ဒေါ်အောင်ဆန်းစုကြည်အမှုကို လေးရက်မြောက် ဆက်လက်စစ်ဆေး

Thursday, May 21, 2009 ·

ကိုစိုး | ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျီ ယက်ထော နှင့် ပတ်သက် သည့် အမှုကို အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ယနေ့တွင် လေးရက်မြောက်နေ့ အဖြစ် ဆက်လက် ကြားနာ စစ်ဆေးကြောင်း NLD က ပြောသည်။

သက်သေခံပစ္စည်းများနှင့် ပတ်သက်ပြီး ယနေ့တွင် တရားလိုပြ သက်သေများဖြစ်သော ဂျွန် ဝီလျံ ယက်ထော တည်းခိုသည့် ရန်ကုန် မြို့ရှိ ဗျူးတီးလန်း ဟိုတယ် မန်နေဂျာ ဦးကျော်သူ အပါအ၀င် ၄ ဦးနှင့် ယမန်နေ့ က စစ်ဆေးလက်စ တဦးကို စစ်ဆေးသည်ဟု NLD ပြန်ကြားရေး အဖွဲ့မှ ဦးအုန်းကြိုင်က ပြောဆိုသည်။

“သက်သေခံ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဒီနေ့ တရားလိုသက်သေတွေကို ဆက်စစ်ဆေးတာပါ၊ အဲဒီအထဲက ရဲတဦးက ဗီဒီယို မှတ်တမ်း တခွေ ဖွင့်ပြတယ်လို့ သိရတယ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပုံတွေတော့ မပါဘူးတဲ့” ဟု ဦးအုန်းကြိုင်က ပြောသည်။

ယနေ့တွင် နိုင်ငံခြား သံတမန်များနှင့် သတင်းထောက်များကို တရားခွင်သို့ လာရောက်ခွင့် မပြုတော့ကြောင်း လည်း သိရသည်။

ယမန်နေ့ကလည်း သက်သေခံပစ္စည်းများနှင့် ပတ်သက်ပြီး ဆက်လက်စစ်ဆေးကြောင်း၊ နိုင်ငံခြား သံတမန်များ သတင်းထောက်များကို တရားခွင့်သို့ လာရောက်ခွင့်ပြုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ပေး၍ ကောင်းမွန်စွာ ထားရှိကြောင်းတို့ကို ယနေ့ ထုတ် စစ်အစိုးရ သတင်းစာများတွင် ဓာတ်ပုံနှင့် တကွ ဖော်ပြထားသည်။

၎င်း၏ နေအိမ်သို့ ယခုလဆန်းက တိတ်တဆိတ် ၀င်ရောက်လာသော အမေရိကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး ယမန်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */