သျှမ်းသံတော်ဆင့် | ၂၀၁၀ ရွေးကောက်ပွဲ အတွက် အဓိကအဟန့်တားဖြစ်နေသည့် လက်နက်ကိုင် ငြိမ်းအဖွဲ့ များအား စည်းရုံး သိမ်းသွင်းရန် မကြာခင်က ပြုလုပ်ပြီး စီးသွားသည့် နေပြည်တော် အစည်းအဝေးတွင် ကစထ ခေါ် ဘီအက်စ်အို မှူးများ အပြောင်းအလဲ လုပ်ခဲ့ကြောင်း ခိုင်လုံသည့် သတင်းရပ်ကွက်ကဆိုပါသည်။
“အခု မပြောင်းလဲဘဲ အရေးပါတဲ့နယ်မြေကို ထိန်းချုပ်နေတဲ့ ဘီအက်စ်အို ကစထ(ကာကွယ်ရေး/ အထူးစစ် ဆင်ရေး) က ဗိုလ်ချုပ်မင်းအောင်လှိုင်ဘဲ သူက ဆိုင်ရာ နယ်မြေဒေသ ကိုကျွမ်းကျင်တယ်၊ ပုဂ္ဂိုလ်ရေးအရ အပစ်ရပ်အဖွဲ့ခေါင်းဆောင် တွေနဲ့ ရင်းနှီးတယ်၊ တခုခုအပြောင်းအလဲမျှော်လင့်လို့ အခုလို လုပ်တယ်လို့ ကျနော် မြင်တယ်၊ မပြောင်းတဲ့ နောက် ၂ ယောက်က အပစ်ရပ်အတွက်အရေးသိပ်မပါဘူး။” ဟု သျှမ်းပြည်အရေးသူ တဦး ကဆိုပါသည်။
အထက်ဖေါ်ပြသည့် ဘီအက်စ်အို မှူးကြီးများအားလုံးသည် စစ်အစိုးရ၏ နိုင်ငံတော်ကောင်စီအဖွဲ့ဝင် များဖြစ်ကြသည်။
အမည်မဖေါ်လိုသည့် ထိုင်းနယ်စပ် လုံခြုံရေးအရာရှိတဦးက - “အခု ထိပ်ပိုင်းနေရာတွေ နအဖ ကအပြောင်း အလဲ လုပ်လိုက်တဲ့ဟာက ကျွမ်းကျင်ပါးနပ်တဲ့ ပုဂ္ဂိုလ်တွေကို ရွေးပြီးဆိုင်ရာနယ်မြေကအပစ်ရပ်အဖွဲ့တွေကို အနုနည်းရော အကြမ်း နည်းပါသုံးပြီး စည်းရုံးသိမ်းသွင်းဖို့ ဘဲဖြစ်နိုင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာလေအပစ်ရပ်အဖွဲ့ အရေးက ပိုအရေး ကြီးလာလေဆိုတော့ ဖြေရှင်းနိုင်မယ်ထင်တဲ့ ပုဂ္ဂိုလ်တွေကိုသူတို့အပြောင်းအလဲ လုပ်လိုက်တဲ့ သဘောဘဲ” ဟုဆို၏။
source by : သျှမ်းသံတော်ဆင့်
အပစ်ရပ်များအား စည်းရုံးရန် စစ်ထိပ်တန်း ဘီအစ်အို နေရာများ အပြောင်းအလဲလုပ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment