NEJ | တာချီလိတ်မြို့တွင် ထိုင်းနှင့်မြန်မာနိုင်ငံအကြား တယ်လီဖုန်း ဝန်ဆောင်မှု ပေးနေသည့် လုပ်ငန်းများကို မြန်မာအာဏာပိုင်တို့က ဝင်ရောက်စစ်ဆေးကာ အချို့ဖုန်းလိုင်းများကို ဖြတ်တောက် ခဲ့ကြောင်း အဆိုပါ လုပ်ငန်း လုပ်ကိုင်နေသူတို့ထံမှ သိရသည်။
ဖုန်းဝန်ဆောင်မှု လုပ်ကိုင် နေသူ တဦးက “မေလ (၁၂) ရက်၊ (၁၃) ရက်နေ့တွေက ဒေသအာဏာပိုင်တွေရယ်၊ ဆက်သွယ်ရေး လုပ်ငန်းက ဝန်ထမ်းတွေရယ် ပေါင်းပြီး တယ်လီဖုန်းဆက်သွယ်မှု လုပ်ပေးနေတဲ့ အိမ်တွေကို လိုက်စစ်တာ။ ကျမတို့က ကြိုသတင်း ရတော့ ကွန်ပျူတာတွေ၊ စက်ပစ္စည်းတွေကို ရှင်းထားတော့ ဘာမှ ပြဿနာ မရှိဘူး။ တချို့ကတော့ ကွန်ပျူတာတွေ အသိမ်းခံရတယ်၊ တချို့ကတော့ တယ်လီဖုန်းလိုင်း အပိတ်ခံ လိုက်ရတယ်။ အရေအတွက် ဘယ်လောက်လဲ ဆိုတာကိုတော့ မသိဘူး” ဟု ပြောသည်။
နအဖစစ်အစိုးရက တယ်လီဖုန်းလိုင်းများကို ပုံမှန် ကြားဖြတ်နားထောင်လေ့ရှိခြင်းကြောင့် နိုင်ငံခြားနှင့် ဆက်သွယ် ဝန်ဆောင်မှုပေးသည့် ဖုန်းနံပါတ်မှတဆင့် နေအိမ်များကို သိရှိပြီး လိုက်လံ စစ်ဆေး အရေးယူခြင်း ဖြစ်ကြောင်း၊ ထိုသို့ စစ်ဆေး အရေးယူရာတွင် ဂျီအက်စ်အမ် ဖုန်းကဲ့သို့ မိုဘိုင်းဖုန်းဖြင့် လုပ်ကိုင်သူများကို ဖမ်းဆီးရန် ခက်ခဲသည့်အတွက် လိုင်းကို ပိတ်ပစ်ခြင်းဖြင့် အရေးယူလေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ နိုင်ငံခြားသို့လည်းကောင်း၊ ပြည်ပမှ မြန်မာနိုင်ငံသို့လည်းကောင်း တယ်လီဖုန်းခေါ်ခ ဈေးနှုန်း အလွန်ကြီးမြင့်သည့်အတွက် ထိုင်း-မြန်မာ နယ်စပ်တို့တွင် နေထိုင်သူအချို့က မြန်မာဖုန်းနှင့် ထိုင်းနိုင်ငံက ဖုန်းကို ကွန်ပျူတာဖြင့် ချိတ်ဆက်ကာ ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းကို လုပ်ကိုင်ကြခြင်းဖြစ်သည်။
ထိုသို့ ၀န်ဆောင်မှုပေးသူမှတဆင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ဖုန်းခေါ်ပါက တမိနစ် (၁၅) ဘတ်ခန့်သာ ကုန်ကျပြီး သာမန် ခေါ်သည်ထက် အလွန်ဈေးနှုန်း သက်သာကြောင်း၊ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပုံမှန် ဖုန်းခေါ် ပါက တမိနစ် အမေရိကန် ဒေါ်လာ (၁.၄၄) ကျပြီး ဘတ်ငွေဖြင့် ဘတ် (၅ဝ) ကျော်ကျကာ ထိုင်းဘက်မှ မြန်မာ နိုင်ငံတွင်းသို့ ဖုန်းခေါ်ပါက တမိနစ် ဘတ် (၃ဝ) ခန့် ကုန်ကျသည်။
ထို့ကြောင့် ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်သူများ၊ ကျောင်းသွားတက်သူများသည် အဆိုပါလိုင်းများကို အသုံးပြုကာ မိဘဆွေ မျိုးများနှင့် အပြန်အလှန် ဆက်သွယ်လေ့ရှိကြပြီး ထိုသို့ ဆက်သွယ်နိုင်ရန်အတွက် ထိုင်းဘက်တွင် နေထိုင်သူသည် တယ်လီဖုန်း ကြားခံ ဆက်သွယ် ပေးသူအား ဘဏ်စာရင်းမှ တဆင့် ကြိုတင်ငွေ ပေးသွင်းရသည်။
တရုတ်-မြန်မာ နယ်စပ်ဘက်တွင်လည်း ယခုကဲ့သို့ တယ်လီဖုန်းဆက်သွယ်ပေးမှုများ ရှိပြီး ပြီးခဲ့သည့်နှစ်က စစ်အစိုးရ အာဏာပိုင်များက ဂျီအက်စ်အမ်ဖုန်း အလုံးပေါင်း ရာဂဏန်းနီးပါးကို ဆက်သွယ်မှု ပိတ်ပစ်ခဲ့သည့် အတွက် တယ်လီဖုန်း ဝယ်ယူထားသူများ ကျပ်ငွေ (၁၅) သိန်း၊ သိန်း (၂ဝ) ခန့်စီ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
စစ်အစိုးရ အာဏာပိုင်များသည် ၎င်းတို့ ကြားဖြတ်နားထောင်နိုင်သည့် နိုင်ငံခြားဆက်ကြောင်းထဲက မဖြတ်သည့် အဆိုပါဝန်ဆောင်မှု လုပ်ငန်းကို မနှစ်ခြိုက်သည့်အတွက် ယခုကဲ့သို့ အကြိမ်ကြိမ် စစ်ဆေး၊ ဖမ်းဆီး၊ အရေးယူ မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။
source by : ခေတ်ပြိုင်
တယ်လီဖုန်း ၀န်ဆောင်မှုပေးသူများကို ဝင်ရောက်စစ်ဆေး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment