တထောင်တန် ငွေစက္ကူ အတုများ သယ်သူဟု သံသယရှိသူ နှစ်ဦးကို ရဲက ဖမ်းဆီး

Thursday, May 21, 2009 ·

ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာငွေစက္ကူ တထောင်တန် အတုများ သယ်ဆောင်လာသူဟု သံသယရှိသူ နှစ်ဦးကို ရဲက တာချီလိတ်မြို့တွင် ရဲက ဖမ်းဆီးခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ စန္ဒာလင်း တည်းခိုခန်းတွင် တည်းခိုနေသော ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှ စိုင်းခွန်နွမ်းနှင့် စိုင်းစံရွှေ အား ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြန်မာငွေ ထောင်တန် (အသေး) နှင့်တူသော ငွေစက္ကူအတု အရွက် ၂၀၀၀ ခန့်နှင့်အတူ မေလ ၁၈ ရက် သန်းခေါင်ယံ အချိန်တွင် သိမ်းဆည်းရမိသည်ဟု ဆိုသည်။

ရဲများက တည်းခိုခန်းများအား လိုက်လံစစ်ဆေးရာမှ ငွေစက္ကူများကို တွေ့မိခဲ့ခြင်းဖြစ်ကြောင်းနှင့် “ စက္ကူက အရည်အသွေး မကောင်းဘူး” ဟု ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ပြောသည်။

စိုင်းခွန်နွမ်းမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် (ဇင်းမယ်)တွင် နေထိုင်သူတဦးဖြစ်ပြီး ငွေစက္ကူအတုများမှာ ထိုင်းနိုင်ငံဘက်တွင် ပြုလုပ်သည်ဟု ယုံကြည်ရသည်။

တာချီလိတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦး ငွေအတုကြောင့် ဖမ်းဆီးခံရသူ နှစ်ဦးသည် ရှမ်းပြည် မြောက်ပိုင်းမှ လာရောက် သူများဖြစ်ကာ လက်ရှိတွင် တာချီလိတ် ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု အတည်ပြု ပြောဆိုသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */