ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံအဖွဲ့ ဥက္ကဌ တောင်းဆို

Wednesday, May 20, 2009 ·

သန်းထိုက်ဦး | ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်အတွင်း တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး လွှတ်ပေးရန် နအဖစစ်အစိုးရကို အာဆီယံအဖွဲ့ ဥက္ကဌ တာဝန်ကို ယူထားသော ထိုင်းနိုင်ငံက ယမန်နေ့တွင် တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး ရန်ကုန်အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ကြားနာစစ်ဆေးသည့် ဒုတိယနေ့တွင် ယခုကဲ့သို့ အာဆီယံ ဥက္ကဌ တာဝန်ယူထားသော ထိုင်းနိုင်ငံက ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ယင်းကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေး ရန်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူသားချင်းစာနာပြီး ဂုဏ်သိက္ခာနှင့်အညီ ပြုမူဆက်ဆံရန်၊ ဒေါ်အောင်ဆန်း စုကြည်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်သောကြောင့် ၎င်းအား ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးရန် တို့ကို တောင်းဆိုထားသည်။

ထို့အပြင် နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာအစိုးရ၏ ဂုဏ်သိက္ခာနှင့် မြန်မာနိုင်ငံအပေါ် အများယုံကြည်မှုကို ထိခိုက်နိုင်သည့် အခြေအနေကို ရောက်နေပြီဟု ကြည့်မြင်နေကြကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိ သည်။

သို့သော်လည်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် ရပ်တည်ချက်ကို ဆက်လက်ကျင့်သုံးသွားမည်ဟု ယမန်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရသည့် အရေးနှင့်ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန် နိုင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ အလွတ်သဘောဆွေးနွေးနေကြောင်း၊ အမေရိကန် ပြည်ထောင်စု၊ ပြင်သစ် နှင့် ဗြိတိန်နိုင်ငံတို့၏ အစီအစဉ်ဖြင့် ထိုသို့ ဆွေးနွေး နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယခုလဆန်းပိုင်းက ၎င်း၏ အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ၀ီ လျံ ယက်ထော ဆိုသူ နှင့် ပတ်သက်ပြီး မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန် အကျဉ်းထောင် သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆိုခဲ့သည်။ ယင်းအမှုကို စစ်ဆေးနေသည်မှာ ယနေ့ဆိုလျင် ၃ ရက် မြောက် နေ့ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက“သူတို့ကအမှုကို အမြန်ဆုံး ပြီးပြတ်အောင်ကြိုး စားနေတယ်လို့ ယူဆပါတယ်”ဟု AP သတင်းဌာနကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်းရှေ့နေများ ပြောပြချက် အရ သိရှိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr.John William Yettaw)သည် အင်းလျားကန် စောင်းရှိ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ နေထိုင်ခဲ့ကြောင်း စစ်အစိုးရသတင်းစာ များတွင် ဖော်ပြထားသည်။

ယမန်နေ့ထုတ် သတင်းစာများတွင် ၎င်း ဂျွန် ၀ီလျံ ယက်ထော သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က လည်း ခြံအနောက်ဘက် အင်းလျားကန် အတွင်းမှ ရေကူးပြီးသွားရောက်ကာ ခြံဝ၌ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့နှင့်တွေ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှု ရန် Book of Mormon အမည်ရှိစာအုပ်ကို ခြံဝင်းအတွင်း ချထား ပေးခဲ့ကြောင်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ဂျွန် ၀ီလျံ ယက်ထော ပထမ အကြိမ် သွားရောက်ခဲ့စဉ်က လုံခြုံရေး တပ်ဖွဲ့ ဝင်များကို လာဘ် ငွေပေးပြီး ဝင်ရောက်ရန် ကြိုးစားခဲ့သဖြင့် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်များထံ တိုင်ကြားခဲ့ဖူးကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာ အာဏာပိုင်များက မည်သို့မျှ အရေးမယူ ခဲ့ကြောင်း သိရှိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */