ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်သံတွင်တွေ့ရသဖြင့် ပြည်သူများစိတ်ချမ်းသာ

Thursday, May 21, 2009 ·

NEJ | ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးသည့် အတွက် ရန်ကုန်မြို့ခံများက အတိုင်း ထက်အလွန် ကျေနပ်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းမှ ဂီတစာဆိုတဦးက “တည်ကြည်လိုက်တဲ့ ရုပ်ရည်၊ ကြည်လင် လိုက်တဲ့ မျက်နှာဗျာ။ ဒီ အမျိုးသမီးက သူ့စိတ်ထဲမှာ ဥပေက္ခာတရားတွေ နှလုံးသွင်းထားပုံပေါ်တယ်။ ပြီးတော့ ဒီစစ်အစိုးရကို လုံးဝမတုန်လှုပ်ဘူးဆိုတဲ့ ပုံပေါ်တယ်။ သူ့ကို အခုအချိန်မှာ ရုပ်မြင်သံကြားက ပြသလို့ လူတွေရဲ့ စိတ်မှာ ကြည်လင်အေးမြမှု တခုရ တယ်ဗျ” ဟု ပြောသည်။

YCDC (ရန်ကုန်စည်ပင်) ၏ အငြိမ်းစား ဗိုလ်မှူးတဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို (၁၀) နှစ်ကျော် မတွေ့မမြင်ခဲ့ရဘဲ ယခုကဲ့သို့ ရုပ်မြင်သံကြားပေါ်မှာ တွေ့လိုက်ရသည့်အတွက် အတိုင်းထက်အလွန် ၀မ်းသာ ကြည်နူးမိကြောင်း ပြောသည်။

“သူ့ကို အစိုးရက အခုလိုထားလေလေ သူက ပါဝါတွေ တက်လာလေပါပဲ။ သူ့ကို ကြည့်ရတာ အန်ကယ်တို့ စိတ်ထဲမှာ ချမ်းမြေ့တယ်။ ဒါပေမယ့် အခုလိုနေရတာမျိုးတော့ မဖြစ်စေချင်ဘူး။ စစ်အစိုးရ ၀န်ထမ်း တဦး ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကရုဏာရှိပြီးသားပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ (ယက်တောအိမ်ထဲဝင်ရောက်မှု) တရားခံဟု စွပ်စွဲသုံးနှုန်း စစ်ဆေး သည်ကို မကျေနပ်ကြကြောင်း၊ သို့သော် ပြောမိပါကလည်း ၎င်းတို့၏စားဝတ်နေရေးအတွက် အလုပ်ပြုတ် သွားမည်ကို စိုးရိမ်ကြကြောင်း အစိုးရ ၀န်ထမ်းများကလည်း ပြောကြသည်။

တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ဆက်သွယ်ရေးအရာရှိတဦးက “ဘယ်သူ့ကိုဖြစ်ဖြစ် မေးလိုက်ပါ။ ဘယ်သူကမှ မကျေနပ်ကြဘူး။ ဒီကြားထဲ ရဲကားတွေက မြို့ထဲမှာ အင်အားပြနေသေးတယ်။ ရှင်းရှင်းလင်းလင်း ပြောမယ်ဗျာ။ ဘယ်သူမှ သူတို့ကို မလိုလားဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စမှာ ပိုဆိုးသွားတယ်” ဟု ပြောသည်။

ရန်ကုန်အခြေစိုက် ပြည်တွင်းသတင်းဂျာနယ်တစောင်၏ အယ်ဒီတာတဦးကလည်း ယခုကဲ့သို့ စစ်အစိုးရ၏ လုပ်ရပ်အပေါ် စာပေစာနယ်ဇင်းသမား အတော်များများက မနှစ်သက်ကြကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ရေကူးဝင်ရောက်မှုနှင့်ပတ်သက်၍ အင်းစိန်အထူးတရားရုံးတွင် မေ (၁၈) ရက်မှ စတင်၍ အမှုစစ်ဆေးကြားနာခဲ့သည်။

တတိယနေ့ဖြစ်သည့် ယမန်နေ့တွင် နိုင်ငံခြားသံတမန် (၂၉) ဦးနှင့် ပြည်တွင်းပြည်ပ သတင်းနှင့်စာနယ်ဇင်းများမှ သတင်းထောက် (၁၀) ဦးတို့ကို တရားခွင်သို့ လာရောက်ခွင့်ပြုခဲ့သည်။ စင်ကာပူသမ္မတနိုင်ငံ၊ ရုရှား ဖက်ဒရေးရှင်း နှင့် ထိုင်းတို့မှ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံသည့်သတင်းကို ယမန်နေ့ည (၈) နာရီတွင် စစ်အစိုးရ ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသခဲ့သည်။

ယနေ့ မေလ (၂၁) ရက်နေ့ထုတ် အစိုးရသတင်းစာများတွင်လည်း အလားတူ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည် အင်းစိန်အကျဉ်းထောင် အထူးတရားရုံးတွင် တွေ့ဆုံသော သတင်းကို ဖော်ပြထားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */