတ်ရာ သံလျင်ခရိုင် သာသနာရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ကိုယ်တိုင် တရားလိုအဖြစ် အစစ်ဆေးခံခဲ့ခြင်း ဖြစ်သည်။

“ဦးဉာဏ်ဌေးကို စစ်တယ်။ သာသနာရေး အလံမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စာတမ်းရေးလို့ သာသနာကို ညှိုးနွမ်းအောင် လုပ်တယ်ဆိုပြီး စစ်တယ်” ဟု ကိုအောင်စိုးဝေ၏ ညီဖြစ်သူ ကိုအောင်စိုးမင်းက မဇ္ဈိမကို ပြောသည်။

သာသနာရေး အလံတွင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ၊ ကျန်းမာပါစေ ဆိုသည့် စာတန်းများ ရေးခြင်းသည် သာသနာရေးကို ညစ်ထေးစေသည်ဟု ဦးဉာဏ်ဋ္ဌေးက တရားရုံးတွင် ထွက်ဆိုကြောင်း အန်အယ်ဒီ အမှုသည်များအတွက် ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးကျင်တိုးက ပြောသည်။

သူက ဆက်ပြီး “သာသနာ့အလံကို ညစ်ထေးအောင် မလုပ်ရဘူး။ သံဃစာအုပ်တွေ ရှိတယ်။ အဲဒီစာအုပ်ထဲမှာ သံဃာ အဖွဲ့အစည်းက လိုက်နာဖို့ သာသနာ့အလံကို သတ်မှတ်ထားတာ။ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ လိုက်နာဖို့ ထုတ်ပြန်ထားတာ မရှိဘူးသေးဘူး။ ဥပဒေတခုကို ပြည်သူပြည်သားတွေကနေ လိုက်နာစေချင်ရင် ဒီဥပဒေကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းကနေ ထုတ်ပြန်ကြေညာတာ ရှိလားလို့ မေးတော့ မရှိသေးဘူး'' ဟု ပြောသည်။

တရားစွဲဆိုခံရသူ နှစ်ဦးသည် ပြီးခဲ့သည့်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဇီးဖြူကုန်းရွာ ပါတီဝင် လူငယ်များနှင့် နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရွာသားများ စုစုပေါင်း ၅ဝ ခန့်နှင့်အတူ တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာရှိ ဖက်တရာ စေတီတော်ကြီး၌ သာသနာ့အလံနှင့် သပြေပန်းများကို ဂြိုဟ်တိုင်များတွင် စိုက်ထူပြီး ဝတ်ပြုဆုတောင်းခဲ့သည်။

ဆုတောင်းစဉ် တွံတေးမြို့မှ ရဲ ၆ ဦးခန့်က လာရောက်၍ အသံဖမ်းခြင်း၊ မှတ်တမ်းယူခြင်းများ လုပ်ခဲ့သော်လည်း အခြား အနှောင့်အယှက် မပြုဘဲ၊ ပြီးစီးသည့်အခါ တွံတေးရဲတပ်ဖွဲ့ ဒုရဲအုပ် ဝင်းထွဋ်ထွဋ်ဦးက သူတို့နှစ်ဦးကို ခေါ်ယူကာ တွံတေး ရဲစခန်းတွင် ချုပ်နှောင်ဖမ်းဆီးခဲ့သည်။

ယခု စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မသည် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်ပါ ကျခံ ရနိုင်သည့် ပုဒ်မဖြစ်ကြောင်း သိရသည်။

ယနေ့ တရားရုံးက ယခုလ ၁၃ ရက်နေ့သို့ ထပ်မံ၍ ရုံးချိန်းရက် ပေးခဲ့သည်။

source by : မဇ္ဈှိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */