လမ်းပိတ်ဆို့မှုကြောင့် ဈေးသည်များ စီးပွားရေးထိခိုက်

Thursday, May 28, 2009 ·

NEJ | လုံခြုံရေးရဲများ ချထားမှုကြောင့် အင်းစိန်ဈေးရှိ ဈေးသည်များ ဈေးရောင်းမကောင်းကြဘဲ မပြောရဲ မဆိုရဲ ဖြစ်နေကြ ကြောင်း ဈေးသူဈေးသားများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အမှု စတင်စစ်ဆေးသည့် နေ့မှစ၍ စစ်အစိုးရအာဏာပိုင်များက ဈေးထိပ် ပေါက်တောဝမှ စပြီး ဘုရင့်နောင်လမ်း မီးပွိုင့်ထိ လမ်းများပိတ်ဆို့ထားသဖြင့် မဖြစ်မနေ ဈေးဝယ်လိုသူ အချို့မှ လွဲ၍ ဈေးဝယ်သူမရှိ သလောက် နည်းပါးနေကြောင်း အင်းစိန်ဈေးမှ ဈေးဆိုင်ပိုင်ရှင်တဦးကပြောသည်။

၎င်းက “လမ်းပိတ်ထားတယ်။ ရဲတွေက သေနတ်တွေကိုင်ပြီး စောင့်နေတယ်။ ဈေးသွားမယ့်သူတွေ ဘယ်လို လာမလဲ။ ကျနော်တို့က ငွေကြေးနဲ့ ရင်းနှီးထားရတာ၊ ကျောင်းဖွင့်ရာသီကာလကိုပဲ အားထားရတာလေ။ ခု ၀ယ်သူမလာဘူး” ဟု စိတ်လိုက်မာန်ပါဖြင့် ပြောသည်။

ဈေးတွင်းမှ ကျောင်းသုံးပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တဦးကလည်း “ကျနော်တို့ ဘယ်လောက်ထိ ဈေးရောင်း မကောင်းဖြစ်နေလဲဆိုတာ မေးစရာမလိုဘဲ အမြင်နဲ့ သိနိုင်ပါတယ်။ အခုဆို ရောင်းမကောင်းတာ ကိုးရက်ထဲ ရောက်နေပြီ” ဟု ပြောသည်။

အင်းစိန်ဈေးတွင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး ရောင်းသူအချို့လည်း ယခင်ကဲ့သို့ ဈေးမရောင်းရ သောကြောင့် တိုးတိုးတိတ်တိတ် ညည်းတွားနေကြကြောင်း ဈေးအရှေ့မျက်နှာစာတန်းမှ ဈေးသည် အမျိုးသမီးကြီး တဦးက ပြောသည်။

“ဒါက အဒေါ်သိသလောက် ပြောပြတာပါ။ ရောင်းမကောင်းဘူးလို့ မပြောရဲဘူး။ တော်ကြာ ကိုယ့်ကိုလာဖမ်းတော့ ဘယ့်နှယ်လုပ်မလဲ။ ကြောက်နေရတယ်” ဟု ၎င်းက ပြောသည်။

ယခုအခါ ဈေးဖွင့်၍ရသော်လည်း ဈေးဝယ်လိုသူများအတွက် အခက်အခဲရှိကြောင်း၊ လုံခြုံရေးရဲ အမြောက်အမြား ချထားသည့်အတွက် ဈေးဝယ်လိုသူများက ကြောက်ရွံ့ကာ မလာဝံ့ကြကြောင်း၊ မော်တော်ယာဉ်များကို ဖြတ်မောင်းခွင့် မပေးသည့်အတွက်လည်း ဈေးရောင်းအားကို ပိုမိုထိခိုက်ကြောင်း အင်းစိန် ဈေးသာယာရေး ကော်မတီ အဖွဲ့ဝင်တဦးက ပြောသည်။

ပိတ်ထားသော အင်းစိန်ပေါက်တောဝနှင့် အင်းစိန်ပန်းခြံလမ်းတွင် အများဆုံး အသုံးပြုနေသော လိုင်းကားများမှာ အမှတ် (၄၈)၊ (၄၈) အထူး၊ အမှတ် (၉၆)၊ အမှတ် (၁၂၅)၊ အမှတ် (၁၀၂)၊ အမှတ် (၁၃၄)၊ အမှတ် (၁၅၆) စသည်တို့ ဖြစ်ပြီး ဈေးဝယ်ရန်လာသူများ၊ ဈေးဆိုင်ဖွင့်ရောင်းချနေသူတို့က ယင်းလမ်းကို အသုံးပြုကြသည်။

အင်းစိန်ထောင်အနီးရှိ မီးရထားဆေးရုံဝင်းအတွင်းတွင် ယမန်နေ့က ဒိုင်း၊ သေနတ်၊ တုတ် ကိရိယာစုံ တပ်ဆင်ထား သော ရဲကားများနှင့် ရဲအရေအတွက် (၁၀၀) ခန့်ကို တွေ့ရှိရကြောင်း၊ အင်းစိန်ထောင် အရှေ့ မျက်နှာစာတန်းတွင် လည်း အလားတူပစ္စည်းအစုံအလင်ဖြင့် ရဲကား (၆) စင်း အရန်သင့်စောင့်ဆိုင်း နေသည်ကို တွေ့ရကြောင်း အင်းစိန်မြို့ခံများက ပြောသည်။

အင်းစိန်ထောင် ဘေးပတ်ပတ်လည်တွင်လည်း လုံထိန်းအပြည့် တင်ထားသော ရဲကားများကို လုံခြုံရေး နာမည်ဖြင့် စနစ်တကျ ချထားကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */