နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး “ဝ” လက်မခံ

Thursday, May 21, 2009 ·

သန်းထိုက်ဦး | အပစ်ခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ် အသွင်ကူးပြောင်းရေး အတွက် နအဖစစ်အစိုးရမှ ကမ်းလှမ်းထားသည်ကို ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အနေဖြင့် လက်မခံနိုင်သည်ကို အကြောင်းပြန်ကြား ထားကြောင်း သိရှိရသည်။

ယင်းသို့ အသွင်ကူးပြောင်းရေး ကိစ္စကိုလက် မခံနိုင်ကြောင်း မကြာသေးခင် ရက်ပိုင်းက စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်ကို အကြောင်း ကြားခဲ့သည်ဟု တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေး လေ့လာနေသည့် ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။

“ဗိုလ်ချုပ်ကြီးရဲမြင့်ကို သူတို့ အကြောင်းပြန်တယ်။ ( ၁ ) အချက် လက်မခံနိုင်ဘူး၊ (၂ ) အချက် လက်ရှိအခြေ အနေကို ထိန်းသိမ်းသွားမယ်၊ (၃) အချက်က တပ်မတော်ကို အသွင်ပြောင်းရေး နအဖက တင်ပြတဲ့ အကြောင်း အရာကို စဉ်းစားဆွေးနွေး သွားမယ်တဲ့”ဟု ဦးအောင်ကျော်ဇောက ဆိုသည်။

အဆိုပါ အကြောင်းပြန်ချက်နှင့် ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က လွန်စွာ စိတ်ဆိုးဒေါ်သထွက်နေသည် ဟုလည်း ၎င်းက ပြောသည်။

ထို့သို့ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ကူးပြောင်းရေးအတွက် အသွင်ကူးပြောင်းရေး မူဝါဒကော်မတီ၊ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီ၊ အသွင်ကူး ပြောင်းရေးတိုင်းအဆင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်း ရန် ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ(UWSP) အပါအ၀င် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၊ ကချင် ဒီမိုကရေစီသစ်တပ်မတော်(NDA-K) ၊ ကိုးကန့်တပ်ဖွဲ့ ၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) (SSA-N) စသည်တို့ကို နအဖ တာဝန်ရှိသူများက လွန်ခဲ့သည် ဧပြီလ ၂၈ ရက်နေ့တွင် တွေ့ဆုံကမ်းလှမ်ခဲ့ခြင်းဖြစ်သည်။

အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး စစ်အစိုးရဘက်မှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဥက္ကဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဥက္ကဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး ( ကြည်း/ရေ/လေ ) အဖွဲ့ဝင်၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ အတွင်းရေးမှူး (၁) ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင် အဖွဲ့ဝင်များ၊ တပ်မတော် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး ပြည်သူ့စစ်နှင့် နယ်ခြား တပ်များ ညွှန်ကြားရေးမှူး ရုံးတွဲဖက် အတွင်းရေးမှူးများ ပါဝင်ဖွဲ့စည်းမည်ဟု သိရသည်။

ယင်းဖွဲ့စည်းပုံတွင် နယ်ခြားစောင့်တပ် တစ်တပ်တွင် အရာရှိ အဆင့် ၁၈ ဦးနှင့် တခြားအဆင့် ၃၀၈ ဦးပါဝင်ကာ အင်အား စုစုပေါင်း (၃၂၆) ဦးတို့ဖြစ်ပြီး အုပ်ချုပ်မှု၊ တပ်ရေး၊ တပ်ထောက် စသည့် အရေးကြီးသည့် နေရာများနှင့် ရုံးတာဝန်များတွင် နအဖ စစ်တပ်မှ အရာရှိ ၃၀ ခန့် ပါဝင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါ တပ်ဖွဲ့များအား တပ်နေရာချထားရေးနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် ညှိနှိုင်းရန်နှင့် နယ်ခြားစောင့် တပ်များအနေဖြင့် ကိုယ့်နယ်မြေ အတွင်း၌သာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၏ ဧပြီလ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် “ငြိမ်းချမ်းရေးတည် ဆောက်မှုအနှစ်(၂ဝ) ပြည့်” အခမ်းအနား၌ UWSA အကြီးအကဲ ဦးပေါက်ယူချန်း၏ မိန့်ခွန်းတွင် မြန်မာ အစိုးရ နှင့် အမြင်မတူသည့် အချက်များကို ညှိနှိုင်းဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။

သို့သော် မြန်မာ့ဒီမိုကရေစီရေးတွင် အငြင်းပွားဖွယ်ဖြစ်နေသော၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ထည့်သွင်း ပြောဆိုခြင်း မရှိကြောင်းလည်းသိရသည်။

ဝ နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များက ဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */