အောင်ထက် | အင်းစိန် မီးရထားဆေးရုံရှိ မျက်စိအထူးကု ဆရာဝန်ကြီး ရုံးခန်းနှင့် မျက်စိ စစ်ဆေးသည့် အမှောင်ခန်းအား ရန်ကုန်တိုင်း ရဲမှူးကြီး အဆင့်အပါအ၀င် ရဲအရာရှိကြီးများက သိမ်းယူကာ အင်းစိန် ထောင်ဝန်းကျင် အခြေအနေကို စောင့်ကြည့် ညွှန်ကြားနေသည့် အတွက် ဆေးရုံဝန်ထမ်းများ စိတ် အနှောင့်အယှက် ဖြစ်နေရကြောင်း သိရသည်။
အင်းစိန် မီးရထား ဆေးရုံသည် ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင် စစ်ဆေးနေသည့် အင်းစိန် အကျဉ်းဦးစီးနှင့် ကိုက် (၅၀) ခန့်သာ ကွာဝေးသည်။ ထို့အတွက် အင်းစိန်ထောင် လုံခြုံရေး လိုအပ်ပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် နှင့် အဓိကရုဏ်းများ ဖြစ်ပေါ် လာပါက အင်အားသုံးဖြေရှင်းရန် အနီးကပ် စောင့်ကြည့် နေခြင်း ဖြစ်သည်ဟု ဆေးရုံလာ သူ မီးရထားဝန်ထမ်းများက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အမှုအား စတင်ကြားနာသည့် မေ (၁၈) ရက်ကတည်းက အဆိုပါ ရဲအရာရှိကြီးများသည် သိမ်းယူထားသည့် ရုံးခန်းအား လေအေးပေးစက်တပ်ဆင်လိုက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင် မပြီး မချင်း ဆေးရုံမှ စွန့်ခွာမည် မဟုတ်ကြောင်း၊ အင်းစိန် ထောင်ဘူးဝ ၀န်းကျင်ရှိ ထောင်ချီသော အန်အယ်လ်ဒီ လိုလား သူများနှင့် စောင့်ကြည့်အကဲခတ်နေသော ပြည်သူများ အတွက် လွန်စွာ အန္တရာယ်ရှိသော အခြေအနေ ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။
(အေ) အဆင့် မျက်စိစမ်းသပ်စစ်ဆေးရန် ရောက်ရှိလာသော မီးရထားစက်ခေါင်းမောင်း ၀န်ထမ်းများကိုလည်း မျက်စိစစ်ဆေးမှု ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ထားရကြောင်း ဆေးရုံဝန်ထမ်းများက အတည်ပြု ပြောကြားသည်။
source by : ခေတ်ပြိုင်
လုံခြုံရေးရဲအရာရှိကြီးများ အင်းစိန်မီးရထားဆေးရုံအတွင်းမှ အနီးကပ်စီစဉ်ညွှန်ကြားနေ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment