မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက် မွန်အမျိုးသားကောင်စီ ထောက်ခံ

Monday, May 18, 2009 ·

ဝီရ | အပစ်ရပ်တိုင်းရင်းသားအဖွဲ့တို့၏ အမျိုးသားရေးစိတ်ဓာတ်နှင့် ယုံကြည်ချက်တို့ကို တိုက်ဖျက်ချေမှုန်းရန် နအဖ စစ်အစိုးရ၏ ငွေကြေးဖြင့် လှည့်စား၊ စည်းရုံး၊ သိမ်းသွင်းမှုကို လက်မခံဘဲ ပြတ်သားစွာ ငြင်းဆန်သော မွန်ပြည်သစ် ပါတီ၏ ရပ်တည်ချက်ကို ကြိုဆိုထောက်ခံကြောင်း မွန်အမျိုးသားကောင်စီက ယနေ့ကြေညာချက် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် အပစ်ရပ်တိုင်းရင်းသားအဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းသည့် စစ်အစိုးရ၏ လုပ်ရပ်သည် အနာဂတ် တိုင်းပြည်အတွက် ရင်လေးဖွယ်ကောင်းပြီး အလွန်အန္တရာယ်များသော လုပ်ရပ် ဖြစ်ကြောင်း သြစတြေးလျနိုင်ငံ အခြေစိုက် မွန်အမျိုးသားကောင်စီက ပြောကြားထားသည်။

မွန်အမျိုးသားကောင်စီ၏ အတွင်းရေးမှူးဖြစ်သူ နိုင်ဗညားနိုင်က “ဒီနယ်ခြားစောင့်တပ် ဖြစ်သွားတာနဲ့ အဲဒီတပ်တွေ တာဝန်ကျ စောင့်ရှောက်ရတဲ့ ဒေသတဝိုက်က ဒီမိုကရေစီအင်အားစုတွေ၊ နအဖကို တိုက်ပွဲ ဝင်နေတဲ့ တော်လှန်ရေး အင်အားစုတွေကို လိုက်လံရှင်းလင်းတဲ့အခါမှာ အသုံးချခံရမှာပဲ။ ဥပမာ မွန်နယ်ခြား စောင့်တပ်က မွန်တော်လှန်ရေး ရဲဘော်ရဲဘက်တွေကို ကိုယ်တိုင် သုတ်သင်ရတော့မယ်။ ကရင်ဒေသမှာ ဆိုရင်လည်း ကရင်တော်လှန်ရေး သမားတွေကို ကရင်နယ်ခြားစောင့်တပ်တွေက သတ်ဖြတ်ကြရတော့မယ်ပေါ့” ဟု ပြောသည်။

၎င်းက “ကိုယ့်လူမျိုးကို ကာကွယ်မယ့်တပ်ဖွဲ့က နအဖ တည်မြဲရေးအတွက် နအဖဘက်က ကာကွယ် စောင့်ရှောက် ပေးရတဲ့ ကြေးစားစစ်သားဘဝကို အလိုလို ရောက်သွားရတော့မယ်” ဟု ဆက်လက်ပြောသည်။

လက်နက်ကိုင် ငြိမ်းချမ်းရေးတပ်ဖွဲ့များသို့ တိုက်တွန်းနှိုးဆော်ထားသည့် အချက် (၁၂) ချက်ပါ အဝေးရောက် မွန်အဖွဲ့အစည်း၏ မေ (၁၈) ရက် ထုတ်ပြန်ချက်တွင် အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းများအား နယ်ခြား စောင့်တပ် အသွင်ပြောင်းမည့် နအဖစစ်အစိုးရ၏ လုပ်ရပ်သည် ပြည်သူလူထုနှင့် လက်နက်ကိုင် ငြိမ်းချမ်းရေး တပ်ဖွဲ့တို့၏ စည်းလုံးညီညွတ်မှုကို ချေဖျက်ပစ်ရန်နှင့် အချင်းချင်း ရန်သူအသွင်ကဲ့သို့ တိုက်ခိုက်ကြရန် ကြိုးပမ်း ဆောင်ရွက်နေ ခြင်းသာ ဖြစ်ကြောင်း ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တဦးကမူ နအဖ စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲခဲ့စဉ်တွင် ပါတီအား နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရန် ဆိုသည့်အချက် မပါရှိသဖြင့် မွန်ပြည်သစ် ပါတီကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲလိမ့်မည်မဟုတ်ကြောင်း ပြောသည်။

၎င်းက “အပစ်ရပ်အဖွဲ့အစည်းတွေအနေနဲ့က တူညီတဲ့ရပ်တည်ချက်တွေ ရှိသင့်တယ်။ ဒီမွန်ပြည်သစ်ပါတီ တဖွဲ့တည်းနဲ့ အလုပ် မဖြစ်ဘူး။ ထိရောက်မှု မရှိဘူး။ ဒီနယ်ခြားစောင့်တပ်ဖွဲ့ဖို့ ကိစ္စဟာလည်း အင်အားကြီး အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းတွေအပေါ်မှာလည်း အများကြီး မူတည်နေတယ်။ အခုအချိန်မှာ တယောက်ကောင်း၊ တဖွဲ့ကောင်းနဲ့ ခရီးဆက်လို့ မရတော့ဘူး” ဟု ပြောသည်။

၂၀၀၉ ခုနှစ် မတ်လကုန်ပိုင်းက မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီဝင်အဆင့် မဟာဗျူဟာ ညှိနှိုင်းရေး ဆွေးနွေးပွဲ တရပ်တွင် အတည်ပြုခဲ့သည့် လမ်းစဉ် တရပ်မှာ မွန်တိုင်းရင်းသားအခွင့်အရေးအတွက် တိုက်ပွဲ ဝင်ရာတွင် မွန်တိုင်းရင်းသားအတွင်း ပါတီစုံ ဖြစ်ထွန်းလာရေးကို အားပေးသွားမည်ဖြစ်ပြီး ကွဲပြားခြားနားသော တိုက်ပွဲဝင် အသွင်သဏ္ဌာန်မျိုးစုံအား အတူတကွ လက်တွဲရင်ဆိုင်သွားမည်ဟု ချမှတ်ခဲ့ကြောင်း ၎င်း ဗဟို ကော်မတီဝင်က ဆက်လက်ပြောကြားသည်။

၂၀၀၉ ခု ဧပြီလကုန်ပိုင်းတွင် စစ်အစိုးရအကြီးအကဲတို့က လက်နက်ကိုင်အပစ်ရပ်တိုင်းရင်းသားအဖွဲ့များအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးရန် ယင်းအဖွဲ့များမှ အင်အားအကြီးဆုံးဖြစ်သည့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၊ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ ဒီမိုကရေစီသစ်တပ်မတော် (ကချင်)၊ ကိုးကန့် အဖွဲ့ နှင့် တွေ့ဆုံခဲ့သည်။

အလားတူ မြန်မာနိုင်ငံအောက်ပိုင်းရှိ ကရင်အပစ်ရပ်အဖွဲ့များအား အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် ဧပြီ (၂၉) ၌ တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း မွန်ပြည်သစ်ပါတီကိုမူ လာရောက် တွေ့ဆုံခြင်း မရှိသေးကြောင်း သိရသည်။

ယမန်နှစ် ဇွန်လက ပါတီသက်တမ်း အနှစ် (၅၀) ပြည့်ခဲ့သည့် မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် နအဖ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီး အမျိုးသားညီလာခံသို့ တင်သွင်းခဲ့သည့် တိုင်းရင်းသား အဖွဲ့အစည်း တို့၏ တောင်းဆိုချက်ကို ပယ်ချခဲ့ရပြီးနောက် စစ်အစိုးရ ကြီးမှူးသည့် အမျိုးသား ညီလာခံသို့ ဗဟိုကော်မတီဝင်အဆင့် စေလွှတ်နေရာမှ လေ့လာသူအဆင့်သာ တက်ရောက်ခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */