အဖွဲ့ချုပ်ရုံးတဝိုက် လုံခြုံရေးတိုးမြှင့်

Wednesday, May 20, 2009 ·

ကြည်ဝေ | ရန်ကုန်မြို့၊ ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့နှင့် အနီးတ၀ိုက်၌ ယနေ့တွင် ရဲကားများ၊ ယူနီဖောင်းဝတ်ရဲများ၊ အချုပ်ကားများ၊ ဆိုင်ကယ်များ၊ အရပ်ဝတ်ရဲများနှင့် လုံခြုံရေးတင်းကျပ်စွာ ချထားသည်။


ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်အမှု ကြားနာနေချိန် လုံခြုံရေးယူထားသော ရဲကားများကို တွေ့ရစဉ် (ဓာတ်ပုံ - Getty Images)
NLD ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အား အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုဖြင့် ရန်ကုန်မြို့ရှိ အင်းစိန်ထောင်အတွင်း၌ စစ်ဆေး ကြားနာ နေစဉ်အတွင်း NLD ရုံးကို လုံခြုံရေး ထူထပ်စွာ ချထားပြီး စောင့်ကြည့်နေခြင်းဖြစ်သည်။

“၁၅ ရက်နေ့ကတည်းက ခုလိုပဲ ရဲကား ၂ စီး ၃ စီး က ရုံးရှေ့နားမှာ ရှိနေတာပဲ၊ ဒီနေ့ကတော့ အရင်ရက်တွေ ကထက် ပိုများတယ်၊ ရုံးရှေ့ လက်ဖက်ရည် ဆိုင်ထဲမှာ လည်း အပြည့်ပဲ၊ ဗီဒီယို ကင်မရာတွေနဲ့ လာသမျှလူတိုင်း ကို ရိုက်နေတာ”ဟု NLD ရန်ကုန်တိုင်း စည်းရုံးရေးမှူး တဦးက ပြောပြသည်။

NLD သို့ လာရောက်သော အဖွဲ့ဝင်များကိုလည်း ရုံးရှေ့လက်ဖက်ရည်ဆိုင်တွင် ထိုင်ပြီးအရပ်ဝတ်နှင့် အမျိုး သားများက ဗီဒီယို ကင်မရာအသေး ၂ လုံးနှင့် ရိုက်လျက်ရှိသည်ကို တွေ့မြင်ရသည်။

NLD ရုံးချုပ်တွင်လည်း ယခုရက်ပိုင်း လူစည်ကားလျက်ရှိသည်။ အများစုမှာ ဒေါ်အောင်ဆန်းစုကြည်၏ သတင်း ကို သိလိုသောကြောင့် လာရောက်နေကြခြင်းဖြစ်ပြီး NLD အဖွဲ့ဝင်များမှာ တရားရုံးမှ ပြန်လာသည့် ရှေ့နေများ ထံမှ သတင်းစကားကြားရသည့်အချိန်ထိ စောင့်နားထောင်လေ့ရှိကြောင်း အထက်ပါ NLD တိုင်းစည်းရုံးရေးမှူး က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို NLD မှ တဆင့် လူအများက နားထောင်ကြလေ့ရှိကြပြီး နယ်မှလည်း ဖုန်းများဖြင့် ဆက်သွယ်မေးမြန်းကြကြောင်း သိရှိရသည်။

NLD အဖွဲ့ဝင်များ၏ အိမ်ဖုန်း တချို့သည် မေ ၁၅ ရက်နေ့ နံနက် ခင်းကတည်းကပင် ပြတ်တောက်လျှက်ရှိသည် မှာ ယနေ့ထိ ဖြစ်ပြီး NLD ရုံးချုပ်မှ တယ်လီဖုန်းလိုင်းကိုမူ အာဏာပိုင်များက၂၀၀၇ ခုနှစ် သြဂုတ်လကတည်းက ဖြတ်ထားခဲ့သည်မှာ ယနေ့အထိ ဖြစ်ကြောင်း သိရှိရသည်။

“လက်ကိုင် ဖုန်းတွေ ပြောလို့ရပေမယ့် စိတ်မချရဘူး၊ ခိုးနားထောင်တာပဲ၊ အထူးသဖြင့် ခုလို ရက်တွေဆိုရင် ဖုန်းနဲ့ ပြောလို့မရဲအောင် ဖြစ်ရတယ်”ဟု NLD အဖွဲ့ဝင်တဦးက ပြောပြသည်။

မေလ ၁၅ ရက်နေ့မှ စတင်ပြီး အင်းစိန်ထောင် ပတ်ဝန်းကျင်၌ လုံခြုံရေးအများအပြား ချထားခဲ့သော်လည်း မေလ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မူလုံခြုံရေး တ၀က်နီးပါးခန့် လျော့နည်းသွားကြောင်း အင်းစိန်ရွာမတွင် နေထိုင်သူ တဦးက ပြောသည်။

“ဒီမနက် မိုးလင်းတော့ အိမ်နဲ့တည့်တည့်မှာ ရှိတဲ့ ရဲကားမရှိတော့ဘူး၊ ပြီးတော့ အရင် ကိုက်၂၀ လောက်မှာ ရဲကားတစီး ရှိနေတာ အခု ကိုက် ၁၀၀ ၀န်းကျင် အတွင်းမှ၂ စီးလောက်ပဲ ရှိတော့တယ်”ဟု သူက ပြောသည်။ ထို့အပြင် ယခင်ပိတ်ထားသော အင်းစိန် ခုံးကျော် တံတားထိပ်ကိုလည်း ဖွင့်ပေးလိုက်ပြီး အင်းစိန်ဈေးရှေ့တည့် တည့်မှ အောက်ခုံးကျော်အထိသာ ပြောင်းလဲ ပိတ်လိုက်ကြောင်း သူက ဆိုသည်။

“အင်းစိန်ဈေးကတော့ ပိတ်တုန်းပဲ၊ လမ်းကတော့ ရှေ့ကို နည်းနည်း တိုးဖွင့်ပေးလိုက်တယ်၊ ယာဉ်တွေကိုတော့ ဖြတ်ခွင့် မပေး သေးဘူး”ဟု အဆိုပါ အောင်ဇေယျ တံတားထိပ်တွင် နေထိုင်သူတဦးက ပြောသည်။

အင်းစိန်ထောင်ဘူးဝ ရှေ့တွင်လည်း လူ ၃၀ ခန့် ထောင်ဝင်စာတွေ့ခွင့်ရရန် စောင့်ဆိုင်းနေကြသည်။အင်းစိန် ထောင်ရှေ့ရှိ မျက်နှာချင်းဆိုင်မှ ကျော် လက်ဖက်ရည် ဆိုင်တွင်လည်း ဆိုင်လုံးပြည့် လူပြည့်လျှက်ရှိသည်။

ယမန်နေ့က ဘုရင့်နောင်လမ်းမကြီး တလျှောက်တွင် ချထားသော လုံခြုံရေးများကို ယနေ့တွင် မတွေ့ရတော့ဘဲ၊ လမ်းမကြီးတလျှောက် ရှင်းလင်းနေသည်ကိုလည်း တွေ့မြင်ရသည်။

“ဒီနားမှာ အရင်နေ့က ချထားတဲ့ လုံထိန်းတွေ NLD ရုံးရှေ့ ရောက်ခဲ့ပြီထင်တယ်၊ အင်းစိန်ထောင်နားမှာ နည်း သွားပြီး NLD ရုံးရှေ့ မှာတော့ ပိုများလာတယ်” ဟု NLD အဖွဲ့ဝင် လူငယ်တဦးက ပြောပြသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */