နအဖ၏ ၂၀၀၉ အင်းယားကန်လုပ်ကြံမှုအဖြစ် မြန်မာပြည်သူတို့က ရှုမြင်

Friday, May 22, 2009 ·

မိုးမခ အထောက်တော် | ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို တခါးပိတ်တရားခွင်တွင် စစ်ဆေးခဲ့ခြင်းကို ရန်ကုန်မြို့နေ ပြည်သူတို့က သံသယများစွာ ရှိခဲ့ကြသည်ဟု ဆိုသည်။ မေလ ၂၁ ရက်နေ့ထုတ် အစိုးရ သတင်းစာ များတွင် မေလ ၂၀ ရက်နေ့ တရားခွင်စစ်ချက်များကို ဖတ်ရှုပြီးနောက် ပြည်သူတို့က ပို၍ မခံမရပ်နိုင် ဖြစ်ခဲ့ ကြခြင်း ဖြစ်သည်ဟု မျက်မြင်တချို့က ပြောကြားသည်။
အစိုးရတရားလိုများက အကျယ်ချုပ်နေအိမ်ကို ကျုးကျော်သူထံက သိမ်းဆည်းရရှိသော ခေါင်းမြီးခြုံ ၀တ်ဆင် ရသည့် မွတ်ဆလင်ဝတ်စုံ ၂ စုံကို ကို အမျိုးသမီး ၂ ဦးကို တရားခွင်တွင် ၀တ်ဆင်စေပြီး အမှုကို လျောက်လဲ ခဲ့ခြင်းအား မကျေနပ်ဖြစ်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

တရားလိုဥပဒေအရာရှိက တရားလိုပြသက်သေ ရဲအရာရှိအား မေးမြန်းရာတွင် ထိုခေါင်းမြီးခြုံဝတ်စုံကို ၀တ်ဆင်ပြီး၊ နေကာမျက်မှန်တပ်ထားပါက မည်သူမည်ဝါဖြစ်သည်ကို သိရှိနိုင်ခြင်း ရှိ၊ မရှိကို မေးမြန်းရာ၊ ရဲအရာရှိ တင်ဇော်ထွန်းက မည်သို့မျှ သိနိုင်မည် မဟုတ်ကြောင်း ဖြေကြားခဲ့သည်။
“ နအဖဟာ ဒေါ်စုနဲ့ အနီးကပ်စောင့်ရှောက်သူတွေကို အကောက်ဉာဏ်နဲ့ လိမ်ညာအမှုဆင်ဖို့ ကြိုးစားနေတာ ဖြစ်တယ်။ အခုဆိုရင် သူတို့က ဒေါ်စုဟာ အကျယ်ချုပ်တားမြစ်ခံထားရတဲ့ နေအိမ်ကနေ ရုပ်ဖျက်ပြီး ထွက်ပြေးဖို့ နိုင်ငံခြားသားနဲ့ ပူးပေါင်းပြီး ကြံစည်နေတယ် လို့ လုပ်ကြံစွပ်စွဲဖို့ လုပ်နေတာ ထင်ရှားလာပြီ။”

ဟု သတင်းစာရေးသားချက်များကို ဖတ်ရှုပြီးနောက် တရားရုံးချုပ်ရှေ့နေတဦးက မှတ်ချက်ပေးလိုက်သည်။

“ကျနော်မှ မဟုတ်ဘူး။ သာမန် လမ်းပေါ်က ဈေးထဲက ပြည်သူတွေကလည်း ဒီလိုမျိုး နအဖက အကောက်ကြံနေပြီ၊ မဟုတ်တမ်းတရားတွေ စွပ်စွဲလုပ်ကြံနေပြီဆိုတာ သိကြပါတယ်။ မနေ့က တရားခွင်ကိုလာတဲ့ သံတွေ၊ သတင်းထောက်တွေလည်း သိကြမှာပဲ။ ဒီလို တရားခွင်မျိုးကို ကျနော်တို့က ဘာအတွက် သီးခံနေရမှာလဲ”

ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“အင်တာနက်တွေ အီးမေးတွေက လာတဲ့သတင်းတွေအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူဆင်တဲ့အကွက်ထဲဝင်လို့ အလွန်ပျော်ရွှင်နေတယ်လို့ ပြောတယ်။ အခုဟာက ကျနော်တို့ပြည်သူတွေကော၊ ဒေါ်အောင်ဆန်းစုကြည်ကိုပါ သူတို့လက်ခုပ်ထဲက ရေလို မှောက်လိုမှောက်၊ သွန်လိုသွန် လုပ်ပြနေတာပဲ။ နက်ဖြန်ကိုတော့ အင်းစိန်ကို ရောက်အောင် သွားဦးမယ်။ သွားလို့မရရင် အင်န်အယ်ဒီရုံးခန်းကနေ သွားစောင့်တော့မယ်”

ဟု ရန်ကုန်မြို့ထဲတွင် နေထိုင်သော ကျောင်းသားလူငယ်တဦးက ပြောကြားသည်။

“ဒီပဲယင်းကို နောက်ကွယ်က ကြိုးကိုင်ပြီး ခိုင်းစေခဲ့တဲ့ ဗိုလ်ချုပ်စိုးဝင်းဆိုရင် ၂၀၀၃ မှာ ဒေါ်စုကို သတ်ဖြတ်ဖို့ ကြိုးစားတယ်။ အဲ ၂၀၀၇ မှာ အသေဆိုးနဲ့ သေတယ်။ အခုဆိုရင်လည်း ဒေါ်စုကို လုပ်ကြံဖို့ ကြိုးစားနေကြပြန်ပြီ။ သူတို့တတွေ အမိုက်ဖုံးနေကြတယ်။ ငြိမ်းချမ်းရေးကို မမြင်ဘူး။ သင့်မြတ်ရေးကို မရွေးဘူး။ ၂၀၀၇ မှာ သံဃာတော်တွေကို သတ်ဖြတ်ခဲ့ကြတယ်။ ၂၀၀၈ မှာ နာဂစ်ဒုက္ခသည်တွေ မသေသင့်ဘဲ သေကြေပျက်စီးအောင် ပြုမူခဲ့တယ်။ အသက်ကယ်ဖို့ ကြိုးစားတဲ့ သူတွေကို ထောင်ဒဏ် အနှစ် ၅၀ ၊ ၁၀၀ ချပစ်တယ်။ အခု ၂၀၀၉ မှာ နိုင်ငံရဲ့ ခေါင်းဆောင်ကို လုပ်ကြံကြပြန်ပြီ။ သူတို့ဟာ သူတို့ ပျက်စီးရာ ပျက်စီးကြောင်းကို သူတို့ဖာသာ ရွေးချယ်တာ ဖြစ်ပါတယ်။”

ဟု ရန်ကုန်မြို့က တရားဟော သံဃာတော်တပါးက မှတ်ချက်ပေးသည်။

source by : မိုးမခ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */