မင်းနိုင်သူ | ယမန်နေ့တရားခွင်တွင် ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမနှင့် မစ္စတာယက်တော တို့ကို စစ်မေးခဲ့ရာ အဓိကအားဖြင့် မစ္စတာ ယက်တောကို စစ်မေးမှု ပြုခဲ့ကြောင်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။
နံနက်ပိုင်း တရားခွင်တွင် ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အား တနာရီခန့်စီ စစ်မေးခဲ့ပြီးနောက် ညနေပိုင်း တရားခွင်တွင် မစ္စတာ ယက်တော တဦး တည်းကိုသာ အဓိကထားစစ်မေးခဲ့သည်။
ထိုသို့စစ်မေးရာ မစ္စတာယက်တောက ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ခြံသို့ ယမန်နှစ် နိုဝင်ဘာလ အတွင်းကလည်း ၀င်ရောက် ခဲ့ဖူးကြောင်း၊ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ခဲ့ရကြောင်း၊ အပြန်တွင် လမ်းလျှောက်ပြန်လာရာ လုံခြုံရေး အရာရှိတဦးက တွေ့ရှိပြီး ၎င်းကို တစုံတခုလှမ်းပြောကြောင်း၊ ၎င်းက ပြန်တော့မယ်ဟု ဆိုကာ ပြောဆိုပြီး ပြန်လာခဲ့ကြောင်း၊ ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်သူ တစုက လုပ်ကြံမည့်အရေးကို မြင်သောကြောင့် ဘုရား သခင်အလိုရ လာရောက် ရခြင်း ဖြစ်ကြောင်း ထွက်ဆို သွားခဲ့သည်ဟု ပါတီပြောခွင့်ရသူ ဦးအုံးကြိုင်က ပြန်လည် ပြောပြသည်။
ထို့နောက် ယခုနှစ် မေလ (၃) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ သွားရန် အင်းလျား ကမ်းစပ် တလျှောက် လမ်းလျှောက် လာစဉ် တွင်လည်း လုံခြုံရေး ၀န်ထမ်း (၅) ဦးကို တွေ့ခဲ့ရကြောင်း၊ ထိုသူတို့က တားဆီးခြင်း မရှိဘဲ ခဲသေးသေးလေးများဖြင့် ၎င်းကို ပေါက်ကာ စနောက်ခဲ့ကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အတွက် ၎င်းယူလာသော ပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ကြောင်း၊ ထို့ကြောင့် အိမ်မှ သိမ်းဆည်းရမိသော ပစ္စည်းများမှာ ၎င်းမေ့ကျန်ခဲ့သော ပစ္စည်းများသာ ဖြစ်ကြောင်း၊ ၎င်းဓာတ်ပုံ တချို့ ရိုက်ကူး ခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည်တို့ မသိရှိခဲ့ကြောင်း၊ နေအိမ်အတွင်း ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည် ကို နှစ်ကြိမ်သာ တွေ့ခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေကို လေးစားလိုက်နာရန်နှင့် အမြန်ဆုံးပြန်ရန် စကားနှစ်ခွန်း ကိုသာ နှစ်ကြိမ်စလုံး ပြောဆိုသွား ခဲ့ကြောင်း မစ္စတာယက်တော က ထွက်ဆိုခဲ့သည်။
“မစ္စတာယက်တောက သူဟာ ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရမယ့်အရေးကို မြင်တဲ့အတွက် ဘုရားသခင် အလိုကျ လာရောက် ရတယ်လို့ သုံးလေးကြိမ်ပြောတာကို အစိုးရဘက်က လူတွေက ရယ်တယ်တဲ့။ တရားခွင် ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ ဦးကြည်ဝင်း ကို ပြောတယ်။ ဒီလို သူတပါး လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်နဲ့ လွတ်လပ်စွာပြောဆိုတာကို ပြက်ရယ်ပြုတာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်” ဟု ဦးအုံးကြိုင်က ပြန်လည်ပြောဆိုသည်။
နအဖစစ်အစိုးရ၏ ယနေ့ထုတ်သတင်းစာများတွင် တရားခွင်ထွက်ဆိုချက်အချို့ကို ဖော်ပြခဲ့သော်လည်း မစ္စတာယက်တော၏ အထက်ပါထွက်ဆိုချက်များကို ချန်လှပ်ထားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဦးတင်ဦး (အန်အယ်လ်ဒီပါတီ ဒု-ဥက္ကဋ္ဌ)၊ ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး)၊ ဦးကြည်ဝင်း (လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့် ဒေါ်ခင်မို့မို့တို့ သက်သေ ထွက်ဆိုရန် တင်ပြခဲ့သော်လည်း တရားသူကြီးက ဦးကြည်ဝင်းကိုသာ သက်သေထွက်ဆိုခွင့်ပေးကာ ကျန် (၃) ဦးကို သက်သေထွက်ဆိုခွင့် ပယ်ချခဲ့သည်။
“ဒီနေ့ ဦးကြည်ဝင်း (လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ကိုစစ်မေးပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ကို သောကြာနေ့မှာ စီရင်ချက်ချလိမ့်မယ်လို့လည်း အများက ယူဆထားကြပါတယ်” ဟု ပါတီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။
သက်သေထွက်ဆိုရန် ပယ်ချခံရသူတဦးဖြစ်သည့် ဦးဝင်းတင်က “သူတို့ဘက်က ပုဒ်မ ၂၅၇ အပိုဒ်-(၁) အရ တရားစီရင်မှုကို အဟန့်အတား ဖြစ်စေမယ့် ပုဂ္ဂိုလ်များကို တားဆီးနိုင်တယ်ဆိုတဲ့ ဥပဒေအရပေါ့။ ကျနော် တို့ဟာ တရားစီရင်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်၊ အဟန့်အတားဖြစ်စေနိုင်တယ်၊ တရားစီရင်မှုရဲ့ တရားမျှတမှုကို ပျက်ပြားစေနိုင်တယ်လို့ ယူဆနိုင်တဲ့ သူတွေဖြစ်တဲ့ အတွက် ပယ်တယ်ဆိုပြီးတော့ ပြောတယ်တဲ့။ ဒီအမိန့်နဲ့ပတ်သက်ပြီး ဘာကြောင့်ဒီလို ချတယ်၊ ဘာအကြောင်းပြချက်လည်း ဆိုတာကို မေးဖို့သွားတဲ့အခါကျတော့ တံခါးပိတ်ထားတယ်။ မေးခွင့်လည်းမရဘူး။ သွားခွင့်လည်းမရဘူး။ အဲဒါနဲ့ပဲ လက်ခံလိုက်ရတယ်” ဟုပြောသည်။
source by : ခေတ်ပြိုင်
ဒေါ်စုအမှု တရားခွင် ထွက်ဆိုချက်များ နအဖသတင်းစာတွင် အပြည့်အစုံမဖော်ပြ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment