NEJ | နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်မြို့တိုက်ခေါင်မိုးများပေါ်ရှိ ကြပ်ညှပ်နေသည့် ဂြိုဟ်တုစလောင်းများ အားလုံးနီးပါး ပျက်စီးခဲ့ရာမှ ယခုအခါ နဂိုရှိပြီးသားအရေအတွက်၏ (၈၀) ရာခိုင်နှုန်းခန့် ပြန်လည် တပ်ဆင်ပြီး နေကြောင်း မြို့ခံများက ပြောသည်။
ဂြိုဟ်တုစလောင်းရောင်းချမှုကို တရားမ၀င်ကြောင်း နအဖစစ်အစိုးရက တားမြစ်ထားသော်လည်း ရန်ကုန် ဈေးကွက် အတွင်း ပုံမှန်ရောင်းချမှုများရှိနေပြီး စလောင်းများ ပုံမှန်တပ်ဆင်သူများလည်း ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့တွင် အဓိကတပ်ဆင်ကြသည့် ဂြိုဟ်တုစလောင်းမှာ (၈) ပေစလောင်းခေါ် ဒီဂျစ်တယ်စလောင်းများ ဖြစ်ကြောင်း၊ ထိုစလောင်းဖြင့် ကမ္ဘာတ၀န်းအစိုးရနှင့် ပုဂ္ဂလိကရုပ်သံထုတ်လွှင့်ရေးဌာနများက ထုတ်လွှင့်သည့် ချယ်နယ်ပေါင်း (၂၀၀) ကျော်ကို ကြည့်ရှုနိုင်သည်ဟု ဂြိုဟ်တုစလောင်း လိုက်လံတပ်ဆင်ပြုပြင်သူ တဦးက ပြောသည်။
၎င်းက “ချယ်နယ်တွေများပေမယ့် အဓိကကြည့်ကြတာကတော့ မြန်မာဘာသာနဲ့ထုတ်လွှင့်တဲ့ ဒီဗွီဘီ၊ ဗွီအိုအေ ရုပ်မြင်သံကြားအစီအစဉ်တွေ၊ နောက် အာအက်ဖ်အေ၊ ဘီဘီစီ စတဲ့ ရေဒီယိုအစီအစဉ်တွေနဲ့ ဥရောပဘောလုံး ပွဲစဉ်တွေ ပြလေ့ရှိတဲ့ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်ရုပ်သံလိုင်း၊ အိန္ဒိယ ဖျော်ဖြေရေးရုပ်သံလိုင်း၊ အယ်လ်ဂျာဇီယာ သတင်းဌာနဲ့ စင်ကာပူအခြေစိုက် ချယ်နယ်နယူးအေးရှား စတာတွေပဲ” ဟု ပြောသည်။
နှစ်ပေစလောင်းဟု ခေါ်သော ထိုင်းနိုင်ငံမှ ယူဘီစီစလောင်းများမှာ ကြည့်ရှုခကတ်ဈေးကြီးသောကြောင့် တပ်ဆင်ကြည့်ရှုသူ အလွန်နည်းသွားပြီး ဘောလုံးပွဲဝါသနာပါသူများကမူ စစ်အစိုးရက ခွင့်ပြုထားသည့် ဖင်မလီ အင်တာတိန်းမင့် ကုမ္ပဏီမှ အခပေးစနစ်ဖြင့် ရောင်းချထုတ်လွှင့်ပေးသော ရုပ်သံလိုင်းများကို ပိုမိုကြည့်ရှုလာ ကြောင်း သိရသည်။
နအဖစစ်အစိုးရက ယခင်က နှစ်စဉ်ကြေးယူပြီး ဂြိုဟ်တုစလောင်းများကို မှတ်ပုံတင်ပေးခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ဆန်းပိုင်းကစပြီး မှတ်ပုံတင်ခွင့်ပိတ်ပင်ခဲ့သည်။
သို့သော် ဂြိုဟ်တုစလောင်းဖမ်းစက်နှင့်ပတ်သက်သည့် ပစ္စည်းများအား မည်သည့်အခါကမှ တရားဝင် တင်သွင်းခွင့် မပြုခဲ့ပေ။ တရုတ်နှင့်ထိုင်းနယ်စပ်မှ မှောင်ခိုတင်သွင်းရောင်းဝယ်နေကြခြင်းဖြစ်သည်။
source by : ခေတ်ပြိုင်
ဂြိုဟ်တုစလောင်းများ ပုံမှန်ပြန်ဖြစ်နေ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment