နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်နေ

Wednesday, May 20, 2009 ·

အောင်သက်ဝိုင်း | ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ရုံးတင်တရားဆွဲဆိုမှုများ ပြုလုပ်နေချိန် ရန်ကုန်စီးပွားရေး ဈေးကွက်၌ ဆန်၊ ဆီ အပါအ၀င် အခြေခံ စားသောက်ကုန်များ၊ စက်သုံးဆီနှင့် ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ မြင့်တက်နေကြောင်း သတင်းရရှိသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆကြပြီး ရွှေနှင့် ဒေါ်လာ ၀ယ်ယူစုဆောင်းသူ အများအပြား ရှိနေကြောင်းလည်း ရန်ကုန်စီးပွားရေး အသိုင်း အ၀န်းမှ သိရသည်။

“ရွှေဈေး( အကယ်ဒမီအခေါက်ရွှေ တကျပ်သား)က ကျပ် ၅၂၈၀၀၀ ၀န်းကျင်မှာရှိတယ်၊ မေလ ၁၂ ရက်နေ့က ဈေး ၅၁၅၀၀၀ ကနေ တက်လာတာ၊ ၀ယ်သူများတယ်၊ အထူးသဖြင့် နယ်အ၀ယ်များတယ်၊ ဈေးဆက်တက် လိမ့် ဦးမယ်”ဟု ရန်ကုန်မြို့ရှိ နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်တဦးကပြောသည်။

ရွှေဈေးမြင့်တက် လာရခြင်းသည် ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်းကြောင့် ဖြစ်သော်လည်း ပြည်တွင်းနိုင်ငံရေးမတည် ငြိမ်မှုများ ဖြစ်လာ နိုင်သည် ဆိုသော တွက်ဆချက်များ၏နောက်ဆက်တွဲ အ၀ယ်များခြင်းကြောင့်လည်း ဖြစ်ကြောင်း ရွှေ စီးပွားရေး သမားများက ပြောဆိုကြသည်။

ရန်ကုန် တရားမ၀င်နိုင်ငံခြားငွေလဲလှယ်သည့် ဈေးကွက်ရှိ အမေရိကန်ဒေါ်လာနှင့်မြန်မာငွေ လဲလှယ်ဈေးနှုန်း တွင် မြန်မာငွေ တန်ဖိုးအနည်းငယ်ကျဆင်းပြီး ဒေါ်လာတန်ဖိုး တက်လာကြောင်း၊ အမေရိကန်ဒေါ်လာ ၀ယ်ယူ စုဆောင်းသူလည်း များပြားလှကြောင်း ရန်ကုန်အခြေစိုက်စီးပွားရေးသမားတဦးက ဆိုသည်။

“တဒေါ်လာ ကို မြန်မာငွေ ၁၀၇၀ ကျပ်ပေါက်နေတယ်၊ ဒေါ်လာဝယ်စုတဲ့သူလည်း များတယ်၊ ၀ယ်စုတဲ့သူတွေက တဒေါ်လာ မြန်မာငွေ ၁၀၈၅ ကျပ်နဲ့ ကုန်သည်တွေဆီက ပြန်ဝယ်ရတယ်၊ FEC တစ်ယူနစ်ကိုလည်း မြန်မာငွေ ၁၀၁၅ ကျပ်ဈေးရှိတယ်၊ နိုင်ငံရေး အခြေအနေ မကောင်းရင် မြန်မာငွေ တန်ဖိုး ထပ်ကျနိုင်တယ်”ဟု နိုင်ငံခြားငွေ လဲလှယ် ရောင်းဝယ်သည့် ဈေးကွက်မှ ငွေကုန်သည်ကြီး တဦးက ပြောသည်။

ဆန်ဈေးနှုန်းမှာလည်း အနည်းငယ်တက်နေပြီး ဘုရင့်နောင်ဈေးရှိ ဆန်ပွဲရုံများတွင် ဆန် အရောင်းအ၀ယ် ပါးနေ သော်လည်း ရန်ကုန် တမြို့လုံးရှိ ဆန် လက်လီ အရောင်းဆိုင်များတွင်မူ ဆန်ဝယ်ယူမှု များသည်ဟု သိရသည်။

“ဆန်ဈေးက ဧပြီလတုန်းက ဈေးနဲ့ယှဉ်ရင်နည်းနည်းတက်တယ်၊ မိုးဦး ကျချိန်မှာ ဆန်ဈေး တက်လေ့ရှိတယ်။ ဈေးတက်ပေမယ့် အရောင်းအ၀ယ်တအားပါးတယ်”ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန် ပွဲရုံ ပိုင်ရှင် တဦးက ရှင်းပြသည်။

ယခုဈေးကွက်တွင်ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများအနက် ၁၀၈ ပေါင် ဖျာပုံပေါ်ဆန်းမွှေး တအိတ်လျှင်၂၆၀၀၀ ကျပ်၊ တောင်ပျံ ရှယ်တအိတ်လျှင် ၂၂၀၀၀ ကျပ်၊ ဇီယာဆန် တအိတ်လျှင် ၁၅၀၀၀ ကျပ်၊ သီထပ်စ နွေရှယ် တ အိတ် လျှင် ၁၅၅၀၀ ကျပ်၊ ပေါ်ကျွဲ တအိတ်လျှင် ၁၈၅၀၀ ကျပ်ဈေး ရှိပြီး အဆိုပါဈေးနှုန်းများသည် ဧပြီလ ဈေးနှုန်း နှင့်နှိုင်းယှဉ်ပါက တအိတ်လျှင် ကျပ် ၅၀၀ မှ ၃၀၀၀ ထိမြင့်တက်သည်ဟု ဆန်လုပ်ငန်းသမားများက ပြောသည်။

ဘုရင့်နောင် စားသုံးဆီ လက်ကားဈေးကွက်တွင် စားအုန်းဆီ တပိဿာ ၁၈၂၀ ကျပ် ၊ ပဲဆီတပိဿာ ၂၇၀၀နှင့် ၂၈၀၀ ကျပ်ဝန်းကျင် ဈေးရှိပြီး ရပ်ကွက်နှင့် ဈေးများအတွင်း လက်လီရောင်းချသည့် ဈေးနှုန်းမှာ စားအုန်းဆီ တပိဿာ ၂၅၀၀ ကျပ်၊ ပဲဆီတပိဿာ ၃၀၀၀ ကျပ်ရှိကြောင်း၊ ထိုဈေးနှုန်းများသည် အနည်းငယ်မြင့်တက်သော ဈေးနှုန်းများ ဖြစ်သည်ဟုလည်း သိရသည်။

စက်သုံးဆီ ဈေးကွက်တွင်လည်း ဒီဇယ်ဆီတပီပါ ၁၀၀၅၀၀ ကျပ် ဈေးနှုန်းမှ တသိန်းတသောင်း ၁၁၀၀၀၀ ကျပ် ဈေးထိ ၉၀၀၀ ကျော် ဈေးတက်သွားပြီး ပြည်ပလောင်စာဆီဈေးနှုန်းများမြင့်တက်ခြင်းကြောင့် ပြည်တွင်း ဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */