မင်းနိုင်သူ | ရန်ကုန်စည်ပင်သာယာရေးကော်မတီ၏ ဖိအားပေးမှုကြောင့် နာရေးကူညီမှုအသင်းက လုပ်ကိုင် နေသည့် သုခကုသိုလ်ဖြစ်ဆေးခန်းကို သင်္ဃန်းကျွန်းမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ ရွှေ့ပြောင်းပေးရတော့မည်ဖြစ်သည်။
“မြောက်ဒဂုံမှာ အဆောက်အဦတွေ ဆောက်နေပါပြီ။ ပြီးတော့မပြီးသေးဘူးပေါ့။ ဒါပေမယ့် ရန်ကုန်စည်ပင်က
(၃၁-၇-၂၀၀၉) ရက်မှာ အပြီးရွှေ့ပေးရမယ်ဆိုတော့ ဆေးခန်းကို အဓိကထားဆောက်နေရတာပေါ့။ အသင်းရထားတဲ့ မြေကွက်ကလည်း နဂိုက ပလတ်စတစ် အမှိုက်ပုံကြီးဆိုတော့ (၇) ပေလောက်တူးလည်း မြေသားကို မတွေ့ရသေးဘူး။ အဲလိုအခက်အခဲတွေ ဖြစ်နေတာပေါ့” ဟု နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
သုခဆေးခန်းတွင် မျက်စိ၊ အရိုးအကြော၊ သားဖွားမီးယပ်၊ အရေပြား၊ ကလေးအထူးကု စသည့် ဌာနခွဲများရှိရာ နေ့စဉ်လူနာ (၁၀၀) ကျော် လာရောက် ဆေးကုသခံလေ့ရှိသည်။
“လက်ရှိကုသဆဲလူနာတွေလည်း ဟိုဘက်ကိုပြောင်းသွားပြီဆိုရင် လိုက်ကြရတာ အခက်အခဲတော့ ရှိမှာ ပေါ့လေ။ ဒါပေမယ့်လည်း လိုက်ကြလိမ့်မယ်ထင်တယ်လေ။ ကျနော်တို့ဆီမှာ နယ်ကနေလာပြီး ဆေးကု သခံတဲ့ လူနာတွေ တောင် ရှိနေတော့ ဟိုဘက်ရောက်သွားလည်း လူနာအရေအတွက်က ကျဆင်းသွားမယ်လို့ မထင်ဘူး။ နောက် မြောက်ဒဂုံဘက်မှာက ဆင်းရဲချို့တဲ့သူတွေများတော့ သူတို့အတွက် ပိုပြီးအကျိုးရှိမယ်လို့ ကျနော်မြင်တယ်” ဟု ဦးကျော်သူက ပြောသည်။
ပြည်တွင်း စီးပွားရေးကျဆင်းမှုများကြောင့် အလှူငွေရရှိမှု ကျဆင်းနေချိန်တွင် မြောက်ဒဂုံသို့ အသင်းရုံး ပြောင်းရွှေ့လိုက်ရသည့်အတွက် အလှူငွေရရှိမှု ပိုကျနိုင်သည်ဟု ၎င်းက သုံးသပ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း နာရေးကူညီမှုအသင်းပိုင် နိဗ္ဗာန်ယာဉ်များကို ရေဝေးသုသာန်သို့ ရွှေ့ပြောင်းရန် ရန်ကုန်စည်ပင်က ဖိအားပေးခဲ့သည်။
“ကားထားဖို့ ဂိုဒေါင်တော့ ဆောက်ပြီးသွားပြီ။ ကား (၁၅) စီးစာ ဆန့်အောင်တော့ ဆောက်လိုက်ရတာပေါ့။ ကျနော်တို့လိုချင်တဲ့ မြေကွက်အတိုင်းအတာအတိုင်း ပေးတာမဟုတ်ဘူး။ သူတို့ချပေးတဲ့ အတိုင်းအတာအတိုင်း ကျနော်တို့က ဆောက်ရတာ။ ကားတွေအားလုံးလည်း မနက်ဖြန်ရွှေ့ရမယ်” ဟု ဦးကျော်သူက ရှင်းပြသည်။
နာရေးကူညီမှုအသင်းမှ တရက်လျှင် နာရေးကိစ္စပေါင်း (၄၀) နှင့် (၅၀) အကြား လက်ခံဆောင်ရွက်ပေးနေသည်။
နာရေးကူညီမှုအသင်းကို ကွယ်လွန်သူ ဒါရိုက်တာကြီး ဦးသုခ၏ ဦးဆောင်မှုဖြင့် ၂၀၀၁ ခု ဇန်န၀ါရီလအတွင်း ထူထောင်ခဲ့သည်။
အသင်းသား (၂၀၀) ကျော်ရှိကာ အားလုံး စေတနာ့ဝန်ထမ်းများဖြစ်ကြပြီး အသင်းသား (၃၀) ခန့်က နေ့စဉ် နာရေး၊ ကျန်းမာရေးကိစ္စရပ်များကို ဆောင်ရွက်ပေးနေကြသည်။
source by : ခေတ်ပြိုင်
သုခကုသိုလ်ဖြစ်ဆေးခန်းကို ရွှေ့ပြောင်းခိုင်း
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment