ဝ ထိန်းချုပ်နယ်မြေ၌ စရဖ အရာရှိတဦး ထိုးကြိတ်ခံရ

Wednesday, May 13, 2009 ·

သျှမ်းသံတော်ဆင့် | ၀ နယ်တွင်း သန်းခေါင်စာရင်းဆင်းကောက်သည့် နအဖ ဌာနဆိုင်ရာဝန်ထမ်းများ ၀နယ်ခိုဆုန် ဂိတ်၌ သောင်တင် နေစဉ် မဖွယ်မရာ ကိစ္စကြောင့် အချင်းချင်း ခိုက်ရန် ဖြစ်ပွားသဖြင့် ၀ လုံခြုံ ရေးတပ်မှ ၀င်ရောက်ဖြန်ဖြေပေးစဉ် စရဖ အရာရှိ တဦးကို ထိုးကြိတ် လိုက်ခြင်းဖြစ်ကြောင်း တရုပ်နယ်စပ် သတင်းက ဆိုပါသည်။

ဝ နယ်တွင်း သန်းခေါင်စာရင်း ဆင်းကောက်မည့်အဖွဲ့တွင် နေပြည်တော်မှ လာသည့် လ၀က အပြင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယန်းမှ ဌာနပေါင်းစုံအင်အား ၄၃ ယောက်ရှိပြီး ဧပြီလ ၄ ရက်နေ့ကတည်းက ယနေ့ အထိ ၀ နယ်ထဲဝင်ခွင့်မရသေး ကြောင်း၊ ခိုဆုန်ဂိတ် တောင်ဘက်ကျေးရွာတရွာတွင် သောင်တင်နေစဉ် အချင်းချင်း မဖွယ်မရာကိစ္စဖြစ်ပွါးပြီး စကားများ ကြရာမှ ခိုက်ရန်ဖြစ်ပွားကာ ၀ နယ်လုံခြုံ ရေးအဖွဲ့ ၀င်ရောက်ဖြန်ဖြေပေးစဉ် ယခုကဲ့သို့ပြဿနာဖြစ်ရခြင်း ဖြစ်ကြောင်း ဆိုပါသည်။

“သူတို့အဖွဲ့ထဲမှာ ကျောင်းဆရာမတွေပါတယ်၊ ဌာနပေါင်းစုံဘဲ မိန်းခလေး ယောကျာ်းလေး အတူနေတော့ မဖွယ်မရာ ကိစ္စဖြစ်ပြီး အချင်းချင်း စကားများကြတယ်။ အဲအချိန် ကင်းလှည့်နေတဲ့ ၀အဖွဲ့ လာတိုးတော့ သူတို့တွေကို ၀င်တားတယ်။ အဲအချိန် စရဖ တဦးက ၀ တွေကို ဒါကျုပ်တို့လူ ခင်ဗျားတို့နဲ့ မဆိုင်ဘူးလို့ တင်းတင်း မာမာ ပြောလိုက်တဲ့ အတွက် သူထိုး ကြိတ်ခံလိုက်ရတာ” ဟု ခိုဆုန်ရှိ ၀န်ထမ်းတဦးကပြောပါသည်။

“အဲကင်းလှည့်နေတဲ့ ၀ အရာရှိက တော်တော်စိတ်ဆိုးသွားတဲ့ပုံဘဲ၊ ဒါကျုပ်တို့ထိန်းချုပ်နယ်မြေ၊ ခင်ဗျားတို့ ပြင်ပဧရိယာ မှာဆို ကြိုက်သလိုလုပ် ဆိုပြီး အဲဒီ့ စရဖ အဖွဲ့ဝင် တပ်ကြပ်ရဲလွင်ရဲ့လည်ကုတ် ကိုဆွဲပြီး ထိုးထဲ့ လိုက်တယ်။ တခြား အဖွဲ့ တွေက ပြဿနာကြီးသွားမှာကို စိုးရိမ်တဲ့အတွက် အဲ စရဖ ရဲလွင်ကို မိုင်းယန်းကို ညတွင်းချင်း ပို့လိုက် တယ်”ဟု ဆက်ပြောပါတယ်။

စရဖ ရဲလွင် ထိုးကြိတ်ခံရသည့်နေ့ တွင် ၀ ပြည်တည်ထောင်ခြင်း အနှစ် ၂၀ ပြည့်အခမ်းအနား မတိုင်ခင် တရက်ကဖြစ် ကြောင်း၊ ပွဲတော်အတွက် ၀ ဘက်က လုံခြုံရေးအထူးတင်းကြပ်ချိန်လည်းဖြစ်ကြောင်း၊ ခိုဆုန်ဂိတ် တောင်ဘက် ၀ ထိန်းချုပ် ထားသည့်ရွာတွင်း ဒေသခံ နေအိမ်ထဲ ဖြစ်ခြင်းကြောင့် ၀ အရာ ရှိ ၀င်ရောက် ဖြန်ဖြေပေးခြင်းတာ ဖြစ်ကြောင်း ဆိုပါသည်။

ဌာနပေါင်းစုံ ၀န်ထမ်း ၄၃ ယောက်သည် အထက်အမိန့်အရ ၀ နယ်ထဲ သန်းခေါင်စာရင်းမကောက်ရမခြင်း နောက်တန်း ပြန်ခွင့်မရှိကြောင်း၊ ရှေ့တိုးဖို့လည်း နယ်ခြားစောင့် ၀ တပ်ဖွဲ့က ဌာနချုပ်အမိန့်မရသဖြင့် ၀ ထိန်းချုပ် နယ်မြေထဲဝင် လှုပ်ရှားခွင့် မရှိကြောင်း တားမြစ်ထားသဖြင့် ထိုအဖွဲ့ ရှေ့မတိုးနိုင် နောက်မဆုတ်နိုင် အခြေ အနေကြုံတွေ့နေရကြောင်း ဆိုပါသည်။

ဝ ထိန်းချုပ်နယ် မိုင်းပေါက်တွင်လည်း တပ်ကြပ်ကြီး အေးမင်း ဆိုသူ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့) တယောက်သာ ၀ က နေခွင့်ပြုထားကြောင်း ဆိုပါသည်။ မိုင်းယန်းမြို့ (နအဖ ထိန်းချုပ်နယ်မြေ) နှင့် ခိုဆုန် ၀ နယ်ခြားဂိတ် (မိုင်းပေါက် တပ်မဟာ ၄၆၈ ၀ ထိန်းချုပ်နယ်မြေ) သည် ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်ကွာဝေးသည်။

source by : သျှမ်းသံတော်ဆင့်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */