ဝီရ | မလေးရှားနိုင်ငံ ပီနန်ကျွန်းတွင် မြန်မာအလုပ်သမားများအား ထိန်းသိမ်းထားသည့် အချုပ်စခန်းတွင်း၌ Leptospirosis ခေါ်သည့် အသားဝါရောဂါတမျိုး ကူးစက်ပျံ့နှံ့ခဲ့သောကြောင့် တပတ်အတွင်း မြန်မာနိုင်ငံသား (၂) ဦး အသက်ဆုံးရှုံး ခဲ့ပြီး အချုပ်ခန်းအတွင်းရှိ အခြားအလုပ်သမား (၂၄) ဦးတို့လည်း ရောဂါ ကူးစက်မှု ဖြစ်နေကြောင်း မလေးရှားနိုင်ငံ ထုတ် သတင်းစာများတွင် ဖော်ပြသည်။
ပီနန်ကျွန်း စာပရန် ပရိုင်း (Seberang Prai) ဗဟိုအကျဉ်းစခန်းရှိ ဂျူရူး (Juru) ထိန်းသိမ်းရေးစခန်းအတွင်း ဆာလာဟင် (၂၆) နှစ် အမည်ဖြင့် မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံသားတဦး ယင်းရောဂါဖြင့် ယမန်နေ့က Seberang Jaya ဆေးရုံတွင် သေဆုံးခဲ့ကြောင်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ ဒါရိုက်တာ အဗဒါ ရာမန်အို့မန်းအား ကိုးကား၍ The Star သတင်းစာတွင် ရေးသားထားသည်။
အသားဝါရောဂါကြောင့် ယခု သေဆုံးမှုသည် ဒုတိယမြောက်ဖြစ်ပြီး အဆိုပါဆေးရုံတွင်ပင် (၂၁) နှစ်အရွယ်
ထန်ဟိန်ပင်အမည်ရှိ မြန်မာနိုင်ငံသားတဦးလည်း ပြီခဲ့သည့် ဗုဒ္ဓဟူးနေ့က သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းသို့ အသက်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ပြီးနောက် မလေးရှားနိုင်ငံတဝန်းရှိ တရားမဝင်လာရောက် အလုပ်လုပ်ကိုင် နေသူများကို ထိန်းသိမ်းထားရာ စခန်းပေါင်း (၁၂) နေရာတွင် တကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေးနှင့် ညီညွတ် သန့်ရှင်းရေးဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ညွှန်ကြား ထားကြောင်း သိရသည်။
ပီနန်မြို့ ကျန်းမာရေးဌာန၏ အစီရင်ခံစာအရ အဆိုပါ ရောဂါကူးစက်ပြန့်ပွားမှုသည် ဂျူရူး ထိန်းသိမ်းရေးစခန်း၏ သောက်ရေနှင့်အစားအစာ ညစ်ညမ်းမှုကြောင့် ဖြစ်နိုင်ပြီး ယင်းအချုပ်ခန်းတွင် ထိန်းသိမ်းထားသူ (၅၅၀) အနက် မြန်မာနိုင်ငံသား (၂၆) ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ (၂) ဦး ရောဂါကူးစက်ခံရ၍ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း
The New Straits Times နှင့် The Star သတင်းစာများတွင် ရေးသားထားသည်။
Leptospirosis (ကြွက်မှတဆင့် ကူးစက်တတ်သော အသားဝါ) ရောဂါသည် ကူးစက်ခံရပြီး တပတ်မှ နှစ်အပတ် အတွင်း အဖျားရောဂါ စတင်ဖြစ်ပွားပြီး အဖျားပိုးသည် တိရစ္ဆာန် (ကြွက်၊ ခွေး၊ ဝက်၊ နွား) တို့၏ ကျင်ငယ်ရည်မှ တဆင့် လူတို့၏ပွန်းရှဒဏ်ရာ အရေပြားမှ ခန္ဓာကိုယ်အတွင်း ဝင်ရောက်တတ်ပြီး အဖျားရှိသူများသည် ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်းအပါအဝင် မျက်လုံးနှင့်အသား ဝါလာပြီးနောက် ချောင်းဆိုး သွေးပါခြင်း၊ မျက်လုံးအိမ်နာခြင်း (eyeball tenderness)၊ ခြေသလုံး ကြွက်သား နာခြင်းများ ခံစားရပြီး အသက် အန္တရာယ်ကိုပါ စိုးရိမ်ရသည်ဟု Leptospirosis သတင်းအချက်အလက်ဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ရောဂါစတင်ဖြစ်ပွားသည့် ဂျူရူးထိန်းသိမ်းရေးစခန်းတွင် ရောဂါအခြေအနေကို လေ့လာနိုင်ရန်အတွက် ကျန်းမာရေး ဌာန ဝန်ထမ်းများအား (၂၄) နာရီ ဝင်ထွက်ခွင့်ပြုထားသည်ဟု မလေးရှားနိုင်ငံ ပီနန်မြို့တွင် မြန်မာနိုင်ငံ လုပ်သမား အရေး ဆောင်ရွက်နေသူတဦး ဖြစ်သည့် ကိုမင်းနိုင်ဦးက ပြောသည်။
“ဒါပေမယ့် ကျနော်တို့အနေနဲ့က ဆေးရုံကိုလည်း ဝင်ခွင့်မရတော့ အကုန်လုံးကို မသိဘူး။ သေသွားတဲ့သူတွေက ချင်းလူမျိုးတွေလို့တော့ ကျန်းမာရေးဝန်ထမ်းတွေက ပြောတယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောသည်။
မလေးရှားနိုင်ငံရှိ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်သံရုံးတို့ကလည်း အဆိုပါရောဂါကူးစက်ခံထားရသည့် ဂျူရူး ထိန်းသိမ်းရေး စခန်းသို့ ယခု အပတ် အတွင်း သွားရောက်မည်ဟု သိရသည်။
source by : ခေတ်ပြိုင်
ကြွက်မှကူးစက်သည့် ရောဂါတမျိုးကြောင့် မလေးရှားအချုပ်ခန်းတွင် မြန်မာ (၂) ဦး သေဆုံး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment