ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန်ထပ်မံရုံးချိန်း

Monday, May 18, 2009 ·

မင်းနိုင်သူ | နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုကို မနက်ဖြန်တွင် ဆက်လက် စစ်ဆေး လိမ့်မည် ဖြစ်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

နအဖစစ်အစိုးရ၏ နေအိမ်အကျယ်ချုပ်ချခံထားရစဉ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း အမေရိကန် နိုင်ငံသား တဦး ရေကူး ၀င်ရောက်ခဲ့ပြီးနောက် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် စည်းမျဉ်း စည်းကမ်း ချိုးဖောက်သည်ဟု ဆိုကာ ပုဒ်မ (၂၂) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ အစိုးရဘက်က ရဲမှူးကြီးက တရားသူကြီးထံ စတင်အမှုစွဲတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေအဖြစ် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့ လိုက်ပါတယ်။ အစိုးရဘက်က တရားလိုပြသက်သေ (၂၂) ဦးရှိပါတယ်။ ဒီနေ့တရားစတင်စွဲဆိုတာနဲ့ တရားလို ရဲမှူးကြီးကို ဒီဘက်က ရှေ့နေတွေက ပြန်လည် မေးမြန်းတာလောက်ပဲ ပြီးပါတယ်။ မနက်ဖြန်ကို ထပ်ပြီး ရုံးချိန်းလိုက်ပါတယ်” ဟု ဦးအုံးကြိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောကိုလည်း ရုံးထုတ်ခဲ့ရာ ရှေ့နေ ဦးခင်မောင်ဦးက အမှုလိုက်ရှေ့နေအဖြစ် ဆောင်ရွက်သည်။

နအဖစစ်အစိုးရဘက်မှ တရားလိုပြသက်သေ (၂၂) ဦးတင်ထားရာ (၂၁) ဦးမှာ အစိုးရ၀န်ထမ်းများဖြစ်ပြီး (၁) ဦးသာ အရပ်သားဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အမှုကို ယနေ့နံနက် (၁၀) နာရီတွင် စတင်တရားစွဲတင်လိုက်ပြီး ညနေ (၂) နာရီခွဲတွင် မနက်ဖြန်သို့ ထပ်မံရုံးချိန်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားစဉ် နိုင်ငံခြားသားတယောက် နေအိမ်အတွင်း ၀င်ရောက်ခဲ့ ခြင်းမှာ အစိုးရ၏လုံခြုံရေးညံ့ဖျင်းမှုကြောင့်ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ တရားစွဲဆို လိုက်သည့် အတွက် ပြည်ပရောက်မြန်မာ့အရေးလှုပ်ရှားနေသူများက မြန်မာသံရုံးများရှေ့တွင် ဆန္ဒပြပွဲများ စတင်ပြုလုပ် နေကြသည်။

ပြည်တွင်း၌လည်း ပြည်သူလူထု (၁,၀၀၀) ကျော်က ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနေသည့် အင်းစိန်ထောင်ရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြပွဲကို စတင်လိုက်ကြပြီဖြစ်သည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ် ဇူလိုင်မှ ၁၉၉၅ ခုနှစ် ဇူလိုင်အထိတကြိမ်၊ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာမှ ၂၀၀၂ ခုနှစ် မေအထိတကြိမ်၊ ၂၀၀၃ ခုနှစ် မေမှ ယခုအချိန်အထိ နအဖစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */