NEJ | နအဖဘက်က ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စအား ယခုလ (၁၆-၁၇) ရက်နေ့များက ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ (၂) ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ထိန်းချုပ်ရာ ဝဒေသအတွင်းရှိ ခရိုင်၊ မြို့နယ်၊ တိုက်နယ်အဆင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး သဘောမတူ၊ လက်မခံကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
နယ်ခြားစောင့်တပ် အမည်နာမနှင့်ပတ်သက်၍ အငြင်းပွားစရာမလိုသော်လည်း တပ်အင်အားလျှော့ချမှု၊ နအဖ စစ်သားများ ရောနှော ထည့်သွင်းမှု အပေါ် လက်မခံကြကြောင်း ခရိုင်မှူးအဆင့်ရှိ ဝတပ်မှူးတဦးက ပြောသည်။
“နိုင်ငံတော်မှာ တပ်မတော်တခုတည်း ရှိရမယ်ဆိုတာ လက်ခံတယ်။ ကျနော်တို့ တပ်နာမည်ကို နယ်ခြား စောင့်ရဲပဲ ခေါ်ခေါ်၊ ပြည်သူ့စစ်ပဲ ခေါ်ခေါ် ဘယ်လိုပဲ ခေါ်ခေါ် ပြဿနာမရှိဘူး။ သူတို့က စစ်သင်တန်းပေးမှာတို့၊ လူ (၃၂၆) ယောက်ထဲမှာ သူ့လူ (၃ဝ) ရောထည့်တာတို့ လုံးဝလက်မခံဘူး။ ကျနော်တို့တပ်ကို ကျနော်တို့သာ အုပ်ချုပ်ခြင်တယ်။ အဲဒီတပ်ဟာလည်း ကရင်ကို သွားတိုက်ခိုင်းတာတို့၊ ရှမ်းကို သွားတိုက်ခိုင်းတာတို့ မဖြစ်စေရဘူး။ အောက်ခြေအဆင့် သဘောတူ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ ဗဟိုကို ပို့ထားတယ်။ ကျနော်တို့ ဒေသတခုလုံးက ဆွေးနွေးတာတွေကို ဗဟိုမှာ ဒီနေ့ စဆွေးနွေးမယ်” ဟု ပြောသည်။
ပြီးခဲ့သည်လ (၂၈) ရက်နေ့တွင် တန့်ယန်းမြို့ စစ်ဘက်ရေးရာအရာရှိချုပ် ဗိုလ်ချုပ် ရဲမြင့်နှင့် ဝတပ်ဖွဲ့မှ ခေါင်းဆောင် အချို့တို့ တွေ့ဆုံစဉ်အတွင်း အင်အား (၃ဝ,ဝဝဝ) ခန့် ရှိသည့် ဝတပ်မတော်အား အင်အား (၃,ဝဝဝ) အထိ လျှော့ချကာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် နအဖဘက်က ကမ်းလှမ်းထားခဲ့ပြီး ဇွန်လ (၃ဝ) ရက်နေ့တွင် ဝတပ်ဖွဲ့ အနေဖြင့် အကြောင်းပြန်ကြားရမည် ဖြစ်သည်။
“ကျနော်တို့ ဝတပ်ဖွဲ့သာ မဟုတ်ဘူး။ ကိုးကန့်တို့၊ မိုင်းလားတို့လည်း လက်ခံမှာမဟုတ်ဘူး။ ဘာကြောင့်လည်း ဆိုတော့ သူတို့ ထည့်လာမယ့် လူ (၃ဝ) က လူလည်တွေချည်းပဲ၊ ခေါင်းဆောင်တွေချည်းပဲ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာက ဗမာစကား နားမလည်တဲ့ ရဲဘော်တွေ အများကြီးရှိတယ်။ စကားပေါက်မှာ မဟုတ်ဘူး။ ဘယ်လိုမှ ရောထားလို့ မရဘူး။ ပြီးတော့ ကျနော်တို့ ချွေးနဲ့သွေးနဲ့ တည်ဆောက်ထားတဲ့ တပ်တွေကို သူတို့ဆီ အပ်နိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ သည်။
source By : ခေတ်ပြိုင်
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ခရိုင်၊ မြို့နယ်အဆင့်မှ ဝတပ်ဖွဲ့များက လက်မခံ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment