ဒေါ်အောင်ဆန်းစုကြည်ကို ဆက်အရေးယူမည်ဟု နအဖတုံ့ပြန်

Thursday, May 28, 2009 ·

မင်းနိုင်သူ | မေ (၂၂) ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့်ပတ်သက်၍ မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလတွင် သူမ၏ နေအိမ်သို့ တရားမ၀င် လျှို့ဝှက် ၀င်ရောက် လာသော အမေရိကန်နိုင်ငံသားအား နှစ်ရက်တိုင်တိုင် နေထိုင်ခွင့်ပြုခြင်း၊ လက်ခံစကားပြောခြင်း၊ အစားအသောက် ကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့သည့်အတွက် ဥပဒေနှင့်အညီ အမှုဖွင့် တရားစွဲဆိုခဲ့သည်ဟု ဖော်ပြသည်။

ဤသို့တရားစွဲဆိုခြင်းသည် နိုင်ငံရေးအကျိုးသက်ရောက်မှု တစုံတရာ ဖြစ်ပေါ်လာနိုင်ဖွယ်ရာ မရှိသဖြင့် ၎င်းတို့၏ အရေးယူ ဆောင်ရွက်ချက်ကို ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

ထို့နောက် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရန်တွင် ပါဝင်နိုင်ရေးအတွက် ၂၀၀၈ ခုနှစ် စက်တင်ဘာ (၂၃) ရက်တွင် အကျဉ်းသား (၉,၀၀၂) ဦးနှင့် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ (၂၀) ရက်တွင် အကျဉ်းသား (၆,၃၁၃) ဦးတို့ကို လွှတ်ပေးခဲ့ကြောင်းနှင့် မူဝါဒလမ်းစဉ် (၇) ရပ်၏ ပဉ္စမအဆင့်ဖြစ်သည့် ပါတီစုံရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မေ (၂၂) ရက် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းများနှင့် တိုင်းရင်းသားများ တွေ့ဆုံ ဆွေးနွေးရေးအတွက် လိုအပ်သော အခြေအနေကောင်းများ ဖန်တီးကာ ကုလသမဂ္ဂ အထောက်အပံ့ဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ရန် မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန်လည်း ဖော်ပြပါရှိသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ၀ါရင့်သံအမတ်ဟောင်းတဦးဖြစ်သူ ဦးချန်ထွန်းက “ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည် ကို အမှုဖွင့်လို့ ပေါ်ပေါက် လာရတာ ဖြစ်တယ်။ ဒါကို ပြန်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမှုဖွင့်ထားပြီး လုံခြုံရေးတာဝန်ယူရတဲ့ အဖွဲ့အစည်းက တာဝန်ရှိပုဂ္ဂိုလ်တွေကို ဘာမှမလုပ်ဘူးဆိုတာ သဘာဝမကျဘူး။ နောက် ယက်တောက မနှစ်ကတည်းက လာဖူးတာပဲ။ အဲဒါကိုလည်း အာဏာပိုင်တွေကို အကြောင်းကြားထားတာပဲ။ ဒီအထဲက ထပ်လာနိုင်တယ်ဆိုတာ ဘာ့ကြောင့်လဲ။ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ အထင်းသားကြီးပဲ” ဟု သုံးသပ်ပြောဆိုသည်။

“နောက်တခုက သူတို့က အကျဉ်းသားတွေ လွှတ်ပေးတယ်လို့ပြောတယ်။ အဲဒီလွှတ်တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားက ဘယ်လောက်ပါလို့လဲ။ နှစ်သုတ်ပေါင်းမှ (၂၅) ယောက်လောက်ပဲ ပါတယ်ထင်တယ်။ အများအားဖြင့်က ခိုးဆိုးလုယက်တဲ့ လူတွေကိုသာ အများဆုံးပြန်လွှတ်ခဲ့တာပဲ။ အဲလိုလူတွေ အများစုကို ပြန်လွှတ်တဲ့အတွက် အပြင်မှာ ဒုစရိုက်မှုတွေ ပိုများလာတာဖြစ်တယ်လို့ ယူဆကြတာ တွေလည်း ရှိတယ်။ ဒါတွေကတော့ မိုးကြိုးပစ်ရာ ထန်းလက်နဲ့ကာနေတဲ့ သဘောပေါ့။ ဒီထက်သာ ပိုဆိုးတဲ့ အခြေအနေကို အစိုးရ ဘက်က ဖန်တီးခဲ့ရင် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဖိအားတွေ ပိုများလာမှာ ဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေလည်း ကောင်းလာမှာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာစစ်အစိုးရအပေါ် အစဉ်တစိုက် ပျော့ပြောင်းညင်သာစွာ ဆက်ဆံခဲ့သည့် အာဆီယံကလည်း ယခုကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

သို့သော် မြန်မာစစ်အစိုးရက ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်းနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံသည် လုပ်ထုံး လုပ်နည်း များနှင့် မညီ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲတုံ့ပြန်ခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */