ဒေါ်အောင်ဆန်းစုကြည်အမှု နေ့စဉ်မှတ်တမ်း လက်ခံရရှိ

Thursday, May 21, 2009 ·

ဧရာဝတီ | အင်းစိန်ထောင် သီးသန့် တရားရုံးတွင် ခုံရုံးတင် စစ်ဆေးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်သော နေ့စဉ်မှတ်တမ်းကို ဧရာဝတီမဂ္ဂဇင်းက လက်ခံရရှိထားသည်။

ယခုနေ့စဉ် မှတ်တမ်း၌ ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်ချထားရာ၎င်း၏ နေအိမ်အတွင်းသို့ အင်းလျားကန်မှ တဆင့် ရေကူး ဝင်ရောက်ခဲ့သော မစ္စတာဂျွန် ဝီလျံ ယက်ထောအား မေလ ၃ ရက်နေ့မှ ၅ ရက်နေ့ ညအထိ နေအိမ်အတွင်း နေထိုင်ခွင့်ပြုခြင်း၊ လက်ခံစကားပြောခြင်း၊ အစားအသောက်များ ကျွေးမွေး ခြင်း ပြုခဲ့ပြီး အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့က ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှု အပေါ် အားပေးကူညီခဲ့ သဖြင့် အမှုဖွင့်အရေးယူရန် ဒုတိယရဲမှူးကြီးဇော်မင်းအောင်က တိုင်ကြားထားကြောင်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ဥက္ကဌ၊ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးသောင်းညွန့်နှင့် အဖွဲ့ဝင် ရန်ကုန် အနောက်ပိုင်း ခရိုင် တရားသူကြီး ဦးညီညီစိုးတို့က အင်းစိန်ထောင် တရားရုံးတွင် စစ်ဆေး လျှက် ရှိသည်။

နေ့စဉ်မှတ်တမ်းတွင် ၎င်းအမှုအတွက် ခေါ်ယူစစ်ဆေးမည့် တရားလိုပြသက်သေ ၂၂ ဦးတို့၏ အမည်စာရင်း အပြင် မစ္စတာ ဂျွန် ဝီလျံ ယက်ထောလက်တွင်းမှ သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်း ၆၁ မျိုး၊ ၎င်း တည်းခိုသည့် Beauty Land ဟိုတယ် မန်နေဂျာ ဦးကျော်သူထံမှ သိမ်းယူခဲ့သည့် မစ္စတာယက်ထော၏ ပစ္စည်း ၂၇ မျိုးနှင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်း အတွင်းမှ သိမ်းယူရခဲ့သည့် သက်သေခံ ပစ္စည်း ၁၁ မျိုး တို့၏ စာရင်းများကို ဖော်ပြထားသည်။

အသေးစိတ်ကို သိရှိလိုပါက (ဤနေရာ) တွင် ရယူနိုင်ပါသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */