NEJ | ဒေါ်အောင်ဆန်းစုကြည်၏အမှု အင်းစိန်ထောင်အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးသည့် တတိယနေ့ ဖြစ်သော ယနေ့တွင် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များအား သတင်းယူ ခွင့်ပြုလိုက်ကြောင်း ပြည်တွင်း သတင်းဂျာနယ် တခုမှ သတင်းထောက်တဦးက ပြောသည်။
အဆိုပါ သတင်းယူခွင့်ရသည့် ပြည်တွင်း နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များမှာ ဦးအောင်လှထွန်း (ရိုက်တာ)၊ ဦးအောင်သူငြိမ်း (ဂျီဂျီသတင်းဌာန)၊ ဒေါ်လှလှဌေး (အေအက်ဖ်ပီ)၊ ဒေါ်ဆင့်ဆင့်အောင်( နီပွန်တီဗွီ) နှင့် ဒေါက်တာဇော်သန်း (ဆန်ကေးရှင်ဘွန်း) တို့ဖြစ်သည်။ ၎င်းတို့သည် အင်းစိန်ထောင်တွင်း သွားရောက် သတင်းယူရန် မဲနှိုက်ကြရသည်ဟု သိရသည်။
အဆိုပါသတင်းထောက်များသည် စာပေစိစစ်ရေးရုံးသို့ ယနေ့ နံနက် (၁၁) နာရီခွဲ အရောက်သွားရမည်ဖြစ်ပြီး ပြည်တွင်းဂျာနယ်အချို့မှ သတင်းထောက်များလည်း ပါဝင်မည်ဟု သိရသည်။ သို့သော် ပြည်တွင်းဂျာနယ် သတင်းထောက်များ မည်သူပါဝင်မည်ကို မသိရှိရသေးဘဲ စာပေစိစစ်ရေးက ရွေးချယ်နေကြောင်း သိရသည်။
source by : ခေတ်ပြိုင်
ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များ ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းယူခွင့်ရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment